Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၁၇) ဦး တွေ့ရှိ

(၁၈-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၉-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၁၂၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၁၇) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း မှာ (၀.၃၃) ရာခိုင်နှုန်း ရှိပါသည်။

Read more

ဥရောပ အပူလှိုင်း မြောက်ပိုင်းသို့ရောက်လာ

ပြင်းထန်တဲ့ အပူလှိုင်းက မြောက်ပိုင်းကို ရွေ့လျားသွားချိန်မှာပဲ အနောက်ဥရောပမှာ ပူလောင် အိုက်စပ်တဲ့ အပူချိန်တွေနဲ့ ပိုမိုရင်ဆိုင်နေရပါတယ်။ ပြင်သစ်နဲ့ ဗြိတိန်မှာ အပူချိန် အလွန်ပြင်းထန်နိုင်ကြောင်း သတိပေးချက်တွေ ထုတ်ပြန်ထားချိန်မှာပဲ စပိန်နိုင်ငံမြောက်ပိုင်းမှာ အပူချိန် ၄၃ ဒီဂရီ ဆဲလ်စီးယက်စ် အထိ ရောက်ရှိခဲ့ပါတယ်။

Read more

ကြားနေဝါဒ ကျင့်သုံးသော နို်င်ငံဖြစ်သဖြင့် ယူကရိန်းစစ်ပွဲ၌ ထိခိုက်ဒဏ်ရာရခဲ့သော လူနာများကို ဆွစ်ဇာလန် ဆေးရုံများက လက်မခံဟု ဆွစ်ဇာလန်အစိုးရက ထုတ်ပြန်

ယူကရိန်းတွင် ရုရှားဆင်နွှဲနေသော စစ်ပွဲမှ လူနာများကို ဆွစ်ဇာလန်ဆေးရုံများတွင် ကုသပေးမည်မဟုတ်ဟု ဇူလိုင် ၁၈ ရက်တွင် ဆွစ်ဇာလန်အစိုးရက ထုတ်ပြန်လိုက်ပြီး ယခုကဲ့သို့ ထုတ်ပြန်ရခြင်းမှာ ဆွစ်ဇာလန်စစ်တပ်၏ ကြားနေဝါဒကြောင့်လည်းကောင်း၊ ဒဏ်ရာရသူများထဲတွင် အရပ်သားများကို ခွဲခြားရာ၌ အခက်အခဲများ ရှိခြင်းကြောင့်လည်းကောင်း ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

Read more

The Open မေဂျာဂေါ့ဖ်ပြိုင်ပွဲတွင် သြစတြေးလျကစားသမား ကင်မရွန်းစမစ် ဗိုလ်စွဲ ပထမဆုံး မေဂျာချန်ပီယံဆု ရရှိခြင်းဖြစ်ပြီး စိန့်အင်ဒရူးကွင်း၌ လျှော့ရိုက်ချက်အများဆုံး စံချိန်တင်

ယခုနှစ်အတွက် နောက်ဆုံးမေဂျာဂေါ့ဖ် ပြိုင်ပွဲဖြစ်သည့် The Open Championship ပြိုင်ပွဲတွင် သြစတြေးလျကစားသမား ကင် မရွန်းစမစ် အနိုင်ရဗိုလ်စွဲပြီး ကစားသမားဘ၀ ပထမဆုံး မေဂျာချန်ပီယံဆုဖလား ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

Read more

ထွက်ခွာခွင့်တောင်းပြီးကတည်းက စီရော်နယ်လ်ဒိုနှင့် စကားမပြောဖြစ်ဟု တန်ဟက်ဂ် ပြောကြား

မန်ယူအသင်း၏နည်းပြ တန်ဟက်ဂ်က အသင်းမှ ထွက်ခွာခွင့်ပြုရန် စီရော်နယ်လ်ဒို တောင်းဆိုခဲ့ပြီးကတည်းက ၎င်းနှင့် စကားမပြောဖြစ်ဟု ပြောကြားခဲ့သည်။စီရော်နယ်လ်ဒိုသည် ၂၀၂၃ ခုနှစ်အထိ မန်ယူအသင်းနှင့် စာချုပ်ချုပ်ဆိုထားသော်လည်း ပြီးခဲ့သည့်လက အသင်းမှ ထွက်ခွာခွင့်ပြုရန် တောင်းဆိုခဲ့သည်။

ယင်းတောင်းဆိုမှုကို မန်ယူအသင်းက ရောင်းထုတ်မည်မဟုတ်ဟု တုံ့ပြန်ခဲ့သလို၊ စာချုပ်ပါသဘောတူညီချက် အတိုင်း နောက်ထပ်တစ်နှစ် သက်တမ်းတိုးရန်ပင် ဆန္ဒရှိနေကြောင်း သိရသည်။သို့သော် စီရော်နယ်လ်ဒိုသည် ရာသီကြိုကာလ အသင်းနှင့် ပြန်လည်ပူးပေါင်းရန် သတ်မှတ်ထားသည့်နေ့ ရက်၌ မိသားစုအကြောင်းပြချက်ဖြင့် ပြန်ရောက်လာခြင်းမရှိခဲ့ဘဲ အသင်း၏ ရာသီကြိုခြေစမ်းခရီးစဉ်များကိုလည်း လွဲချော်ခဲ့ရသည်။

