အီလီနာ ရီဘာကီနာ က ဝင်ဘယ်ဒန်မှာ ဗိုလ်စွဲ

လန်ဒန်မြို့မှာ ကျင်းပနေတဲ့ ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသမီး တစ်ဦးချင်း ဗိုလ်လုပွဲမှာ ကာဇက်စတန် နိုင်ငံက တင်းနစ်မယ် အီလီနာ ရီဘီကီနာ က တူနီးရှားမှ ဂျာဘီယာကို နောက်ကနေ လိုက်ကစားပြီး အနိုင်ယူဗိုလ်စွဲသွားခဲ့ပါတယ်။

Read more

Wimbledon ခ်န္ပီယံဆု Djokovic သတၱမအႀကိမ္ ဆြတ္ခူး

တနင်္ဂနွေနေ့က ကျင်းပတဲ့ Wimbledon တင်းနစ် အမျိုးသားတဦးချင်းဖိုင်နယ်မှာ ဆားဗီးယားနိုင်ငံသား Novak Djokovic (ဂျိုကိုးဗစ်ချ်)က သြစတြေးလျနိုင်ငံသား Nick Kyrgios(ကီးရီး အော့်စ်)ကို ၄-၆, ၆-၃, ၆-၄, ၇-၆ နဲ့ အနိုင်ရသွားပြီး Wimbledon ချန်ပီယံဆုကို သတ္တမကြိမ်မြောက် ဆွတ်ခူးသွားပါတယ်။ အသက် ၃၅ နှစ် ရှိပြီဖြစ်တဲ့ Djokovic က ဒီ Wimbledon ပြိုင်ပွဲမှာ ၄ နှစ်ဆက်တိုက် ရှုံးပွဲမရှိပဲ (၂၈)ပွဲလုံး အနိုင်ရခဲ့တာပါ။

Read more

ဒူဘိုင်းက Software Engineer တွေဟာ ကမ္ဘာမှာ တတိယ လစာ အများဆုံးဖြစ်နေ

ဒူဘိုင်းက နည်းပညာ နယ်ပယ်မှာ အလုပ်လုပ်နေသူတွေဟာ ကမ္ဘာမှာ တတိယ လစာ အများဆုံးရနေတယ်လို့ စစ်တမ်းတစ်ခုက ဖော်ပြထားပါတယ်။ အနည်းဆုံး လုပ်သက် ၃ နှစ်ရှိတဲ့ ဒူဘိုင်းက Software Engineer တွေဟာ လန်ဒန်၊ အမ်စတာဒမ်နဲ့ ဘာလင်က Software Engineer တွေထက် ဝင်ငွေ ၃၀ ရာခိုင်နှုန်း ပိုများပါတယ်။

Read more


ဗန်းမော် ဇူလိုင် ၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင်  ပြည်နယ်အရံကော်မတီဝင် (ဗန်းမော်မြို့)တာဝန်ခံ၊ မြို့နယ်ပါတီဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ မြို့နယ်ကော်မတီဝင်များ၊ မြို့နယ်ရုံးအဖွဲ့မှူးနှင့် ရုံးဝန်ထမ်းများ ပါဝင်၍ လုပ်ငန်းညှိနှိုင်းအစည်း အဝေးပြုလုပ်ခဲ့ပါသည်။


Read more

လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

လားရှိုး ဇူလိုင် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့၊ လားရှိုးခရိုင် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ခရိုင်ပါတီရုံးတွင် ကျင်းပခဲ့သည်။ ပါတီလုပ်ငန်းစဉ်များနှင့်ပက်သက်၍ ခရိုင်ပါတီဥက္ကဋ္ဌဦးတန်ဂွန်း၊ အတွင်းရေးမှူး ဦးသန်းစိုး၊ ဘဏ္ဍာရေးမှူး ဦးခင်အောင်ဆွေတို့က ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

 


Read more

ပြည်ပသို့မြေပဲနှင့်နှမ်း ပြန်လည်တင်ပို့ခွင့်ပြု

လယ်ယာထွက်ကုန်ပစ္စည်းများထဲမှ မြေပဲနှင့်နှမ်းတင်ပို့မှုကို ဇူလိုင် ၅ ရက်မှစတင်ကာ ပြန်လည်တင်ပို့ခွင့်ပြုကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်။

