AFC ၏တစ်နှစ်တာအကောင်းဆုံးများ ပေးအပ်ပွဲ၌ ဆုများချီးမြှင့်ခဲ့သည့် AFC အကြီးတန်း ဒု-ဥက္ကဋ္ဌဦးဇော်ဇော်

အာရှဘောလုံးအဖွဲ့ချုပ်(AFC)၏ တစ်နှစ်တာအကောင်းဆုံးဆုများပေးအပ်ချီးမြှင့်ပွဲအား ယနေ့ အောက်တိုဘာ ၂၉ ရက်ညနေပိုင်းက တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၌ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ အာရှဘောလုံးအဖွဲ့ချုပ် ၏ အကြီးတန်း ဒု-ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ ဥက္ကဋ္ဌဦးဇော်ဇော်တက်ရောက်၍ ၂၀၂၃ ခုနှစ်အတွက် အဖွဲ့ချုပ်(Platinum)ဆုကို ဂျပန်ဘောလုံးအဖွဲ့ချုပ်နှင့် AFC Regional Association ဆုကို ဗဟိုအာရှဘောလုံးအဖွဲ့ချုပ်တို့အား ပေးအပ်ချီးမြှင့်ခဲ့သည်။
အာရှဘောလုံးအဖွဲ့ချုပ်(AFC)၏ တစ်နှစ်တာအကောင်းဆုံးဆုများပေးအပ်ချီးမြှင့်ပွဲတွင် အာရှ အကောင်းဆုံးကစားသမားဆု(အမျိုးသား)ကို ကာတာမှ Akram Afif ၊အကောင်းဆုံး ကစားသ မား(အမျိုးသမီး)ဆုကို ဂျပန်နိုင်ငံမှ Kiko Seike (ဂျပန်)တို့ကရရှိခဲ့ကြသည်။
ထို့အတူ ကဏ္ဍအလိုက်အကောင်းဆုံးဆုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက်ချီးမြှင့်ခဲ့ကြသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဦးစီးရုံးအဖွဲ့ဝင်များ ကွန်ပျူတာသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်လှစ်

Read more

နည်းပြသစ် ခန့်အပ်မယ့် မန်ယူ

မန်ယူအသင်းသည် အဲရစ်တန်ဟက်ဂ်နှင့် လမ်းခွဲ ပြီးနောက် လစ်လပ်နေသည့် အသင်းနည်းပြရာထူးနေရာအတွက် စပို့တင်းလစ္စဘွန်းအသင်းနည်းပြ ရူဘင်အာမိုရင်မ်အား ခန့်အပ်ရန် သဘောတူညီမှု ရခဲ့ပြီဖြစ်ကြောင်း နာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့သည်။
အသက် (၃၉)နှစ်အရွယ်သာရှိသေးသည့် ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်မ်သည် မန်ယူအသင်းအားကိုင်တွယ်ရန်အတွက် လိုအပ်သည့်ဆွေးနွေးမှုအားလုံးကို ပြုလုပ်ခဲ့ပြီးဖြစ်သလို၊ စပို့တင်းလစ္စဘွန်းအသင်းမှာလည်း နည်းပြသစ်ရာထူးအတွက် ဆက်သွယ်မှုများပြုလုပ်နေပြီဖြစ်ကြောင်းသိရသည်။
မန်ယူအသင်းသည် အာမိုရင်မ်အားခေါ်ယူရန်အတွက် စပို့တင်းလစ္စဘွန်းအသင်းအား လျော်ကြေးယူရို (၁၀)သန်းပေးချေခဲ့ရကြောင်း သိရသည်။

Read more

စပိန်နှင့် မန်စီးတီး ကွင်းလယ်လူ ရိုဒရီ Ballon d’Or ဆုရရှိ

စပိန်နဲ့ မန်စီးတီးကွင်းလယ်လူ ရိုဒရီဟာ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်တဲ့ ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ရရှိသွားပါတယ်။

ရိုဒရီဟာ ရီးရဲလ်တောင်ပံကစားသမား ဗင်နီဆီးယက်စ်ကို ကျော်ဖြတ်ပြီး ကစားသမားဘဝတလျှောက် ပထမဆုံးအကြိမ် ရယူနိုင်ခဲ့တာပါ။

မနှစ်ကရာသီက မန်စီးတီးနဲ့အတူ ၄ ကြိမ်ဆက် ပရီးမီးယားလိဂ်ဆုဖလား ရယူနိုင်ခဲ့သလို စပိန်အသင်းနဲ့လည်း ယူရိုချန်ပီယံဆု ရယူနိုင်ခဲ့တာပါ။

