Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၇) ဦး တွေ့ရှိ

(၁၆-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၇-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၅၀၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၇) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း မှာ (၀.၁၆) ရာခိုင်နှုန်း ရှိပါသည်။

Read more

အမေရိကန်နိုင်ငံသား ၆၁ ဦးကို အီရန် ပိတ်ဆို့အရေးယူ

၂၀၁၅ နျူကလီးယားသဘောတူညီချက်ကို ပြန်လည်အသက်သွင်းရေးအတွက် လနှင့်ချီကာဆွေးနွေးမှုများသည် အဆင်မပြေဖြစ်နေချိန်တွင်နိုင်ငံခြားရေးဝန်ကြီးဟောင်း Mike Pompeo အပါအဝင် အီရန်အတိုက်အခံအဖွဲ့ကို ကျောထောက်နောက်ခံပြု‌ပေးသည့် အမေရိကန်နိုင်ငံသား ၆၁ ဦးအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားကြောင်း အီရန်က ဇူလိုင် ၁၆ ရက်တွင် ပြောကြားခဲ့သည်။

Read more

သမ္မတဘိုင်ဒန်၏ အရှေ့အလယ်ပိုင်း ခရီးစဉ်ပြီးဆုံး

အရှေ့အလယ်ပိုင်းကို (၄)ရက်ကြာခရီးစဉ်အဖြစ်သွားရောက်ခဲ့တဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ စနေနေ့က ဆော်ဒီ အာရေဗျ နိုင်ငံကနေ  အမေရိကန်ကိုပြန်လည်ထွက်ခွာသွားပြီဖြစ်ပါတယ်။

ဒါကြောင့် မတည်ငြိမ်တဲ့ဒေသ တွင်းမှာ တည်ငြိမ်အေးချမ်းမှုကိုမြှင့်တင်ဖို့ နဲ့ ဓါတ်ငွေ့ဈေးနှုန်း မြှင့်တက်မှု ပြဿနာကိုဖြေရှင်းဖို့ ရည်ရွယ်တဲ့ သမ္မတ ဘိုင်ဒန်ရဲ့ အရှေ့အလယ်ပိုင်းခရီးစဉ် ပြီးဆုံးသွားပြီဖြစ်ပါတယ်။ အစောပိုင်းမှာတော့ သမ္မတဘိုင်ဒန်က အီရတ်၊ အီဂျစ် နဲ့ ဂျော်ဒန် နိုင်ငံက ခေါင်းဆောင်တွေလည်း ပါဝင်ခဲ့တဲ့ ပင်လယ်ကွေ့နိုင်ငံခေါင်းတွေရဲ့ ထိပ်သီးအစည်းအဝေးတစ်ခုကို တက်ရောက်ခဲ့ပါတယ်။

Read more

၂၀၂၂ ခုနှစ် AFF Women’s Championship ပြိုင် ပွဲ၌ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း တတိယဆုရရှိ

ဖီလစ်ပိုင်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် ၂၀၂၂ ခုနှစ် AFF Women’s Championship ပြိုင်ပွဲ၏ တတိယနေရာလုပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် ဗီယက်နမ်အမျိုးသမီးအသင်းအား အနိုင်ယူ၍ တတိယဆုရရှိခဲ့သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းနှင့်ဗီယက်နမ်အမျိုးသမီးဘောလုံးအသင်းတို့သည် ဇူလိုင် ၁၇ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ပြီး မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းမှ ၄ ဂိုး ၃ ဂိုးရလဒ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

Read more

အောင်လအန်ဆန်နှင့် နပန်းကမ္ဘာ့ချန်ပီယံဟောင်း အန်ဒရေဂါဗယ်အိုတို့ အထူးပွဲစဉ် ယှဉ်ပြိုင်ထိုးသတ်မည်

MMA ချန်ပီယံဟောင်း အောင်လအန်ဆန်နှင့် နပန်းကမ္ဘာ့ချန်ပီယံဟောင်း ဘရာဇီးနိုင်ငံသား အန်ဒရေဂါဗယ်အိုတို့ အထူးပွဲစဉ်အဖြစ်  ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။ အောင်လအန်ဆန်နှင့် အန်ဒရေဂါဗယ်အိုတို့ ထိုးသတ်မည့်အထူးပွဲစဉ်ကို MMA စည်းမျဉ်းနှင့် နပန်းစည်းမျဉ်းများဖြင့်ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။

