ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များမှ ကရင်ပြည်နယ် “ဥကရစ်ထစခန်း” တိုက်ပွဲစဉ်တလျှောက် အစအဆုံးပါဝင်တိုက်ခိုက်ခဲ့သော တိုက်ပွဲဝင်တပ်မတော်သားများနှင့် ရှေ့တန်းရောက်တပ်မတော်သားများအတွက် စားသောက်ဖွယ်ရာပစ္စည်းများလှူဒါန်း

ဇူလိုင် ၆၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များမှ ကရင်ပြည်နယ် “ဥကရစ်ထစခန်း” တိုက်ပွဲစဉ်တလျှောက် အစအဆုံးပါဝင်တိုက်ခိုက်ခဲ့သော တိုက်ပွဲဝင်တပ်မတော်သားများနှင့်  ရှေ့တန်းရောက်တပ်မတော်သားများအတွက် စားသောက်ဖွယ်ရာပစ္စည်းများ စုစုပေါင်းတန်ဘိုးငွေ သိန်း(၂၀၀) ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန်တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာခန်းမတွင် ကျင်းပပြု လုပ်ခဲ့ရာ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ ဌာနချုပ်မှူး ဦးသောင်းရွှေတို့မှ ပေးအပ်လှူဒါန်း၍ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းမှ လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

Read more

တောင်ကိုရီးယားနိုင်ငံသို့ မြန်မာနိုင်ငံသား ၁၃၀ ထပ်မံစေလွှတ်

တောင်ကိုရီးယားနိုင်ငံတွင် ကုန်ထုတ်လုပ်သားအဖြစ် လုပ်ကိုင်မည့် မြန်မာနိုင်ငံသား ၁၃၀ ကို ဇူလိုင် ၅ ရက်တွင် ထပ်မံစေလွှတ်ခဲ့ရာ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။ တောင်ကိုရီးယားနိုင်ငံအစိုးရသည် မြန်မာနိုင်ငံမှ တရား၀င်အလုပ်သမားများအား ပြန်လည် လက်ခံလျက်ရှိရာ ၂၀၂၂ ခုနှစ် ဇူလိုင် ၅ ရက်တွင် ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ် ၁၃၀ တို့သည် ရန်ကုန်မှအင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိခဲ့ရာ မြန်မာသံရုံး ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်းသိရသည်။

Read more

ပြည်ပရောက် မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ်သက်တမ်းကုန်ဆုံးလျှင် မြန်မာနိုင်ငံသို့ ပြန်လည်လျှောက်ထား ရမည် ဆိုသည့်သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

ပြည်ပရောက် မြန်မာနိုင်ငံသားများ အနေဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးလျှင် မြန်မာနိုင်ငံသို့ ပြန်လည်လျှောက်ထားရမည်ဆိုသည့် သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၆ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များ သက်တမ်းကုန်ဆုံးသွားပါက သက်တမ်းတိုးလျှောက်ထားခြင်း လုပ်ငန်းကို မြန်မာနိုင်ငံ၌ ပြန်လည်လျှောက် ထားရမည်ဖြစ်ကြောင်း ဆိုရှယ်မီဒီယာများနှင့် လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါဖော်ပြချက်များမှာ သတင်းမှားများသာဖြစ်ကြောင်း အသိပေးအပ်ပါသည်ဟု ဖော်ပြထားသည်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၁၁) ဦး တွေ့ရှိ

(၅-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၆-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၄၅၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၁၁) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၂၀) ရာခိုင်နှုန်း ရှိပါသည်။

Read more

ဗြိတိန်ဝန်ကြီးချုပ် ဂျွန်ဆင် နိုင်ငံရေးအရ ဆက်လက်ရှင်သန်ရေး ရုန်းကန်နေရ

ဝန်ကြီးအဖွဲ့ဝင်နှစ်ဦးက သူ့ရဲ့ ခေါင်းဆောင်မှုကို တိုက်ခိုက်ပြီး ရာထူးက နုတ်ထွက်သွားပြီးတဲ့နောက်မှာ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က နိုင်ငံရေးဆက်လက်ရှင်သန်ရေး တိုက်ပွဲဝင်နေရပါတယ်။ ဘဏ္ဍာရေးဝန်ကြီး ရီရှီဆူနက်နဲ့ ကျန်းမာရေးဝန်ကြီး ဆာဂျစ်ဂျာဗစ် တို့က တစ်ဦးနဲ့ တစ်ဦး ဆယ်မိနစ်အတွင်းမှာ နုတ်ထွက်ခဲ့ပြီး ဒုတိယဝန်ကြီးနဲ့ လက်ထောက် အများအပြားလည်း နုတ်ထွက်ခဲ့ပါတယ်။

Read more

မြောက်ကိုရီးယားမှ ရန်စလာပါက ပြင်းထန်စွာ တုံ့ပြန်မည်ဟု တောင်ကိုရီးယားသမ္မတယွန်း သတိပေး

