ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ် ဦးဆောင်ပြီး ဝါဆိုလပြည့်နေ့တွင် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဗုဒ္ဓဘာသာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ဝါဆိုလပြည့်(ဓမ္မစင်္ကြာနေ့) နံနက် ၆ နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရှိ ရွှေဘုရား ၊ ငွေဘုရား၌ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ် ဦးဆောင်ပြီး ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ဌာနမှူးများ၊ ဦးစီးရုံးအဖွဲ့ဝင်များ၊ မိသားစုများမှ ဓမ္မစင်္ကြာတရားတော်များ၊ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြောင်းသိရှိရပါသည်။

 


Read more

MoUလုပ်သား ၇၀၀ ကျော် ထိုင်းသို့ ထပ်မံပို့ဆောင်

မြန်မာ-ထိုင်း နယ်စပ် မြဝတီ-မဲဆောက်လမ်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ MoUလုပ်သား ဇူလိုင်၁၂ ရက်နေ့က(၇၅၁)ဦး စေလွှတ်နိုင်ခဲ့ပြီး( ၂) လအတွင် မြဝတီ-မဲဆောက်လမ်းနှင့် ကော့သောင်း-ရနောင်းလမ်းကြောင်းတို့မှ တရားဝင်လုပ်သား ၁၅၀၀၀ ခန့် ထွက်ခွာပြီးဖြစ်ကြောင်းသိရသည်။

ပြည်ပအလုပ်အကိုင်‌အကျိုးဆောင် အေဂျင်စီများဖြစ်သည့် နှင်းဦးဝေ၊New Covenant၊ရွှေပြည်ငြိမ်း၊ ငွေကြယ်စင်ဟိန်း ကုမ္ပဏီများမှ လုပ်သား (၇၅၁) ဦးကို  ဇူလိုင် လ ၁၂ ရက်နေ့တွင် မြန်မာထိုင်း ချစ်ကြည်ရေးအမှတ် (၂) တံတားမှတဆင့် စေလွှတ်ခဲ့ကြောင်း သိရသည်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၉) ဦး တွေ့ရှိ

(၁၁-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၂-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၅၇၁) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၉) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၂) ရာခိုင်နှုန်း ရှိပါသည်။

Read more

ပါရာဆဲလ်ကျွန်းများအနီး ဝင်လာသည့် အမေရိကန်စစ်သင်္ဘောများကို တရုတ်စစ်တပ်က သတိပေး မောင်းထုတ်

ဇူလိုင်လ ၁၃ ရက် ဗုဒ္ဓဟူးနေ့၌ တရုတ်က ၎င်း၏ရေပိုင်နက်ဟု ယူဆထားသော တောင်တရုတ်ပင်လယ်ရှိ ပါရာဆဲလ် ကျွန်းများအနီး အမေရိကန်၏ ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော USS Benfold သည် တရားမဝင် ဖြတ်သန်း ဝင်ရောက်လာသည်ဟုဆိုသည်။ ထို့ကြောင့် တရုတ်စစ်တပ်က ၎င်းသင်္ဘောအားဝေဟင်နှင့် ရေကြောင်းတပ်ဖွဲ့များပူး​ပေါင်း ခြေရာခံ၍ သတိပေးကာ မောင်းထုတ်ခဲ့ကြောင်း ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တောင်ပိုင်း စစ်ဌာနချုပ် (PLA) က ထုတ်ပြန်ခဲ့သည်။

Read more

စင်ကာပူတွင် ၂၄နာရီအတွင်း ကိုဗစ်ကူးစက်မှုအသစ် ၁၆၈၇၀ ဦးထပ်မံတွေ့ရှိ၊ ၃ ဦးသေဆုံး

စင်ကာပူနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ကူးစက်ခံရသူ ၁၆၈၇၀ ဦးထပ်မံတွေ့ရှိခဲ့ကာ ထပ်မံသေဆုံးသူ ၃ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ယင်းကူးစက်မှုများအနက် ပြည်တွင်းကူးစက်မှု ၁၅၉၇၈ ဦးရှိပြီး၊ ပြည်ပမှကူးစက်မှု ၈၉၂ ဦးရှိကြောင်းသိရသည်။