Read more

မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့တွေ့ဆုံ

မန္တလေး အောက်တိုဘာ ၂၈
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်၊ကန်ကောက်ရပ်ကွက်ရှိ မန္တလေးတိုင်းဒေသကြီး အမျိုး သမီးရေးရာအဖွဲ့ရုံးခန်းမတွင် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့နှင့်မန္တလေးတိုင်းဒေသကြီး အမျိုး သမီးရေးရာအဖွဲ့တို့ တွေ့ဆုံပွဲ ပြု လုပ်ခဲ့ပါသည်။
တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး၊အမျိုးသမီးရေးရာတာဝန်ခံ ဒေါက်တာစန်းစန်းနွယ်၊ဗဟိုအလုပ်အမှုဆောင်၊အောက်မြန်မာပြည် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ခင်ရွှေမြင့်၊ပါတီဗဟိုအလုပ် အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၏ဇနီး ဒေါ်ချယ်ရီစိုးသိန်း၊ပါတီဗဟိုကော်မတီဝင်၊မန္တလေးတိုင်းဒေသကြီးပါတီ ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်၊ဗဟိုကော်မတီဝင်၊တိုင်းဒေသကြီးပါတီကော်မတီဝင်၊အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်သန်းသန်းအေး၊ဗဟိုကော်မတီဝင် ဒေါ်လှလှအေး၊မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှုး ဒေါ်သန္တာဘုန်းဝင်းနှင့်အမှုဆောင်များ၊အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံရာတွင် တက်ရောက်လာသူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး ပြည်ခိုင်ဖြိုးပါတီ၏ အမျိုးသမီးရေးရာကဏ္ဍ လှုပ်ရှားဆောင်ရွက်နေမှုများ၊ပါတီ၏ အမျိုးသမီးရေးရာ မူဝါဒ၊သဘောထားများ၊မန္တလေးတိုင်းဒေသကြီး အမျိုး သမီးရေးရာအဖွဲ့၏ လှုပ်ရှားဆောင်ရွက်နေမှုများ၊ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား အပြန်အလှန်ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Read more

ရလဒ်များဆိုးရွာနေ၍ နည်းပြချုပ်တန်ဟတ်အား မန်ယူအသင်းထုတ်ပယ်

မန်ချက်စတာယူနိုက်တက်အသင်းသည် လက်ရှိအချိန်၌ အသင်း၏ရလဒ်များဆိုးရွားနေသဖြင့် နည်းပြချုပ်အဖြစ်ခန့်အပ်ထားသော တန်ဟတ်အား ယနေ့ အောက်တိုဘာ ၂၈ ရက်နံနက်ပိုင်းက ရာထူးမှထုတ်ပယ်ခဲ့သည်။
မန်ချက်စတာယူနိုက်တက်၏ နည်းပြချုပ်ရာထူးမှထုတ်ပယ်ခဲ့ခြင်းကို အသင်းတာဝန်ရှိသူများက အသိပေးခဲ့ပြီး လစ်လပ်သွားသည့် နည်းပြချုပ်ရာထူးအား မန်ယူကစားသမားဟောင်း နစ္စတယ်ရွိုင်းကို ယာယီနည်းပြချုပ်အဖြစ်ခန့်အပ်ခဲ့သည်။
ယာယီနည်းပြချုပ်ဖြစ်လာသည့် နစ္စတယ်ရွိုင်းသည် မန်ယူအသင်း၏ လက်ကျန်ပွဲစဉ်များအား အသင်းနည်းပြအဖွဲ့ဝင်များနှင့်အတူ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်သည်။