Read more

Xiaomi ၏ ပထမဆုံးလျှပ်စစ်ကားကို ဩဂုတ်လတွင် ကြေညာဖွယ်ရှိ

တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီဖြစ်တဲ့ Xiaomi ဟာ ပြီးခဲ့တဲ့နှစ်တွေကတည်းက လျှပ်စစ်ကားဈေးကွက်ကို ဝင်ရောက်ဖို့ ကြိုးစားနေတာဖြစ်ပြီး လာမယ့် ဩဂုတ်လမှာတော့ သူ့ရဲ့ ပထမဆုံး လျှပ်စစ်ကားမော်ဒယ်ကို ထုတ်ဖော်ကြေညာဖို့ ရှိနေပါတယ်။

အဲဒီကား ဒီဇိုင်းကိုတော့ WM Motor ရဲ့ Maven concept ကားကို ဖန်တီးခဲ့တဲ့ HVST Automobile Design ကနေ တာဝန်ယူ ဖန်တီးခဲ့တာဖြစ်ပြီး ဒီလိုကြေညာပြီးရင်တော့ အဲဒီကားကို လမ်းတွေပေါ်မှာ စမ်းသပ်မောင်းနှင်ဖို့ကိုပါ စီစဉ်ထားတယ်လို့ သိရပါတယ်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းနှင့်ဇနီး မိသားစုမှ တပ်ကုန်းမြို့၊ မြို့ရှေ့စန္ဒာရုံကျောင်းတိုက်ကြီး၏ ဦးစီးပဓါနနာယကဆရာတော်အား ဝါဆိုသင်္ကန်းနှင့် လှူဘွယ်ပစ္စည်းများဆပ်ကပ်လှူဒါန်း

ဇူလိုင် ၁၈၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းနှင့် ဇနီးမိသားစုတို့သည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် နေပြည်​တော်၊ တပ်ကုန်းမြို့၊ မြို့​ရှေ့စန္ဒာရုံ​ကျောင်းတိုက်ကြီး၏ ဦးစီးပဓါနနာယကဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ​ဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒသိရီ သက်​တော်ရှည်ဆရာ​တော်ကြီး၏​ မွေး​နေ့တွင် အသက်ရှည်ကြာ၊ အနာမဲ့ခြင်း၊ ကျန်းမာခြင်း ၊ ချမ်းသာခြင်းတို့နှင့် ပြည့်စုံ​စေရန် ကုသိုလ်မင်္ဂလာဖြစ်ပါ​စေ​ကြောင်း ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝထ္ထုအစုစုတို့အား ဆပ်ကပ်လှူဒါန်းကုသိုလ်ပြုခဲ့ပါသည်။

Read more

ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီမှ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်း

ဇူလိုင် ၁၇၊ နေပြည်တော်

နေပြည်တော် ပြည်ထောင်စုနယ်မြေ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်နယ်မြေပါတီရုံး၌ ဆရာတော် သံဃာတော်များအား ပင့်ဖိတ်၍ ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။

အဆိုပါလှူဒါန်းပွဲသို့ ပြည်ထောင်စုနယ်မြေပါတီဥက္ကဌ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်လှိုင်၊ ပါတီဗဟို အလုပ်အမှုဆောင် ဦးသောင်းအေး၊ ပြည်ထောင်စုနယ်မြေနာယက ပါတီဗဟိုကော်မတီဝင် ဦးခင်မောင်ဌေး၊ ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးဌေးဝင်း နှင့် ပြည်ထောင်နယ်မြေကော်မတီဝင်များ၊ ခရိုင်ဥက္ကဌများ၊ မြို့နယ်ဥက္ကဌများ စုံလင်စွာ တက်ရောက်ခဲ့ကြပြီး လှူဒါန်းမှု အစုစုအား ရေစက်သွန်းချ အမျှဝေခဲ့​ကြပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး ဇေယျာသီရိမြို့နယ် ပါတီဝင်များ၊ ပါတီဝင်ဟောင်းများ၊ ပါတီဝန်းရံထောက်ခံသူများ ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းဝင်ဟောင်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်

ဇူလိုင် ၁၆၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့ နေ့လည် ၁၄:၀၀ နာရီအချိန်တွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ပြုလုပ်သော ပါတီဝင်များ၊ ပါတီဝင်ဟောင်းများ၊ ပါတီဝန်းရံထောက်ခံသူများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး အသင်းဝင်ဟောင်းများနှင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

Read more

YBS (၆)လိုင်း ခရီးအကွာအဝေးဖြင့် ယာဉ်စီးခကောက်ရန်စီစဉ်

YUPT ကုမ္ပဏီက YBS ယာဉ်လိုင်း (၆) လိုင်းကို ခရီးအကွာအဝေးစနစ်နဲ့ ယာဉ်စီးခ ပြောင်းလဲကောက်ခံဖို့ စီစဉ် နေတယ်လို့ YUPT ကုမ္ပဏီက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ ခရီးအကွာအဝေးနဲ့ ယာဉ်စီးခ သတ်မှတ် ကောက်ခံမယ့် ယာဉ်လိုင်း (၆) လိုင်းကတော့ YBS 2 ၊ YBS 3 ၊ YBS 4 ၊ YBS 24 ၊ YBS 28 နဲ့ YBS 110 ယာဉ်လိုင်း တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Read more