Suzuki Myanmar ကထုတ်လုပ်မှုခေတ္တရပ်ဆိုင်းထားရဟုထုတ်ပြန်

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် တပ်ဆင်ထုတ်လုပ်မယ့် ကားအစိတ်အပိုင်းတွေကို ပြည်ပက တင်သွင်းရာမှာ နှောင့်နှေးမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် Suzuki(Myanmar) Motor Co;Ltdနဲ့ Suzuki Thilawa Motor Co;Ltdတို့ရဲ့ ထုတ်လုပ်မှုလုပ်ငန်းတွေကို ခေတ္တရပ်ဆိုင်းထားရတယ်လို့ ထုတ်ပြန်ပါတယ်။

အဲ့ဒါကြောင့် အရောင်းပြခန်းတွေမှာ ဝယ်ယူသူတွေက စာရင်းသွင်းမှာယူထားတဲ့ ကားတွေကို လွှဲအပ်ဖို့ ကြန့်ကြာနေပြီး ကားအပ်နိုင်မယ့်အချိန်ကာလကို အတိအကျမပြောနိုင်တဲ့အတွက်လည်း တောင်းပန်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Read more

ကာတာအခြေစိုက် Ooredoo ဆက်သွယ်ရေးကုမ္ပဏီ မြန်မာနိုင်ငံရှိ ၎င်း၏လုပ်ငန်းကိုရောင်းချရန် ဆွေးနွေး နေသည်ဟု ရိုက်တာသတင်းတွင် ဖော်ပြ

ကာတာအခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် Ooredoo သည် မြန်မာနိုင်ငံရှိ ၎င်း၏လုပ်ငန်းကို ရောင်းချရန် ဆွေးနွေးလျက်ရှိကြောင်း အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ သိရှိထားသော သတင်းရင်းမြစ်နှစ်ဦးက ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ဒိုဟာအခြေစိုက် Ooredoo ကုမ္ပဏီအနေဖြင့် လုပ်ငန်းရောင်းချမည့် ၎င်းတို့၏ ရည်ရွယ်ချက်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (Myanmar’s Posts and Telecommunications Department) ထံ အကြောင်းကြားထားသည်ဟု အဆိုပါ သတင်းရင်းမြစ်များက ဆိုသည်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၁၆) ဦး တွေ့ရှိ

(၁၉-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၀-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၁၀၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၁၆) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း မှာ (၀.၃၁) ရာခိုင်နှုန်း ရှိပါသည်။

Read more

ရုရှားသမ္မတ ပူတင် တီဟီရန်သို့လည်ပတ်ပြီး အီရန်ခေါင်းဆောင်နဲ့တွေ့ဆုံဆွေးနွေး

ဖေဖော်ဝါရီ ၂၄ မှာ ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် သူ့ရဲ့ ပထမဆုံး နိုင်ငံရပ်ခြားခရီးစဉ်မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က တီဟီရန်မြို့မှာ အီရန်ထိပ်သီးခေါင်းဆောင် အယာတိုလာအလီခါမေနီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ ပါတယ်။ တီဟီရန်မြို့မှာရောက်ရှိနေချိန်မှာပဲ မစ္စတာ ပူတင်က နေတိုးအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ တူရကီသမ္မတတေရစ်အာဒိုဂန်နဲ့ တွေ့ဆုံပြီး ယူကရိန်း နှံစားသီးနှံများ ပင်လယ်နက်မှတစ်ဆင့် နိုင်ငံခြားတင်ပို့ရေးနဲ့ ဆီးရီးယားနိုင်ငံမြောက်ပိုင်း အရေးတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။

Read more

နောက်ခံလူ ဒီလစ်ကို ဘိုင်ယန်မြူးနစ်အသင်းခေါ်ယူ

ဂျူဗင်တပ်အသင်းမှ နယ်သာလန်နောက်တန်းလူ ဒီလစ်ကို ၂၀၂၇ ခုနစ် အထိစာချုပ်နဲ့ ခေါ်ယူလိုက်တယ်လို့ ဂျာမနီချန်ပီယံ ဘိုင်ယန်မြူးနစ်က ပြောကြားပါတယ်။ ဘိုင်ယန်က ဒီလစ်ကို ယူရို ၆၇ သန်းနဲ့ ခေါ်ယူလိုက်တာ ဖြစ်ပြီး အပိုဆုကြေး နောက်ထပ် ၁၀ သန်း လည်း ပေးရဖွယ်ရှိပါတယ်။

