နေပြည်တော် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီမှ အာရုံဆွမ်းကပ်လှူခြင်းနှင့်ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်း

ဇူလိုင် ၂၅၊ နေပြည်တော်

နေပြည်တော် ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ထန်းတပင်တောရကျောင်းတိုက်ရှိ ဝါဆိုသံဃာများအား အာရုံဆွမ်းလောင်းလှူပွဲနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းမှုကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။

အဆိုပါလှူဒါန်းပွဲသို့ ပြည်ထောင်စုနယ်မြေပါတီဥက္ကဌ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်လှိုင်၊ ပါတီဗဟို အလုပ်အမှုဆောင် ဦးသောင်းအေး၊ ပြည်ထောင်စုနယ်မြေ ပါတီနာယကနှင့် ကော်မတီဝင်များတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Read more

မိုးကုတ်မြို့ တွင် ဖျားနာသူတစ်ဦးအား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာCovid-19 ပိုးတွေ့ရှိ

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် အသက် ၅၁ နှစ်အရွယ် ကိုဗစ်-၁၉ ကာကွယ်‌ဆေးနှစ်ကြိမ်ထိုးပြီးသူ အမျိုးသားသည် ဖျားနာနေသဖြင့် မိုးကုတ်ပြည်သူ့ဆေးရုံ၌ ကိုဗစ်ပိုး ရှိ/ မရှိ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာမှ Covid-19 ပိုးတွေ့ရှိခဲ့ပါ​ကြောင်​း အဆိုပါ ကိုဗစ်ပိုးတွေ့လူနာအား မိုးကုတ်ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်၌ လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးထားပြီး ၎င်းနှင့် ထိတွေ့ဆက်စပ်ခဲ့သူများအား ကိုဗစ်ပိုး ရှိ/မရှိ ဆက်လက်စစ်ဆေးသွားမည်​ ဟု မိုးကုတ်မြို့နယ် Covid -19ကာကွယ်ထိန်းချုပ်ရေးနှင့် အ​ရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် တစ်ဦး ကပြော​ကြားသည်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၁၁) ဦး တွေ့ရှိ

(၂၃-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၄-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၉၀၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၁၁) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း မှာ (၀.၂၈) ရာခိုင်နှုန်း ရှိပါသည်။

Read more

ဖိလစ်ပိုင်တွင် သေနတ်ပစ်မှုတစ်ခုဖြစ်ပွားရာ မြို့တော်၀န်ဟောင်းတစ်ဦးအပါအ၀င် ၃ ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ဒေသတွင်းရှိ တက္ကသိုလ်တစ်ခု၏ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဇူလိုင် ၂၄ ရက်က သေနတ်ပစ်မှုတစ်ခုဖြစ်ပွားရာ မြို့တော်၀န်ဟောင်းတစ်ဦးအပါအ၀င် လူ၃ ဦးသေဆုံးပြီး အခြားသူ ၂ဦး ဒဏ်ရာရရှိခဲ့သည်။ ယင်းသေနတ်ပစ်မှုသည် ဖိလစ်ပိုင်တောင်ပိုင်း Lamitan မြို့တော်၀န်ဟောင်း Rose Furigay ကို ပစ်မှတ်ထားပြီး လုပ်ကြံမှုဖြစ်ဟန်တူကြောင်း Quezon မြို့တော် ရဲချုပ် Remus Medina ကပြောသည်။သေနတ်သမားမှာ ဖမ်းဆီးရမိထားပြီး စစ်ဆေးမေးမြန်းနေကြောင်း သူကပြောသည်။

Read more

စင်ကာပူတွင် မျောက်ကျောက်ရောဂါဖြစ်ပွားနေသူ ၆ ဦးတွေ့ရှိထား

စင်ကာပူနိုင်ငံတွင် ယနေ့အထိ မျောက်ကျောက်ရောဂါဖြစ်ပွားနေသူ အမျိုးသား ၆ ဦးကို စစ်ဆေးတွေ့ရှိထားကြောင်း ကျန်းမာရေး၀န်ကြီးဌာနက ယနေ့ ဇူလိုင် ၂၄ တွင် သတင်းထုတ်ပြန်သည်။

သို့ရာတွင် ယင်းမျောက်ကျောက်ရောဂါကို ကာကွယ်ဟန့်တားရန်အတွက် လက်ရှိအခြေအနေတွင် ကျယ်ကျယ်ပြန့်ပြန့်(သို့)ကြီးကြီးမားမား ကန့်သတ်ချက်များ ပြဌာန်းရန် မလိုအပ်သေးကြောင်း စင်ကာပူရှိ ကျန်းမာရေးကျွမ်းကျင်သူများကပြောသည်။

