ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီ နှင့် ရပ်/ကျေး ပါတီဥက္ကဌများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်ပါတီရုံးခန်းမ၌ ၁၁ .၇.၂၀၂၂ ရက်နေ့ နံနက် (၀၉:၄၅) နာရီအချိန်တွင်ကျင်းပပြုလုပ်ပါသည်။

အဆိုပါအခမ်းအနားအား တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဒေါ်ခင်စောမူ က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ တိုင်းပါတီကော်မတီဝင် ဒေါက်တာထိန်ဝင်းက လူငယ်ရေးရာ နဲ့ခေါတ်ပညာတတ်လူငယ်များ ပိုမိုစိတ်ပါဝင်စားပါဝင်စေရန် ပါတီတွင်းစည်းလုံးညီညွှတ်ကြစေရန် တိုက်တွန်းပြောခြင်းနှင့် တိုင်းပါတီကော်မတီဝင် ဦးသန်းထွန်းက ပါတီစည်းရုံးရေးဆိုင်ရာများပြောကြားပြီး ပုသိမ်ခရိုင်ပါတီဥက္ကဌ ဦးစိုးဝင်းက အမှာစကား ပြောကြားပါသည်။

Read more

ရည်ညွှန်းဈေးထက် ပိုရောင်းသည့် စက်သုံးဆီအရောင်းဆိုင် ၈၂ ဆိုင်ကို အရေးယူ

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် သတ်မှတ်ရည်ညွှန်း ဈေးနှုန်းထက် ပိုမိုရောင်းချခဲ့ကြောင်း စိစစ်ပေါ်ပေါက်ခဲ့သည့် စက်သုံးဆီအရောင်းဆိုင် ၈၂ ဆိုင်ကို ဥပဒေနှင့်အညီ အရောင်းဆိုင်အဆင့်အလိုက် ဒဏ်ကြေးငွေတပ်ရိုက်၍ အရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ စက်သုံးဆီ အရောင်းဆိုင်များအနေဖြင့် အစိုးရက သတ်မှတ်ထား သည့် ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ၊ မရှိစစ်ဆေးကြပ်မတ်ရန် အစီအစဉ် ရှိ၊ မရှိနှင့် အစိုးရသတ်မှတ်ဈေးနှုန်း အတိုင်း ရောင်းချခြင်းမရှိသော စက်သုံးဆီအရောင်းဆိုင်များကို အရေးယူရန် အစီအစဉ်ရှိ၊ မရှိ သတင်းထောက် တစ်ဦး၏ မေးမြန်းမှုအပေါ်ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

Read more

ပြည်ပပြန် မြန်မာနိုင်ငံသား(၆)ဦးတွင် အိုမီခရွန်ဗီဇပြောင်းရောဂါပိုးတွေ့ရှိ

အိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.4 နဲ့ BA.5 ကို ပြည်ပပြန်မြန်မာနိုင်ငံသား(၆)ဦး မှာတွေ့ရှိထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင်လ(၁၂)ရက်နေ့မနက်ပိုင်း မှာသတင်းထုတ်ပြန်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနဟာ “ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇ ပြောင်းရောဂါပိုး စောင့်ကြပ် ကြည့်ရှုတဲ့လုပ်ငန်းတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံကို ပြည်ပနိုင်ငံတွေ နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ် (Commercial Flight)နဲ့ကယ်ဆယ်ရေးလေယာဉ် (Relief Flight)တွေနဲ့လည်းကောင်း၊ နယ်စပ်ဝင်ထွက်ဂိတ်တွေက တစ်ဆင့်လည်းကောင်း ဝင်ရောက်လာသူတွေဆီက ဓာတ်ခွဲနမူနာရယူပြီး ဓာတ်ခွဲစစ်ဆေးလျက်ရှိကာ Omicron (အိုမီခရွန်) အပါအဝင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီ ဇပြောင်းရောဂါပိုး တွေ့ရှိမှုတွေနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နဲ့ တစ်ပြေးညီ သတင်းထုတ်ပြန် ပေးနေတယ်လို့ဆိုပါတယ်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၉) ဦး တွေ့ရှိ

(၁၁-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၂-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၅၇၁) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၉) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၂) ရာခိုင်နှုန်း ရှိပါသည်။

Read more

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်ဦးကို တွေ့ရိိှခဲ့ပြီးနောက် တရုတ်အာဏာပိုင်များက လူဦးရေ ၃၂၀၀၀၀ နေထိုင်ရာ ဝူကောင်းမြို့ကို လော့ဒေါင်းချ

တရုတ်အစိုးရ၏ တင်းကျပ်သော ကိုဗစ်ကင်းစင်မဟာဗျူဟာသည်လျော့ပါးသွားခြင်းမရှိသေးကြောင်း လက္ခဏာအဖြစ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတစ်ဦးကို တွေ့ရှိခဲ့ပြီးနောက် လူဦးရေသုံးသိန်းကျော် နေထိုင်သည့် မြို့ငယ်တစ်မြို့ကို ဇူလိုင် ၁၂ ရက်တွင် အာဏာပိုင်များက လော့ဒေါင်းချခဲ့သည်။

တရုတ်နိုင်ငံသည် ကိုဗစ်ကင်စင်မူဝါဒကို စွဲစွဲမြဲမြဲကျင့်သုံးလျက်ရှိသည့် နောက်ဆုံးစီးပွားရေး အင်အားကြီး နိုင်ငံဖြစ်သည်။ ပြည်သူတို့၏ စိတ်ပျက်ငြီးငွေ့မှုမြင့်တက်နေကာ စီးပွားရေးကို ထိခိုက်မှုဖြစ်ပေါ်စေသော်လည်း ကူးစက်မှုအသစ်များကို တွေ့ရှိသည်နှင့်တစ်ပြိုင်တည်း ရုတ်တရက် လော့ဒေါင်းချခြင်း၊ ကွာရန်တင်းဝင်စေခြင်း၊ ကြီးလေးသည့် ခရီးသွားလာရေးကန့်သတ်ချက်များချမှတ်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။

