တနင်္သာရီမြစ်ရေ စိုးရိမ် ရေအမှတ်နီးပါး ရောက်လာပြီး မြေနိမ့်ပိုင်းရှိ ကျောင်းနှစ်ကျောင်း ယာယီ ပိတ်ထားရကြောင်း သိရ

တနင်္သာရီမြစ်ရေ စိုးရိမ်ရေ အမှတ်နီးပါး ရောက်လာပြီး မြေနိမ့်ပိုင်းရှိကျောင်း နှစ် ကျောင်း ယာယီပိတ်ထားရကြောင်း သိရ သည်။တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းဖြတ်သန်းစီးဆင်းနေသည့် တနင်္သာရီမြစ်ရေမှာ ဇူလိုင်လ ၁၃ ရက်နေ့ညနေပိုင်းတိုင်းထွာချက်အရ ၁၅ ပေ အထိမြင့်တက်လာနေကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း တနင်္သာရီတိုင်း ဒေသကြီးတွင် မိုးသည်းထန်စွာရွာသွန်းနေပြီး မြစ်ဖျားပိုင်းဒေသမှ မိုးကောင်းရေများ စီး ဆင်းလာမှုကြောင့် မြစ်ရေတက်လာခြင်း ဖြစ် ကြောင်း သိရသည်။

Read more

စက်သုံးဆီ စျေးနှုန်းများ ဆက်တိုက်ကျဆင်းနေပြီး ၉၂ တစ်လီတာလျှင် ကျပ် ၁၈၀၀ အောက်သို့ ထပ်မံကျဆင်း

စက်သုံးဆီစျေးနှုန်းများ ဆက်တိုက်ကျ ဆင်းနေပြီး ၉၂ တစ်လီတာလျှင် ကျပ် ၁၈၀၀ အောက်သို့ ထပ်မံကျဆင်းလျက်ရှိကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။

ဇူလိုင် ၁၄ ရက်တွင်ထုတ်ပြန်သည့် စျေး နှုန်းများအရ ၉၂ တစ်လီတာလျှင် ၁၇၈၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၁၈၆၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၂၂၀၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၂၆၀ ကျပ်တို့ဖြစ်ကြောင်း သိရသည်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၁၁) ဦး တွေ့ရှိ

(၁၃-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၄-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၂၀၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၁၁) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၂၁) ရာခိုင်နှုန်း ရှိပါသည်။

Read more

ထိုင်းနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်ရောဂါဖြင့် လူ၂၈ ဦးသေဆုံး၊ တစ်ပတ်အတွင်း သေဆုံးမှုနှုန်း အမြင့်ဆုံး ဖြစ်လာ

ထိုင်းနိုင်ငံ၌ ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ဖြင့်လူ ၂၈ ဦးသေဆုံးခဲ့ပြီး လူနာသစ် ၂၂၅၇ ဦး ဆေးရုံတွင် ကုသမှုခံယူခဲ့ကာ ၎င်းတို့အနက် တစ်ဦးမှာ ပြည်ပမှဝင်ရောက်သူဖြစ်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ယနေ့(ဇူလိုင် ၁၄ ရက်)တွင် ထုတ်ပြန်သည်။

ထိုင်းနိုင်ငံ၌ ကူးစက်ခံရသူပေါင်း ၂,၃၂၉,၇၄၆ ရှိခဲ့သည့် ဇန်နဝါရီ ၁ ရက်နောက်ပိုင်းက နိုင်ငံတွင်း ကူးစက်သေဆုံးမှုကိန်းဂဏန်းများ မြင့်တက်လာခဲ့သည်။