Read more

PV မှ PJ နိုင်ငံကူးလက်မှတ် ပြောင်းလဲလျှောက်ထားမှု ဆောင်ရွက်ပေးမည်

အလည်အပတ် PV နိုင်ငံကူးလက်မှတ်မှ အလုပ်အကိုင် PJ နိုင်ငံကူးလက်မှတ်ပြောင်းလဲ လျှောက်ထားလာသူများကို ယနေ့ အောက်တိုဘာ (၂၈) ရက်တွင် စတင်၍လက်ခံဆောင်ရွက်ပေးမည်ဟု မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ထုတ်ပြန်သည်။
လက်ရှိတွင် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်သူများသည် အလုပ်အကိုင် နိုင်ငံကူးလက်မှတ်(PJ)အစား အလည်အပတ် (PV)ကို ကိုင်ဆောင်ထားခြင်းကြောင့် ထွက်ခွာသည့်အခါ လေဆိပ်တွင် အဆင်မပြေဖြစ်နေရကြောင်း ဆိုသည်။
ထို့ကြောင့် အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားသည့်အလုပ်အကိုင်ဆိုင်ရာ အထောက်အထားနှင့် သက်တမ်းရှိ PV နိုင်ငံကူးလက်မှတ်မှ PJ နိုင်ငံကူးလက်မှတ်လျှောက်ထားလာသူများကို လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်သည်ဟု ထုတ်ပြန်လာခြင်း ဖြစ်သည်။
လက်ရှိတွင် အလုပ်အကိုင် PJ နိုင်ငံကူးလက်မှတ်ဖြင့် အလုပ်သမား သက်သေခံကတ်ရှိမှသာ ပြည်ပထွက်ခွာ အလုပ်လုပ်ခွင့်ပြုမည်ဖြစ်ကြောင်းလည်း အလုပ်သမားဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

Read more

မွေထိုင်းဂန္ထဝင် ဆက်ခ်ဆန်းနဲ့ ထိုးသတ်သွားမယ့် စိုးလင်းဦး

လာမယ့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၄ ရက်မှာ ကျင်းပမယ့် One 170 ပွဲမှာ စိုးလင်းဦးက နာမည်ကြီး မွေထိုင်းဂန္ထဝင် ဆက်ခ်ဆန်းနဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမည်ကို One က တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယြ်။

အသက် ၃၂ နှစ်ရှိ စိုးလင်းဦးဟာ One Championship ရဲ့ မွေထိုင်းပြိုင်ပွဲမှာ ၃ ပွဲဆက်တိုက် အလဲထိုးနဲ့ အနိုင်ရခဲ့ပြီးနောက် အမေရိကန်ဒေါ်လာတသိန်းတန်စာချုပ် ချုပ်ဆိုခွင့်ရခဲ့သူပါ။

Read more

ကမ္ဘာ့နဂါးလှေလှော်ပြိုင်ပွဲ၏ မြန်မာလှေလှော်အသင်း ရွှေတံဆိပ်(၅)ခုအပါအဝင် ဆုတံဆိပ် (၈)ခုရရှိခဲ့

တရုတ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သော ကမ္ဘာ့နဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာလှေလှော်အသင်းသည် ရွှေတံဆိပ်(၅)ခုအပါအဝင် ဆုတံဆိပ်(၈)ခုရရှိခဲ့ကြောင်း သိရသည်။
မြန်မာလှေလှော်အဖွဲ့သည် အောက်တိုဘာ ၂၇ ရက်ကယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲများဖြစ်သော မီတာ ၅၀၀ အမျိုးသား+အမျိုးသမီး(၁၀)တက်လှော်တွင် ပထမဆု(ရွှေတံဆိပ်)၊ မီတာ ၂၀၀၀ အမျိုးသား(၁၀)တက်လှော်တွင် ပထမ‌ဆု(ရွှေတံဆိပ်)၊ မီတာ၂၀၀ အမျိုးသား(၁၀)တက်လှော်တွင် ဒုတိယဆု(ငွေတံဆိပ်)တို့ ထပ်မံဆွတ်ခူးခဲ့ကြောင်း သိရသည်။
ထို့ပြင် မီတာ၂၀၀၀ အမျိုးသား+အမျိုးသမီး (၁၀)တက်လှော်ပြိုင်ပွဲတွင် မြန်မာလှေလှော်အသင်းမှ စတုတ္ထဆုဆွတ်ခူးခဲ့သဖြင့် ယခင်နေ့ ပြိုင်ပွဲများတွင်လည်း ရွှေတံဆိပ်ဆုနှင့်ငွေတံဆိပ်ဆုများဆွတ်ခူးနိုင်ခဲ့သဖြင့် ဆုတံဆိပ်ပေါင်း(၈)ခု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
မြန်မာလှေလှော်အသင်းသည် ကမ္ဘာ့နဂါးလှေလှော်ပြိုင်ပွဲ၌ ပြိုင်ပွဲအမျိုးအစား(၈)မျိုးကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲအား အိမ်ရှင်တရုတ်အသင်းများ၊ ဥရောပအသင်းများ၊ အာရှအသင်းများနှင့် အာဆီယံနိုင်ငံများမှအသင်းပေါင်း(၁၈) သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

Read more