Read more

ယူကရိန်းနိုင်ငံသားများကို ရုရှားနိုင်ငံသားအဖြစ် ခွင့်ပြုမိန့် သမ္မတပူတင်လက်မှတ်ရေးထိုး

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် တနင်္လာနေ့ (ဇူလိုင် ၁၁ ရက်) တွင် ယူကရိန်းနိုင်ငံသားအားလုံးကို ရုရှားနိုင်ငံသားအဖြစ်ခံယူခွင့်ပြုသည့်အမိန့်ကို လက်မှတ်ရေးထိုးခဲ့သည်။

မကြာသေးမီကာလများက ယူကရိန်းနိုင်ငံ Donetsk နှင့် Luhansk ဒေသများတွင် နေထိုင်သူများနှင့် တောင်ပိုင်း Zaporizhzhia နှင့် Kherson ဒေသများတွင် နေထိုင်သူများသာ ယခုအစီအစဉ်၏ ပထမအသုတ်အဖြစ် အကျုံးဝင်ခဲ့သည်။ သို့သော်ယခုအခါ ပူတင်၏အမိန့်သည် ယူကရိန်းနိုင်ငံသားအားလုံးအတွက် အကျုံးဝင်ခဲ့ပြီး ဖြစ်သည်။ ယခုအခြေအနေနှင့် ပတ်သက်၍မူ ယူကရိန်းအရာရှိများထံမှ တုံ့ပြန်မှု တစ်စုံတစ်ရာ မရရှိသေးပေ။

Read more

ONE ဝယ်လ်တာဝိတ်တန်း လက်ရှိချန်ပီယံ အဘာဆော့ဗ်က မြန်မာ MMA ကစားသမား အောင်လအန်ဆန်နှင့် ထိုးသတ်လိုကြောင်း စိန်ခေါ်

ONE Championship အဖွဲ့အစည်းက ကျင်းပနေသည့် MMA ပြိုင်ပွဲများ၏ ဝယ်လ်တာဝိတ်တန်း လက်ရှိချန်ပီယံ ဖြစ်သူ ကာဂျစ္စတန်ဖိုက်တာ အဘာဆော့ဗ်က မြန်မာ MMA ကစားသမား အောင်လအန်ဆန်နှင့် ယှဉ်ပြိုင်ထိုးသတ် လိုကြောင်း ၎င်း၏ Instagram မှတစ်ဆင့် စိန်ခေါ်ပြောဆိုခဲ့သည်။

Read more

ရာသီကြို ခြေစမ်းပွဲ မှာ လီဗာပူးကို ဂိုးပြတ်အနိုင်ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်

လီဗာပူး ဟာ အရန်လူတွေ ၊ လူငယ်ကစားသမားတွေနဲ့ အဓိက ပွဲထွက်လာခဲ့ပြီး ပထမ လူစာရင်းထဲက ဟန်ဒါဆင် ၊ လူးဝစ် ဒီယာ့ဇ် နဲ့ ဂိုးသမား အလစ်ဆွန် တို့ ၃ ဦးသာ ပါဝင်ခဲ့ပါတယ် ။

လူသစ်လေး ဖာဘီယို ကာဗယ်ဟို ကတော့ သူ့ရဲ့ လီဗာပူး ကစားသမားဘ၀ ပထမဆုံး ပွဲထွက်ခွင့်ကို ရရှိခဲ့ပါတယ် ။

Read more

တရုတ်နိုင်ငံသား တစ်ဘီလီယံကျော်၏ အချက်အလက်များ ဆိုက်ဘာတိုက်ခိုက် ခိုးယူခံရ

တရုတ်နိုင်ငံသား တစ်ဘီလီယံကျော်ရဲ့ အချက်အလက်တွေကို ဟက်ကာတစ်ဦးက ဆိုက်ဘာတိုက်ခိုက်ခိုးယူသွားပြီး ဒီအချက်အလက်တွေကို ရောင်းချဖို့အတွက် ကမ်းလှမ်းမှုတွေ လုပ်ဆောင်နေပါတယ်။ အဲဒီဟက်ကာဟာ တရုတ်နိုင်ငံသားတွေရဲ့ အချက်အလက်တွေကို ရှန်ဟိုင်းအမျိုးသား ရဲတပ်ဖွဲ့ထံကနေ ခိုးယူခဲ့တာ ဖြစ်ကြောင်း အချက်အလက်တွေကို ရောင်းချဖို့အတွက် ကမ်းလှမ်းခဲ့တဲ့ဖိုရမ်တစ်ခုမှာ ထုတ်ဖော်ပြောဆို ထားပါတယ်။

Read more

108MP ကင်မရာနဲ့ 120Hz OLED မျက်နှာပြင်ပါတဲ့ Xiaomi 12 Lite ကို ကြေညာပြီ

Xiaomi က အရင်နှစ်ထုတ် Mi 11 Lite NE 5G ရဲ့ မျိုးဆက်သစ် 12 Lite ကို နိုင်ငံတကာမှာ ရောင်းချပေးလိုက်ပါတယ်။ Xiaomi 12 Lite မှာ ၆.၅၅ လက်မ AMOLED FHD+ မျက်နှာပြင်နဲ့ 120Hz Refresh Rate ထည့်သွင်းထားပြီး HDR10+ , Dolby Vision Support ပါလာပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး မျက်နှာပြင် အထက်အလယ်မှာ Punch Hole တပ်ဆင်ထားပါတယ်။

Read more