Read more

ရှာကီရာ ရဲ့ ခွင့်လွှတ်မှုကို ရဖို့ကြိုးစားနေတဲ့ ပီကေး

လွန်ခဲ့တဲ့လက အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် ဇနီးသည် ရှာကီရာနဲ့ လမ်းခွဲခဲ့ရတဲ့ စပိန်နောက်ခံလူ ဂျရတ် ပီကေးတစ်ယောက် သူ့အမှားကိုနောင်တရနေပြီလို့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ပီကေးဟာ လက်ရှိအချိန်မှာ သူနောက်ထပ်တွဲနေတဲ့အမျိုးသမီးနဲ့အဆက်ဖြတ်လိုက်ပြီး ရှာကီရာကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ထားတယ်လို့လည်း သိရပါတယ်။ ရှာကီရာကတော့ သူ့သားတွေနဲ့အတူ မီယာမီကိုပြောင်းရွှေ့နေထိုင်ဖို့ စီစဉ်နေပြီး ပီကေးရဲ့တောင်းပန်မှုအပေါ် ဘယ်လိုတုံ့ပြန်မှုမျိုးမှ မရှိသေးဘူးလို့ သိရပါတယ်။

 

Read more

COVID ဆေးမှတ်တမ်းအရ ကစားသမားများကို ခွဲထားရန် ပရီးမီးယားလိဂ်ကလပ်များ စီစဉ်

ပရီးမီးယားလိဂ်ကလပ်အသင်းများသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးရန်အတွက် နည်းလမ်းပေါင်းစုံကို စဉ်းစားနေကြပြီး ယင်းထဲတွင် COVID ကာကွယ်ဆေးမှတ်တမ်းအရ ကစားသမားများကို သီးခြားခွဲထားမည့် အစီအစဉ်လည်း ပါဝင်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

ချယ်လ်ဆီးကစားသမားများဖြစ်သည့် ကွန်တေနှင့် လော့ဖ်တပ်ချိခ်တို့သည် COvID ကာကွယ်ဆေး ထိုးနှံထားခြင်းမရှိသောကြောင့် အသင်း၏ အမေရိက ရာသီကြိုခရီးစဉ်ကို လွဲချော်ခဲ့ရသည်။

Read more

Xiaomi ရဲ့ အရမ်းမြန်တဲ့ 200W Charging ပါတဲ့ ဖုန်း လာတော့မည်

၂၀၂၁ ခုနှစ် မေလမှာ Xiaomi ဟာ 200W Wired နဲ့ 120W Wireless HyperCharge နည်းပညာကို ကြေညာခဲ့ပါတယ်။ 120W Wireless နည်းပညာနဲ့ ပတ်သက်တဲ့ သတင်းအသစ်တွေ မထွက်လာပေမယ့် Xiaomi ဟာ 200W HyperCharge နည်းပညာ ပါတဲ့ စမတ်ဖုန်း အသစ် ၁ လုံးကို မကြာခင် ကြေညာတော့မယ်လို့ ထင်ရပါတယ်။ Xiaomi ဟာ တရုတ်က 3C မှာ 200W Charger အတွက် ခွင့်ပြုချက်ကို ရသွားပါပြီ။

Read more

ကိုဗစ်မျိုးကွဲအသစ်များမှာ ဒယ်လ်တာမျိုးကွဲကဲ့သို့ ဗီဇပြောင်းလဲသယ်ဆောင်ပြီး အဆုတ်သို့အလွယ်တကူ ပျံ့နှံ့နိုင် ကြောင်း WHO သတိပေး

အိုမီခရွန်မျိုးကွဲ BA.4 နှင့် BA.5 တို့သည် စိုးရိမ်ဖွယ်ရာမျိုးကွဲများဖြစ်ပြီး ၎င်းမှာ ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့နိုင်သည်ဟု ယူဆထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကကြေညာသည်။မျိုးကွဲအသစ်နှစ်ခုစလုံးသည် ဒယ်လ်တာကဲ့သို့  L452R ဗီဇပြောင်းလဲမှုကို သယ်ဆောင်ထားသောကြောင့် အဆုတ်သို့ အလွယ်တကူ ပျံ့နှံ့သွားနိုင်သည် ဟုဆိုသည်။

Read more