မိတ္ထီလာခရိုင်နှင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီများမှ ဝါဆိုသင်္ကန်းလှူပူဇော်ပွဲသို့ ဗဟိုအလုပ်အမှုဆောင်များ တက်ရောက် ပူဇော်

မိတ္ထီလာ ဇူလိုင် ၁၀

 မန္တလေးတိုင်ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ   မိတ္ထီလာခရိုင်ပါတီနှင့် မြို့နယ်ပါတီတို့၏ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို ယမန်နေ့ နေ့လည် (၃)နာရီအချိန်တွင် မိတ္ထီလာခရိုင် ပါတီရုံး၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် မိတ္ထီလာမြို့၌ သီတင်းသုံးဝါဆိုတော်မူကြမည့် ကျောင်းတိုက်ကြီး (၁၁) ခုမှ ဆရာတော် (၁၁)ပါး အား ဝါဆိုသင်္ကန်းများ ကပ်လှူပူဇော်ပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှအတန်းများ ပေးဝေခဲ့ကြပါသည်။

Read more

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးပါတီကော်မတီဝင်များ တာဝန် ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသမီးပါတီကော်မတီဝင်များတာဝန်ပေးအပ်ပွဲကို (၈-၇-၂၀၂၂) ရက်နေ့ နံနက်(၁၁)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင်တက်ရောက်လာသူများမှ တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာ ဒေါ်စန်းစန်းနွယ်က အမျိုးသမီးရေးရာကော်မတီ၏ လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပါတီဗဟိုအလုပ်အမှုဆောင်တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးမှကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်ဒေါ်ခင်ရွှေမြင့်က ပါတီဝင်အမျိုးသမီးများဆက်လက်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

Read more

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၂၀၂၂-ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့ကြသည့် တိုင်း/ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ၏ သားသမီးများအားဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မန္တလေးတိုင်းဒေသကြီးမှ ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့ကြသည့် တိုင်း/ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ၏ သားသမီးများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၈-၇-၂၀၂၂ ရက်နေ့ နံနက်(၉:၃၀)အချိန်တွင် မန္တလေးတိုင်းဒေသကြီးပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကို နိုင်ငံတော်အလံအလေးပြုကာ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး အကြမ်းဖက် တိုက်ခိုက်မှုများ ကြောင့် သေဆုံးခဲ့ရသည့် ပါတီဝင်များ၊ ပါတီမိသားစုများ၊ ဝန်းရံသူများအား သတိရအောက်မေ့သည့်အနေဖြင့် ၂ မိနစ် ငြိမ်သက်ခဲ့သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဋ္ဌေး ဂျပန်နိုင်ငံ Liberal Democratic Party(LDP) ပါတီ ဥက္ကဋ္ဌ H. E. Mr. Fumio Kishida ထံသို့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း မစ္စတာ ရှင်ဇိုအာဘေး သေဆုံးမှုနှင့် ပတ်သက်၍ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

 


Read more

ပုသိမ်တွင် ကန်ဒေါ်လာနှစ်သန်းကျော် ရင်းနှီးမြှုပ်နှံထားသည့် ပြည်ပတင်ပို့မည့် အထည်ချုပ်စက်ရုံသစ် လည်ပတ်မှု စတင်

ဧရာ၀တီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ စက်မှုမြို့တော်တွင် အမေရိကန်ဒေါ်လာ သန်း ၂ ဒသမ ၇၇၀ ရင်းနှီးမြှုပ်နှံ ထားသည့် Shuang Xi (Pathein) Garment Co., Ltd. အထည်ချုပ်စက်ရုံ စတင်စမ်းသပ် လည်ပတ်နေပြီ ဖြစ်ကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက သိရသည်။

Read more

နေပြည်တော်နှင့်ရှမ်းပြည်နယ်အတွင်း ရဟတ် ယာဉ်ဖြင့် သစ်စေ့မြေလုံးများကြဲချ

နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့အတွင်းရှိ သစ်တောပြုန်းတီးနေရာ ၅ နေရာအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့်ကာကွယ်ရေးဝန်ကြီးဌာနတို့ ညှိနှိုင်း၍ ဇူလိုင် ၁၀ နံနက်ပိုင်းတွင် ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးများ ကြဲချခဲ့ကြသည်။