ထို့ပြင် ပြည်တွင်းဆီထွက်သီးနှံနှင့်စားသုံးဆီများ ပြည်ပသို့ပြန်လည်တင်ပို့ခွင့်ပြုသွားမည်ဖြစ်ပြီး ပို့ကုန်ဈေးနှုန်း သတ်မှတ်သည့် နှုန်းထားများကို ပင်လယ်ရေကြောင်းကုန်သွယ်မှုသတ်မှတ်သည့် နှုန်းထားနှင့် တစ်ပြေးညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ရေကြောင်းမှတစ်ဆင့် ဆီထွက်သီးနှံတင်ပို့ရာတွင် အမေရိကန်ဒေါ်လာဖြင့်ရောင်းချရပြီး တရုတ်နှင့်ထိုင်းနယ်စပ်တွင် ဘတ်နှင့်ယွမ်များဖြင့်သာ ငွေပေးချေရကြောင်းသိရသည်။

Read more

UEC ဥက္ကဋ္ဌဟောင်းအပါအဝင် ၃ ဦးကို ထောင်ဒဏ်များချမှတ်

အရင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်း ဦးလှသိန်းနဲ့ ကော်မရှင်အဖွဲ့ဝင်၂ ယောက်ကို ဇူလိုင် ၇ ရက်မှာ နေပြည်တော်ထောင်တွင်းတရားရုံးက ထောင်ဒဏ်တွေချမှတ်လိုက်တယ်လို့ သိရပါတယ်။ UECဥက္ကဋ္ဌ ဟောင်း ဦးလှသိန်း၊ ကော်မရှင်အဖွဲ့ဝင်ဟောင်းတွေဖြစ်တဲ့ ဦးမြင့်နိုင်နဲ့ ဦးသန်းဌေးတို့ကို ထောင်ဒဏ် ၃နှစ်စီ ချမှတ်လိုက်တာပါ။ ဦးလှသိန်း၊ ဦးမြင့်နိုင်နဲ့ ဦးသန်းဌေးတို့ဟာ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀(က)နဲ့ အမှုဖွင့် အရေးယူခံခဲ့ရတာဖြစ်ပါတယ်။

Read more

ယနေ့စက်သုံးဆီဈေးနှုန်း နှစ်ထောင်ကျပ်အောက်ပြန်ကျ

အချိန်ကာလနှစ်လကျော်ကြာမြင့်တက်ခဲ့သည့် စက်သုံးဆီဈေးနှုန်းများမှာ ဇူလိုင် ၇ ရက်တွင် တစ်လီတာ နှစ်ထောင်ကျပ်အောက်သို့ ပြန်လည်ကျဆင်းခဲ့ကြောင်း စက်သုံးဆီစျေးကွက်အတွင်းမှသိရသည်။

ရန်ကုန်စက်သုံးဆီဈေးနှုန်းများမှာ ယမန်နေ့(ဇူလိုင် ၆ ရက်) တွင် ၉၂ တစ်လီတာလျှင် ၂၀၇၀ ကျပ်မှ ယနေ့တွင် ၁၈၃၅ ကျပ်သို့လည်းကောင်း၊ ၉၅ တစ်လီတာဈေး ၂၁၉၅ ကျပ်မှ ၁၉၅၅ ကျပ်သို့လည်းကောင်း၊ ဒီဇယ် တစ်လီတာ လျှင် ၂၃၈၀ ကျပ်မှ ၂၁၉၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၄၁၀ ကျပ်မှ ၂၂၂၅ ကျပ်အထိ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Read more

၂၇၈၉ ဒသမ ၂၅ ကာရက်ရှိ ပတ္တမြားကြီးအား တပ်မတော်မှ နိုင်ငံတော်သို့လှူဒါန်း

တပ်မတော်သို့ လှူဒါန်းထားသည့် ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိ နိုင်ငံတော်ပတ္တမြား(နစက)အဖြစ် ဂုဏ်ပြုခေါ်ဝေါ်သည့် ပတ္တမြားကြီးအား ဇူလိုင် ၇ ရက်တွင် နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၌ နိုင်ငံတော်သို့ တပ်မတော်မှလှူဒါန်းခဲ့သည်။

 မကြာမီက နိုင်ငံတော်နှင့်တပ်မတော်အားချစ်မြတ်နိုးသည့် လူငယ်တစ်ဦးက ၎င်း၏ မိဘဘိုးဘွားများလက်ထက်က ထိန်းသိမ်းထားသည့် ပတ္တမြားကြီးအား တပ်မတော်သို့ လှူဒါန်းရန်အတွက် ကမ်းလှမ်းလာခဲ့သည်ဟု နစက ဥက္ကဋ္ဌမှပြောသည်။

Read more