ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဝေါလေဒေသတွင် လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး တာ၀န်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများအား ဂုဏ်ပြုချီးမြှင့်ငွေသွားရောက်လှူဒါန်း

မော်လမြိုင်၊ ဇူလှိုင်  ၅

ကရင်ပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ  မြ၀တီမြို့နယ် ဝေါလေဒေသတွင် လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး တာ၀န်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ သိန်း ၂၀ ကျပ်ကို ၄-၇-၂၀၂၂ ရက်နေ့  နံနက်ပိုင်းတွင် သွားရောက်လှူဒါန်းခဲ့ပါသည်။

အလှူငွေကို ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဒေါ်နန်းနီနီအေးမှ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် ထံသို့ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ၊ ခရိုင်၊ မြို့နယ်ပါတီများ အစည်းအဝေးပြုလုပ်

ဇူလိုင် ၄၊ နေပြည်တော်

နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်ထောင်စုနယ်မြေ ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီမှ ပါတီဥက္ကဋ္ဌများ၊ မြို့နယ် (၈)မြို့နယ်မှ ပါတီဥက္ကဋ္ဌများ စုံညီအစည်းအဝေးကို ၄-၇-၂၀၂၂ ရက်နေ့ နံနက် (၀၉၃၀) နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါ သည်။

Read more

UEC အနေဖြင့် တည်ဆဲနိုင်ငံရေးပါတီ ၉၂ ပါတီအနက် ၈၅ ပါတီ စစ်ဆေးပြီးစီးခဲ့သည့်အတွက် စစ်ဆေးရန် ခုနစ်ပါတီသာကျန်ရှိ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)အနေဖြင့် မြန်မာနိုင်ငံတွင် တည်ဆဲနိုင်ငံရေးပါတီ ၉၂ ပါတီအနက် ၈၅ ပါတီစစ်ဆေးပြီး စီးခဲ့သည့်အတွက် စစ်ဆေးရန် ခုနစ်ပါတီသာ ကျန်ရှိတော့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဇူလို်င် ၅ ရက်တွင် ထုတ်ပြန်သည်။

Read more

နေပြည်တော် Wisdom Hill ကျောင်းကို ပိတ်သိမ်းခိုင်းထား

နေပြည်တော်ကောင်စီနယ်မြေက နာမည်ကြီး Wisdom Hill ကိုယ်ပိုင်ကျောင်းကို ပိတ်သိမ်းဖို့ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးက အကြောင်းကြားထားတယ်လို့ Wisdom Hill ကိုယ်ပိုင်ကျောင်းက တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။

Read more

နှစ်လအတွင်း ထိုင်းနိုင်ငံသို့ လုပ်သားတစ်သောင်းနီးပါးစေလွှတ်ခဲ့

ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လမှာ ထိုင်းနိုင်ငံကို မြန်မာMoUလုပ်သား (၉၉၅၈)ယောက်ကို မြဝတီနယ်စပ်ဂိတ်နဲ့ ကော့သောင်းနယ်စပ်ဂိတ်တွေကနေ စေလွှတ်ခဲ့တယ်လို့ ထိုင်းနိုင်ငံ မြန်မာအလုပ်သမားသံအရာရှိရုံးနဲ့ ကော့သောင်းခရိုင် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနတို့ကနေ သိရပါတယ်။

မြဝတီနယ်စပ်ဂိတ်ကနေ မေ(၁၀)ရက်က စတင်စေလွှတ်ခဲ့တာဖြစ်ပြီး နှစ်လအတွင်း ၂၃ ကြိမ်စေလွှတ်ခဲ့တာမှာ လိုင်စင်ရအေဂျင်စီ ၂၅ ခုကနေ ထိုင်းကုမ္ပဏီ ၇၂ ခုကို လုပ်သား ၉၃၂၈ ယောက်စေလွှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ကော့သောင်းနယ်စပ်ဂိတ်ကနေလည်း လုပ်သားအယောက် ၆၃၀ စေလွှတ်ထားပြီးဖြစ်တယ်လို့ ကော့သောင်းခရိုင် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၁၃) ဦး တွေ့ရှိ

(၄-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၅-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၀၅၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၁၃) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၂၆) ရာခိုင်နှုန်း ရှိပါသည်။