ထိုသို့ ကြဲချရာတွင် တပ်ကုန်းမြို့နယ်၊ဆင်သေချောင်း၊ရေဝေရေလဲဧရိယာအတွင်းရှိ အထက်ဆင်သေကြိုးဝိုင်း၏ နေရာ ၃ နေရာ(ဧရိယာ ၈၈ ဒသမ ၉၆ ဧက)တွင် ဒေသနှင့်ကိုက်ညီသည့် သစ်ပင်အမျိုးအစား ၈ မျိုးအား ကြဲချခဲ့သည်။

Read more

ထိုင်းကို မြန်မာလုပ်သားတစ်သောင်းကျော် စေလွှတ်ထား

ထိုင်းနိုင်ငံကို ပြီးခဲ့တဲ့ နှစ်လအတွင်း MoU စနစ်နဲ့ မြန်မာအလုပ်သမား တစ်သောင်းကျော် စေလွှတ်ခဲ့တယ်လို့ အလုပ်သမားဝန်ကြီးဌာနကနေ သိရပါတယ်။

အခုနှစ် မေလ နဲ့ ဇွန်လ နှစ်လတာအတွင်း ထိုင်နိုင်ငံကို သွားရောက် လုပ်ကိုင် မယ့် အမျိုးသား (၆၀၀၀) ကျော် နဲ့ အမျိုးသမီး (၄၀၀၀) ကျော် စုစုပေါင်း တစ်သောင်းကျော်ကို စေလွှတ် ထားတယ်လို့ ထုတ်ပြန်ချက် အရသိရပါတယ်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၉) ဦး တွေ့ရှိ

(၉-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၀-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၃၅၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၉) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၂၁) ရာခိုင်နှုန်း ရှိပါသည်။

Read more

မြောက်ကိုရီးယား လက်နက်စမ်းသပ်မှု တောင်ကိုရီးယားထောက်လှမ်း

အမေရိကန်ပြည်ထောင်စုက တောင်ကိုရီးယားနိုင်ငံကို အဆင့်မြင့်ဂျက်တိုက်လေယာဉ်တွေ ပေးပို့လိုက်ပြီး ရက်ပိုင်းအကြာမှာပဲ မြောက်ကိုရီးယားနိုင်ငံက တနင်္ဂနွေနေ့မှာ လက်နက်ကြီးတွေပစ်ခတ်ပြီး စစ်ရေးလေ့ကျင့်ခဲ့ပုံ ရတယ်လို့ တောင်ကိုရီးယားကပြောပါတယ်။ နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်ဖို့အတွက် အမေရိကန်က တောင်ကိုရီးယားကို ဂျက်တိုက်လေယာဉ်တွေ ပေးပို့ခဲ့တာပါ။ မြောက်ကိုရီးယားဖက်က ပစ်လွှတ်ခဲ့တယ်လို့ ယူဆရတဲ့ လက်နက်သွားရာလမ်းကြောင်းအတော်များများ တနင်္ဂနွေနေ့ခင်းပိုင်းမှာ ထောက်လှမ်းမိခဲ့တယ်လို့ တောင်ကိုရီးယားပူးတွဲစစ်ဦးစီးများအဖွဲ့ချုပ်အကြီးအကဲရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Read more

သီရိလင်္ကာသမ္မတ ဇူလိုင် ၁၃ တွင်နှုတ်ထွက်မည်ဟုကျေညာ

သီရိလင်္ကာသမ္မတ Gotabaya Rajapaksa သည် လာမည့်သီတင်းပတ်တွင် ရာထူးမှ နုတ်ထွက်ရန် သဘောတူခဲ့ကြောင်း လွှတ်တော်ဥက္ကဋ္ဌ Mahinda Abeywardana က ပြောကြားခဲ့သည်။၎င်းသည် ဒေါသထွက်နေသော ဆန္ဒပြလူအုပ်ကြီးလက် မှလွတ်မြောက်ရန် ဇူလိုင် ၉ ရက် တွင် ၎င်း၏အစိုးရနေအိမ်‌တော် မှ ထွက်ခွာလာကာ လုံခြုံသည့်နေရာတွင်ရှိနေသည်ဟုသိရှိရသည်။

Read more