Read more

လာမည့်ရာသီမှစ၍ အသက်(၁၂)နှစ်အောက် ဘောလုံးသမားများအား FA မှ ခေါင်းတိုက်ခွင့်ပိတ်ပင်

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) သည် အင်္ဂလန်နိုင်ငံအတွင်း အသက်(၁၂)နှစ်အောက် ဘောလုံးသမားများကို ခေါင်းတိုက်ကစားခွင့် ပိတ်ပင်လိုက်ကြောင်း သိရသည်။  သုတေသနစစ်တမ်းများအရ ဘောလုံးသမားဟောင်းများ သည် အခြားသာမန်လူများထက် ဦးနှောက်ပျက်စီးပြီး သေဆုံးနိုင်ခြေပိုမိုများပြားကြောင်း တွေ့ရှိရသည့်အတွက် FA က လာမည့်ရာသီမှစ၍ လူငယ်ဘောလုံးသမားများကို ခေါင်းတိုက်ခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Read more

Netflix က အခပေးကြည့်ရူသူ တစ်သန်းနီးပါး ဆုံးရှုံး

အွန်လိုင်းဖျော်ဖြေရေးလုပ်ငန်းရဲ့ဘုရင်အဖြစ် ရပ်တည်ခဲ့တဲ့ Netflix က သူ့ရဲ့သရဖူကို ဆက်ထိန်းဖို့ ရုန်းကန်ရဖွယ်ရှိနေပါတယ်။ အခပေးကြည့်ရူသူတွေ ဆက်တိုက်ဆုံးရှုံးနေတဲ့လုပ်ငန်းက ဧပြီလကနေ ဇူလိုင်လအတွင်း သုံးလပတ်မှာ ကြည့်ရူသူ တစ်သန်း ဆုံးရှုံးခဲ့ပြီး သူတို့ စိုးရိမ်ထားသလောက်တော့ မများခဲ့ပါဘူး။

Read more

ပြင်ဦးလွင်ပြည်ခိုင်ဖြိုးက (ဆဌမ)အကြိမ်ဗဟိုကော်မတီအစည်းဝေးအတွေ့အကြုံရှင်းလင်း

ပြင်ဦးလွင် ဇူလိုင် ၁၈

ပြင်ဦးလွင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ဆဌမ)အကြိမ်ဗဟိုကော်မတီအစည်းဝေး၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ် ထပ်ဆင့်ရှင်းလင်းပွဲနှင့် မြို့နယ်ကော်မတီဝင်များလပတ်ညှိနိုင်းတွေ့ဆုံပွဲကို ဇူလိုင်လ ၁၇ ရက်က ကျင်းပပြုလုပ်ခဲ့သည်။


Read more

လေးမျက်နှာ ပြည်ခိုင်ဖြိုးက အာဇာနည်နေ့အထိမ်းအမှတ် ဝါဆို သင်္ကန်းကပ်လှူ

လေးမျက်နှာ ဇူလိုင်၊၁၉

၇၅ နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူးကာ လေးမျက်နှာမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။


Read more

ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမား ၃၆၀၀၀ ကျော်ကို အလုပ်သမား သက်သေခံကတ်များ ထုတ်ပေးနိုင်ခဲ့ဟုဆို

အလုပ်သမား ဝန်ကြီးဌာနအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်မှ ၂၀၂၂ ခုနှစ်နှစ် ဇွန်လ အထိ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် အလုပ်သမား ၃၆၀၀၀ ကျော်ကို အလုပ်သမား သက်သေခံ ကတ်များ ထုတ်ပေးနိုင်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန စာရင်းများအရ သိရသည်။

Read more