Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၁၂) ဦး တွေ့ရှိ

(၆-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၇-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၉၆၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၁၂) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၂၄) ရာခိုင်နှုန်း ရှိပါသည်။

Read more

စပိန်နွားရိုင်းပွဲတော် ပြန်လည်ကျင်းပ

စပိန်နိုင်ငံ၊ ပန်ပလိုနာမြို့မှာ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ နွားရိုင်းပွဲတော်ကို ဗုဒ္ဓဟူးနေ့က  မီးရှုးမီးပန်းတွေ ပစ်ဖောက်ပြီး စတင်ခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် ၂ နှစ်ကြာရပ်ဆိုင်းထားတဲ့ စပိန်ရိုးရာနွားရိုင်းပွဲကို ပြန်လည်ကျင်းပရာမှာတော့ လူပေါင်းထောင်နဲ့ချီပြီး ပါဝင်ဆင်နွဲခဲ့ကြပါတယ်။

မီးရှုးမီးပန်းဖောက်ပြီးပြီးချင်းမှာပဲ ပွဲတော်ကိုလာရောက်တဲ့ပရိသတ်တွေဟာ တစ်ယောက်နဲ့ တစ်ယောက် အနီရောင်ဝိုင်တွေ ပက်ဖြန်းခဲ့ကြပါတယ်။  နွားရိုင်းပွဲမှာ ပါဝင်သူတွေဟာ အနီရောင်အင်္ကျီ ၊ လက်ကိုင်ပဝါအနီတွေ ဝတ်ဆင်ကိုင်ဆောင်ပြီး မြို့ရဲ့ လမ်းကျဉ်းတစ်လျှောက်မှာ ပြေးလွှားပြီး နွားရိုင်းမောင်းခဲ့ကြပါတယ်။

Read more

နိုင်ဂျီးရီးယားအကျဉ်းထောင် အကြမ်းဖက်တိုက်ခိုက်ခံရပြီး အကျဉ်းသား ၄၀၀ ကျော် လွတ်မြောက်နေ

နိုင်ဂျီးရီးယားနိုင်ငံ၊ အဘူဂျာမြို့တော်မှာရှိတဲ့ အကျဉ်းထောင်ဟာ ယမန်နေ့က အကြမ်းဖက်တိုက်ခိုက်မှုခံခဲ့ရပြီး အကျဉ်းသား ၄၀၀ ကျော် လွတ်မြောက်နေကြောင်း သိရပါတယ်။ ဒီဖြစ်ရပ်မှာ အကျဉ်းသားလေးဦး၊ လုံခြုံရေးအစောင့်တစ်ဦးနဲ့ အကြမ်းဖက်သမားတချို့သေဆုံးခဲ့ပြီး အကျဉ်းသားအမြောက်အမြား ထွက်ပြေး လွတ်မြောက်သွားခဲ့တာဖြစ်ပါတယ်။

Read more

ဗြိတိန်ဝန်ကြီးချုပ်အသစ်အဖြစ် ပထမဆုံးကမ်းလှမ်းသူပေါ်ထွက်

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာပြီးနောက် ကွန်ဆာဗေးတစ်ပါတီအမတ် Tom Tugendhat က ၀န်ကြီးချုပ်ရာထူးအတွက် ကမ်းလှမ်းမှုကို စတင်လိုက်ပြီး၊ မဲဆွယ်စည်းရုံးမှုများကိုပါ စတင်တော့မည်ဖြစ်ကြောင်း သူ၏ပါတီကလည်း ကြေညာလိုက်သည်။ကွန်ဆာဗေးတစ်ပါတီ၏ ခေါင်းဆောင်မှုအတွက် သန့်ရှင်းစွာရပ်တည်လိုကြောင်း သူကဆိုသည်။