Read more

ပီအက်စ်ဂျီမှာ ဆက်နေချင်တယ်လို့ နေမာ ပြော

ပီအက်စ်ဂျီမှာပဲ ဆက်နေချင်ပြီး သူအနေနဲ့ အသင်းနဲ့ ငါးနှစ်ကစားပြီးဖြစ်လို့ ဘယ်သူ့ကိုမှ သက်သေပြစရာ မလိုတော့ဘူးလို့ နေမာ ကပြောကြားပါတယ်။ မိမိရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ပီအက်စ်ဂျီ က မည်သူတစ်ဦးတစ်ယောက်ကမှ သူ့ကိုစကားလာပြောတာမရှိပေမယ့် သူ့အနေနဲ့ကတော့ ပြင်သစ်မြို့တော်မှာပဲ မက်ဆီ ၊ ဘက်ပေ တို့နဲ့အတူ ဆက်ကစားချင်တယ်လို့ ဘရာဇီးတိုက်စစ်မှူး က ပြောပါတယ်။

Read more

Tesla က Bitcoin ၇၅ ရာခိုင်နှုန်းကို ရောင်းလိုက်ပြီ

Tesla ရဲ့ အရာရှိတွေက ကုမ္ပဏီဟာ ဒေါ်လာ ၉၃၆ သန်းဖိုး Bitcoin ၇၅ ရာခိုင်နှုန်းကို ရောင်းချလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာ Tesla ဟာ Bitcoin မှာ ဒေါ်လာ ၁.၅ ဘီလီယမ်ဖိုး ရင်းနှီးမြှပ်နှံခဲ့ပြီး လျှပ်စစ်ကားတွေကို Bitcoin နဲ့ ရောင်းချခဲ့ပါတယ်။ Tesla ဟာ မတ်လမှာ Bitcoin နဲ့ ငွေပေးချေတာကို လက်ခံခဲ့ပြီး ၄၉ ရက်အကြာ မေလမှာ Bitcoin နဲ့ ငွေပေးချေတာကို ရပ်နားခဲ့ပါတယ်။

Read more

WHO က မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာ

မျောက်ကျောက်ရောဂါ(monkeypox)ကူးစက်ပျံ့နှံမှုနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ကမ္ဘာ့ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ယနေ့ ကြေညာလိုက်သည်ယခုကဲ့သို့ ခွဲခြားသတ်မှတ်ခြင်းမှာ WHO မှ ထုတ်ပြန်နိုင်သည့် အမြင့်ဆုံး သတိပေးချက်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းတွင် ရောဂါဖြစ်ပွားမှုများ မြင့်တက်လာမှုနောက်ဆက်တွဲဖြစ်သည်။

အဆိုပါကြေညာချက်မှာ WHO ၏ ဗိုင်းရပ်စ်ကူးစက်မှုဆိုင်ရာ အရေးပေါ် ကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးအပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။လက်ရှိတွင် နိုင်ငံပေါင်း ၇၅ နိုင်ငံတွင် ရောဂါကူးစက်ခံရသူပေါင်း ၁၆၀၀၀ ကျော်ရှိကြောင်း WHO ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဂီဘရီယေးဆပ် က ပြော ကြားသည်။

Read more

ကိုဗစ်(၁၉)ကူးစက်မှု ပြန်လည်ဖြစ်ပွားနေ၍ ရန်ကုန်မျက်စိဆေးရုံ လူနာကုသမှု ကန့်သတ်

ကိုဗစ်(၁၉)ရောဂါ ကူးစက်မှုများ ပြန်လည် ဖြစ်ပွားနေ၍ ရန်ကုန်မျက်စိရောဂါ အထူးကု ဆေးရုံကြီးမှ လူနာများကုသမှုကို ကန့်သတ်လိုက်ကြောင်း သိရသည်။ရန်ကုန်မျက်စိရောဂါအထူးကုဆေးရုံကြီးသို့ အွန်လိုင်းဘိုကင် ယူထားသူများပြန်ပြရန် ရက်ချိန်း ပေးထားသော လူနာများနှင့် အရေးပေါ်လူနာများသာ လက်ခံကုသပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အွန်လိုင်းဘိုကင် မရသူများအနေဖြင့် ဖုန်း ၀၉-၄၀၈၆၀၉၉၇၇ သို့ ရုံးဖွင့်ရက်များတွင် နံနက် ၈ နာရီမှ ညနေ ၄ နာရီအတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း ဖော်ပြထားသည်။

Read more

အာဆီယံချန်ပီယံရှစ် တတိယဆုရ မြန်မာ့လက် ရွေးစင်အမျိုးသမီးအသင်းဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀၀ ချီးမြှင့်ခံရ

ဖီလစ်ပိုင်နိုင်ငံ၌ ကျင်းပခဲ့သည့် ၂၀၂၂ အာဆီယံအမျိုးသမီးချန်ပီယံရှစ်တွင် တတိယဆုတံဆိပ်ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအား MFF အမျိုးသမီးဘောလုံးကော်မတီမှ ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀၀ ကို ဇူလိုင် ၂၀ ရက်ကပေး အပ်ချီးမြှင့်ခဲ့သည်။တတိယဆုရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုး သမီးအသင်း၏ အုပ်ချုပ်သူဒေါ်မြတ်မြတ်ဦးမှ  ပြိုင်ပွဲအတွင်း ကြုံတွေ့ခဲ့သည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

Read more