Read more

မော်စကိုမြို့တွင် ဒွန်းညှက်စ်ပြည်သူ့သမ္မတနိုင်ငံသံရုံးဖွင့်လှစ်

ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာ ဒွန်းညှက်စ်ပြည်သူ့သမ္မတနိုင်ငံ(DPR)ရဲ့ သံရုံးကို အင်္ဂါနေ့က ဖွင့်လှစ်ခဲ့ပါတယ်။ ဒွန်းညှက်စ်ဟာ ယူကရိန်းအရှေ့ပိုင်းရှိ ခွဲထွက်ရေးနိုင်ငံအဖြစ် ရုရှားက အသိအမှတ်ပြုထားတဲ့ နိုင်ငံ(၂)နှစ်ခုထဲက တစ်ခုဖြစ်ပါတယ်။ သံရုံးကျမ်းကျိန်ပွဲကို DPR ရဲ့ နိုင်ငံခြားရေးဝန်ကြီး နာတာလီယာနီကိုနိုရိုဗာက ဦးဆောင်ခဲ့တာ ဖြစ်ပြီး ပွဲအခမ်းအနားနဲ့ လုပ်ခဲ့တာတော့ မဟုတ်ပါဘူး။ ခွဲထွက်ရေးသမားတွေရဲ့ ပြောချက်အရတော့ ဒွန်းညှက်စ် ပြည်သူ့သမ္မတနိုင်ငံအတွင်း တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဖွင့်ပွဲအခမ်းအနားလုပ်မယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ရတာလို့ ဆိုပါတယ်။ ရိုးရိုးရှင်းရှင်းပြုလုပ်ခဲ့တဲ့ သံရုံးဖွင့်ပွဲကို ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လဗ်ရော့ဗ်လည်း တက်ရောက်ခဲ့တယ်လို့ မျှော်မှန်းရပါတယ်။

Read more

မော်လ်ဒိုက်နိုင်ငံတွင် ကျင်းပမည့် ၅၄ ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် မြန်မာ ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်မည်

မော်လ်ဒိုက်နိုင်ငံတွင် ကျင်းပမည့် ၅၄ ကြိမ် မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲတွင် မြန်မာ ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲကို ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ကာယဗလပွဲစဉ် များနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲများ ပါဝင်မည် ဖြစ်သည်။ မြန်မာကာယဗလအဖွဲ့သည် ကာယဗလပွဲစဉ်များအပြင် ကာယကြံ့ခိုင်မှု ပြိုင်ပွဲများတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်သွား မည်ဖြစ်သည်။

Read more

ဝိန်းရွန်နီ မေဂျာလိဂ် ဒီစီယူနိုက်တက်မန်နေဂျာ ဖြစ်လာ

မန်ယူနဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီကို နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်တယ်လို့ အမေရိကန်မေဂျာလိဂ်အသင်း ဒီစီယူနိုက်တက်က ပြောပါတယ်။ ၂၀၁၈ နဲ့ ၂၀၁၉ တုန်းက ဒီစီယူနိုက်မှာ ကစားခဲ့တဲ့ ၃၆ နှစ် အရွယ် ရွန်နီက ဒါဘီကို ၁၇ လကြာကိုင်တွယ်ပြီးတဲ့နောက်မှာ ပြီးခဲတဲ့လက နုတ်ထွက်ခဲ့ပါတယ်။ အဲဒီ ကာလအတွင်းမှာ ဒါဘီက ဘဏ္ဏာရေး အခက်အခဲတွေ ကြုံခဲ့ပြီး တတိယတန်းကို တန်းဆင်းခဲ့ရပါတယ်။

Read more

အနောက်ဘက် ဖောက်ထွင်းမြင်ရတဲ့ ဒီဇိုင်း သုံးထားတဲ့ Nothing Phone (1) ကို ကြေညာပြီ

OnePlus တည်ထောင်ခဲ့သူ ကားပိုင်း ရဲ့ Nothing ကုမ္ပဏီ ကနေ ထွက်လာမယ့် ပထမဆုံး စမတ်ဖုန်း Nothing Phone (1) သတင်းတွေဟာ လပေါင်းများစွာ သတင်းခေါင်းစီးတွေမှာ နေရာယူခဲ့ပါတယ်။ အခုတော့ အဲဒီဖုန်းကို တရားဝင် ကြေညာလိုက်ပါပြီ။

Read more

အာရုဏ်ဆွမ်းလောင်းလှူ၍ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

လားရှိုး ဇူလိုင် ၁၂

ရှမ်းပြည်နယ်(​မြောက်ပိုင်း)၊ လားရှိုးမြို့ခရိုင်ပြည်ခိုင်ဖြိုးပါတီမှ ခရိုင်ဘဏ္ဍာရေးမှူး ဦးခင်အောင်ဆွေ နှင့် ၊ ရပ်ကွက်(၁) ရပ်ကွက်စည်းရုံးရေးမှူးများဦးဆောင်၍ သံဃာအပါး (၇၀) ကျော်တို့အား အာရုံဆွမ်းလောင်းလှူပြီး ဝါဆိုသင်္ကန်းများဆပ်ကပ်ခဲ့ကြောင်းသိရပါသည်။


Read more