“ကျွန်တော်ဟာ စစ်တပ်မှာ အမှုထမ်းခဲ့ပြီးနောက် ပါလီမန်အမတ်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ ခုတော့ဖြင့် ၀န်ကြီးချုပ်နေရာကနေ တာဝန်ထမ်းဆောင်ဖို့ မျှော်လင့်နေမိပါတယ်”ဟု တွမ်က ဇူလိုင် ၇ ရက်ညပိုင်း၌ပြောခဲ့သည်။

Read more

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး သေနတ်ပစ်ခံရသဖြင့် ဆေးရုံတင်ကုသနေ

ဂျပန်ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေးသည် ယနေ့ ဇူလိုင် ၈ ရက်နံနက်ပိုင်းက ဂျပန်နိုင်ငံ အနောက်ပိုင်း၊ နာရာမြို့တွင် မဲဆွယ်စည်းရုံးရေးဆိုင်ရာ ဟောပြောပွဲတစ်ခုပြုလုပ်နေဉ် သေနတ်ဖြင့်ပစ်ခံရသဖြင့် ဆေးရုံသို့ တင်ပို့ကုသလျှက်ရှိကြောင်း ဂျပန်သတင်းဌာနများကရေးသားထားကြသည်။

ရှင်ဇိုအာဘေး ဟောပြောနေစဉ် သေနတ်သံကဲ့သို့သော အသံများကြားလိုက်ရပြီးနောက် လဲကျကာ လည်ပင်းမှ သွေးများထွက်နေကြောင်း သူ၏ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီမှ သတင်းရင်းမြစ်တစ်ဦးကပြောသည်။

သေနတ်သံ ၃ ချက်ကြားလိုက်ရပြီးနောက် ထိုသို့လဲကျသွားခြင်းဖြစ်ကြောင်း မျက်မြင်သက်သေတစ်ဦးကဆိုသည်။

Read more

အင်္ဂလန်အမျိုးသမီးအသင်းရဲ့ ယူရိုအဖွင့်ပွဲကို ပရိသတ် စံချိန်တင် ကြည့်ရှုအားပေးခဲ့

ယမန်နေ့က ဩစတြီးယားကိုအနိုင်ရခဲ့တဲ့ အင်္ဂလန်အမျိုးသမီးအသင်းရဲ့ ယူရို ၂၀၂၂ အဖွင့်ပွဲမှာ ပရိသတ်ဦးရေ စံချိန်တင်အများဆုံး လာရောက်အားပေးခဲ့တယ်လို့ သိရပါတယ်။ အင်္ဂလန်က မန်ယူအသင်းရဲ့ အိုးထရက်ဖို့ဒ် ကွင်းကြီးထဲမှာ လက်ခံကျင်းပတဲ့အဆိုပါပွဲစဉ်မှာ အိမ်ရှင် အင်္ဂလန် အမျိုးသမီး အသင်းက ဩစတြီးယား အမျိုးသမီးအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ အဆိုပါပွဲမှာ ကွင်းတွင်းလာရောက်အားပေးသူပရိသတ် ၆၈၈၇၁ ဦး အထိရှိခဲ့ပါတယ်။ ဒီပမာဏဟာ အမျိုးသမီး ယူရိုပြိုင်ပွဲသမိုင်းတလျှောက်မှာ ပရိသတ်ဝင်ရောက်မှု အများဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ယခင်စံချိန်ဟောင်းကတော့ ၂၀၁၃ ခုနှစ်က နော်ဝေကိုအနိုင်ရတဲ့ ဂျာမနီအမျိုးသမီးအသင်းရဲ့ ယူရို ဗိုလ်လုပွဲဖြစ်ပြီး ပရိသတ် ၄၁၃၀၁ ဦး ကြည့်ရှုအားပေးခဲ့ပါတယ်။