Read more

မာတီနက်ဇ်ကို ပေါင်(၄၅)သန်းဖြင့် မန်ယူ ခေါ်မည်

ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းဟာ အားနည်းနေတဲ့ခံစစ်ပိုင်းကို အားဖြည့်ဖို့အတွက် အာဂျင်တီးနား နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ကို ပေါင်(၄၅)သန်းနဲ့ ခေါ်ယူတော့မှာ ဖြစ်ပါတယ်။  အသက်(၂၄)နှစ်အရွယ် မာတီနက်ဇ်ဟာ မန်ယူနည်းပြသစ် တန်ဟတ်လက်ထက် ၂၀၁၉ ခုနှစ်မှာ နယ်သာလန်ကလပ် အေဂျက်ဇ်ဆီ ရောက်ရှိခဲ့သူပါ။ (၃)ရာသီအတွင်း ပွဲပေါင်း(၁၂၀)ကစားကာ (၆)ဂိုးသွင်းယူနိုင်ခဲ့တဲ့ မာတီနက်ဇ်အတွက် အသင်း (၂)သင်းကြား သဘောတူညီမှုရခဲ့ပြီလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ မာတီနက်ဇ်အနေနဲ့ ဆေးစစ်ဖို့အတွက် မန်ချက်စတာဆီ ရောက်ရှိနေသလို ဗီဇာအခက်အခဲကြောင့် ဩစတြေးလျခြေစမ်းခရီးကို မလိုက်ပါနိုင်ခဲ့တာပါ။

Read more

Facebook က အကောင့် ၁ ခုမှာ ပရိုဖိုင် ၅ ခုအထိ အသုံးပြုနိုင်တဲ့ နည်းလမ်းကို စမ်းသပ်နေ

Facebook က User တချို့အတွက် ပရိုဖိုင်များစွာ အသုံးပြုနိုင်တဲ့ နည်းလမ်းကို စမ်းသပ်နေတယ်လို့ ကြေညာလိုက်ပါတယ်။ User တချို့ဟာ သူတို့ရဲ့ မူလ အကောင့်မှာ နောက်ထပ် ပရိုဖိုင် ၄ ခုအထိ ဖန်တီးနိုင်ကြမှာပါ။ အိုင်ဒီယာက ပရိုဖိုင် အပိုတွေကို မတူညီတဲ့ ရည်ရွယ်ချက်တွေအတွက် သုံးနိုင်မှာပါ။ ဥပမာအနေနဲ့ ပရိုဖိုင် ၁ ခုကို သူငယ်ချင်းတွေအတွက်၊ နောက် ၁ ခုကို လုပ်ဖော်ကိုင်ဖက်တွေအတွက်၊ နောက် ပရိုဖိုင်တွေကို စိတ်ဝင်စားတဲ့ ဂရုတွေနဲ့ နာမည်ကျော်ကြား လူသိများသူတွေအတွက် သုံးနိုင်မှာပါ။ User တွေဟာ အကောင့် ၁ ခုထဲကိုပဲ သုံးရမှာ ဖြစ်ပြီး ခလုတ် အနည်းငယ်နှိပ်ရုံနဲ့ ပရိုဖိုင်တွေ ပြောင်းလဲ သုံးနိုင်မှာပါ။

Read more

တောင်သူလယ်သမားစိုက်ပျိုးရေးအသိပညာပေးဆွေးနွေးပွဲကျင်းပ

လေးမျက်နှာ ဇူလိုင်၊၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီး တောင်သူလယ်သမား စိုက်ပျိုးရေးအသိပညာပေးဆွေးနွေးပွဲအား ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့တွင်  လေးမျက်နှာမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် နိုင်ငံတော်အလံအလေးပြုခြင်း နိုင်ငံတော်သီချင်းသီဆိုခြင်းများဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး လေးမျက်နှာမြို့နယ် ပါတီဥက္ကဌဒေါ်စန်းစန်းချိုက ရှင်းလင်းတင်ပြခြင်း၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးသိန်းထွန်းမှ ဆွေးနွေးမှာကြားခြင်း တိုင်းဒေသကြီးပါတီကော်မတီဝင် လယ်သမားရေးရာတာဝန်ခံတို့က ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဌာနချုပ် ဒဿမအကြိမ် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် ၁၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်၏ ဒဿမအကြိမ် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆပ်ကပ်ခြင်း အလှူမင်္ဂလာအခမ်းအနားကို ၁၄-၇-၂၀၂၂ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က ပါတီဌာနချုပ်ရှိ ဧည့်ခန်းမတွင် ပြုလုပ်ခဲ့ကြပါသည်။

Read more