Read more

တောင်တရုတ်ပင်လယ် သင်္ဘောပျက်စီးမှုမှ အလောင်း ၁၂ လောင်း တွေ့ရှိ

တောင်တရုတ်ပင်လယ်တွင် မုန်တိုင်းအတွင်း အမှုထမ်း ၃၀ ဦးပျောက်ဆုံးခဲ့သည့် သင်္ဘောပျက်စီးမှု ဖြစ်ခဲ့ပြီးနောက် အလောင်း ၁၂ လောင်းကို တွေ့ရှိခဲ့ရကြောင်း တရုတ်အာဏာပိုင်တွေက ပြောပါတယ်။

Read more

G20 အစည်းအဝေးမတိုင်မီ ဗီယက်နမ်သို့သွားရောက်နေသည့် ရုရှားနိုင်ငံခြားရေးဝန်ကြီး

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာရော့ဗ်သည် လာမည့်အပတ်အတွင်း အင်ဒိုနီးရှား၌ ကျင်းပမည့် G20 အစည်းအဝေးကို မတက်ရောက်မှီဗီယက်နမ်နိုင်ငံသို့ နှစ်ရက်တာ ခရီးစဉ်အဖြစ် ဇူလိုင်လ ၅ ရက်မှ ၇ရက်​နေ့ထိ  လာရောက် လည်ပတ်မည်ဖြစ်ကြောင်း ဗီယက်နမ် အစိုးရက ပြောကြားခဲ့သည်။

လာရော့ဗ်အား ၎င်းတို့နှစ်နိုင်ငံ၏ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး(၁၀) နှစ်မြောက် အထိမ်းအမှတ်အဖြစ် လာရောက်ရန် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး ဗွီတန်ဆွန်း က ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Read more

ဝင်ဘယ်ဒန်ပြိုင်ပွဲကျင်းပရေးကော်မတီဒဏ်ရိုက်ခံရ

ရုရှားနဲ့ ဘီလာရုစ်ပြိုင်ပွဲဝင်တွေကို ပါဝင်ယှဉ်ပြိုင်ခွင့်ပိတ်ပင်ခဲ့တဲ့ ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲကျင်းပရေးအဖွဲ့ကို ကမ္ဘာ့အမျိုးသမီးတင်းနစ်အဖွဲ့ချုပ်က ဒဏ်ရိုက်လိုက်ပါတယ်။ အင်္ဂလန်မြက်ခင်းပြင် တင်းနစ်ကလပ်အဖွဲ့ချုပ် (AELTC)နဲ့ မြက်ခင်းပြင်တင်းနစ်အဖွဲ့ချုပ်(LTA) တို့ကို ကမ္ဘာ့အမျိုးသမီး တင်းနစ်အဖွဲ့ချုပ်က ဒဏ်ရိုက်ခဲ့တာ ဖြစ်ပါတယ်။ ရုရှား-ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ ဘီလာရုစ်နဲ့ ရုရှားတင်းနစ် ကစားသမား တွေ ပါဝင်ယှဉ်ပြိုင်ခွင့်ပိတ်ပင်ခဲ့လို့ အင်္ဂလန်မြက်ခင်းပြင်တင်းနစ်ကလပ် အဖွဲ့ချုပ်ကို ပေါင် ၂ သိန်း ၇ ထောင်၊ မြက်ခင်းပြင်တင်းနစ် အဖွဲ့ချုပ်ကို ပေါင် ၆ သိန်း ၂ သောင်း ဒဏ်ရိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအဖွဲ့ နှစ်ဖွဲ့စလုံး ကတော့ ပြစ်ဒဏ်အပေါ်မကျေတာကြောင့် အယူခံဝင် သွားမယ်လို့ အသီးသီးထုတ်ပြန်ကြေညာထားပါတယ်။  ကမ္ဘာ့အမျိုးသမီးတင်းနစ်အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး စိတ်ပျက်မိတယ်လို့လည်း အင်္ဂလန်မြက်ခင်းပြင် တင်းနစ်ကလပ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဆယ်လီဘော်တန်က တုံ့ပြန်ဝေဖန်သွားခဲ့ပါတယ်။

Read more