Read more

ချဲလ်ဆီးအသင်းနှင့် စတာလင်း သဘောတူညီမှုရရှိထား

မန်စီးတီးတောင်ပံကစားသမား စတာလင်းဟာ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ကစားဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် စတာလင်းဟာ မန်စီးတီးအသင်းနဲ့ စာချုပ် သက်တမ်း ၁ နှစ်ကျန်ရှိနေပေမယ့် သူ့ကို အခြားထိပ်တန်းလိဂ်က အသင်းတွေကပါ ခေါ်ယူဖို့ စိတ်ဝင်စား နေကြတာပါ။  ၂၀၁၅ ခုနှစ်က လီဗာပူးကနေ ပြောင်းရွှေ့ကြေး ပေါင် ၄၉ သန်းနဲ့ ပြောင်းရွှေ့ လာခဲ့တဲ့ စတာလင်းဟာ မန်စီးတီးအသင်းအတွက် ပွဲပေါင်း ၃၃၉ ပွဲကစားထားပြီး ၁၃၁ ဂိုး သွင်းယူထား သူဖြစ်ပါတယ်။

Read more

မန်ယူ-လီဗာပူး ပွဲလက်မှတ်စျေးကြီးသဖြင့် ထိုင်းရုပ်ရှင်ရုံများတွင် ကြည့်မည့်သူများလာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပမယ့် မန်ယူနဲ့ လီဗာပူး ပွဲလက်မှတ်စျေးနူန်းကြီးမြင့်မားမှုကြောင့် ရုပ်ရှင်ရုံတွေကနေပဲ ကြည့်မယ့်သူ ဦးရေများလာပါတယ်။

The Match : Bangkok Century Cup လို့ အမည် ပေးထားတဲ့ မန်ယူနဲ့ လစ်ဗာပူးအသင်းတို့ရဲ့ ပွဲစဉ်ကို လာမယ့် ဇူလိုင် ၁၂ ရက်မှာ ဘန်ကောက်မြို့ရှိ ရာဇမင်္ဂလာကွင်းမှာကျင်းပသွားမှာပါ။

Read more

ရုရှား ဈေးကွက်ရဲ့ ၉၀ ရာခိုင်နှုန်းကို တရုတ် Brand တွေ သိမ်းပိုက်နိုင်တော့မည်

ကမ္ဘာ့ အကြီးမားဆုံး နိုင်ငံဖြစ်တဲ့ ရုရှားရဲ့ ဖုန်း၊ တက်ဘလက်နဲ့ အီလက်ထရောနစ် ဈေးကွက်ဟာ အကြီးမားဆုံး ပြောင်းလဲတော့မှာပါ။ ဘာလို့လည်း ဆိုတော့ Apple, Samsung, DJI , Ericsson တို့လို အနောက်နိုင်ငံက Brand တွေဟာ ရုရှားကို စွန့်ခွာသွားလို့ ဖြစ်ပါတယ်။ အဲဒီအတွက် ကျွမ်းကျင်သူတွေက ရုရှား ဈေးကွက်ရဲ့ ၉၀ ရာခိုင်နှုန်းကို တရုတ် Brand တွေ သိမ်းပိုက်တော့မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

Read more

အင်ဒိုနီးရှား G-20 အစည်းအဝေးများတွင်လျှပ်စစ်ကား EV များကိုကြော်ငြာ

ဂျပန်ကားထုတ်လုပ်သည့်တိုယိုတာနှင့် နစ်ဆန်းတို့ကပြိုင်ဘက်များဖြစ်သည့် တောင်ကိုရီးယားနှင့် တရုတ်ကို အမီလိုက်နိုင်ရန် ရည်မှန်းပြီး လျှပ်စစ်ကားများထုတ်လျက်ရှိသည်။

အင်ဒိုနီးရှားတွင်ကျင်းပ​နေသည့် Group of Twenty အစည်းအဝေးကို လက်ခံကျင်းပသည့်အချိန်နှင့် တိုက်ဆိုင်ကာ တိုယိုတာမော်တာနှင့် နစ်ဆန်းမော်တာ အပါအဝင် ဂျပန်ကားထုတ်လုပ်သူငါးဦးသည် ယခုလအတွင်း ဘာလီတွင် ၎င်းတို့၏ လျှပ်စစ်ကားများကို သရုပ်ပြခြင်းများပြုလုပ်သွားမည်ဖြစ်သည်။

Read more