ဆိုးလ်၊ ဇူလိုင် ၆

တောင်ကိုရီးယားသည် မြောက်ကိုရီးယား၏ ငါးနှစ်အတွင်း ပထမဆုံးအကြိမ် နျူကလီးယားစမ်းသပ်လာမည်ကို စိုးရိမ်နေပြီး အကယ်၍ မြောက်ကိုရီးယားမှ ရန်စမှုတစ်စုံတစ်ရာရှိလာပါက မဆိုင်းမတွဘဲ ချက်ချင်းပြင်းပြင်း ထန်ထန် လက်တုံ့ပြန်ရန် တောင်ကိုရီယားသမ္မတ ယွန်းဆော့ယိုက ၎င်း၏စစ်တပ်အား အမိန့်ပေးထားကြောင်း သိရသည်။ မေလတွင် အာဏာရလာခဲ့သည့် သမ္မတယွန်းသည် ဇူလိုင်လ ၆ ရက် ဗုဒ္ဓဟူးနေ့တွင် ၎င်း၏ ပထမဆုံးအကြိမ် စစ်ဘက်ဆိုင်ရာ ထိပ်တန်းတပ်မှူးကြီးများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် သဘာပတိအဖြစ် ဦးဆောင်​ဆွေး​နွေးခဲ့သည်။

Read more

စီရော်နယ်ဒို ကြောင့် ငွေကြေးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေတဲ့ မန်ယူ

စီရော်နယ်ဒို အနေနဲ့ အသင်းရဲ့ရာသီကြို ခြေစမ်းပွဲတွေကို လွဲချော်နိုင်ဖို့ ရှိနေတာကြောင့် မန်ယူအသင်းအနေနဲ့ ငွေကြေးဆုံးရှုံးမှုတွေရှိနိုင်တယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ စီရော်နယ်ဒိုဟာ မန်ယူအသင်းရဲ့ ရာသီကြို ခြေစမ်းပွဲ ပိုစတာ မှာ ပါဝင်ခဲ့သူဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ မိသားစုအရေး ကိစ္စကြောင့် အသင်းနဲ့ ပူးပေါင်းနိုင်ခြင်း မရှိသေးသလို အသင်းရဲ့ရာသီကြို ခြေစမ်းပွဲတွေမှာလည်း ပါဝင်နိုင်ဖို့ မရှိဘူးလို့ သိရပါတယ်။ လာမယ့်သောကြာနေ့က စပြီး မန်ယူဟာ ထိုင်း၊သြစတြေးလျနဲ့ နော်ဝေ နိုင်ငံတွေမှာ ခြေစမ်းပွဲတွေ ကစားမှာဖြစ်ပြီး ပွဲစီစဉ်သူတွေဟာ စီရော်နယ်ဒို ပါဝင်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်မှတ်တွေကို ရောင်းချခဲ့တာကြောင့် ပရိသတ်အချို့က သူတို့ငွေကြေးတွေကို ပြန်ရယူဖို့အတွက် အလိုရှိနေတယ်လို့လည်း သိရပါတယ်။

Read more

Snapdragon 8+ Gen 1 နဲ့ 50MP Leica ကင်မရာ ပါတဲ့ Xiaomi 12S Ultra ကို ကြေညာ

Xiaomi က 12S Series ကို ကြေညာလိုက်ပြီး အားလုံးထဲမှာ 12S Ultra က စွမ်းရည် အမြင့်ဆုံး ဖြစ်ပါတယ်။ နောက်ဆုံးထုတ် Snapdragon 8+ Gen 1 Chipset မောင်းနှင်ထားပြီး 12GB LPDDR5 RAM နဲ့ 512GB UFS 3.1 Storage အထိ ရွေးချယ်နိုင်ပါတယ်။ ၆.၇၃ လက်မ LTPO 2.0 AMOLED မျက်နှာပြင် ပါလာပြီး 2K Resolution, 120Hz Refresh Rate နဲ့ 1500 nits Peak Brightness တွေ ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်မှာ Dolby Vision နဲ့ HDR10+ စံနှုန်းတွေ ပါပါတယ်။

Read more

ကျောင်းသုံးဗလာစာအုပ်များ သွားရောက်လှူဒါန်း။

ကျောက်မဲ ဇူလိုင် ၅

ကျောက်မဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလှတင်၊ အတွင်းရေးမှုး ​ဒေါ်နန်းသန်းသန်ဆင့်၊ ဘဏ္ဍာရေးမှူး ဒေါ်ဖြူဖြူမြင့်၊ မြို့နယ်ကော်မတီဝင်ဦးမောင်ညွန့်၊ ဒေါ်ချိုစန္ဒာဦး၊ ဒေါ်ဝတ်ရည်လင်းနှင့် ရုံးအဖွဲ့ဝင်များသည် အ.မ.က (၅) မူလွန်ကျောင်းသို့ ဗလာစာအုပ်(၁၈)ဒါဇင်၊ အဝေရာဝါသဘုန်းတော်ကြီးရှိကျောင်းရှိ စာသင်သံဃာတော် များအား ဗလာစာအုပ်( ၁၇)ဒါဇင် သွားရောက်လှူဒါန်းခဲ့ပါသည်။

Read more