ပုပ္ပါးတောင် ဒေသကို အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ် သတ်မှတ်တည်ထောင်မည်

ပုပ္ပါးတောင် ဒေသအား အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ်သတ်မှတ်တည်ထောင်သွားနိုင်ရေး ဆောင်ရွက် နေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

ယင်းသို့ ဆောင်ရွက်ရခြင်းမှာ UNESCO ၏ ကမ္ဘာ့အဆင့် ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် အဆိုပြုနိုင်ရေး ကနဦး ဆောင် ရွက်ချက်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောသည်။

Read more

လျှပ်စစ်ယာဉ်ပြေးဆွဲရန် လိုအပ်မှုများဆောင်ရွက်မည်

လျှပ်စစ်သုံးယာဉ်တွေ ပြေးဆွဲဖို့လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေကို အကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက ပြောပါတယ်။ ဇူလိုင်(၂၆)ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲအသုံးပြုရေးနှင့်အခြေခံ အဆောက်အအုံများ အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ အခုလို ပြောကြားခဲ့တာပါ။ လျှပ်စစ်ယာဉ်တွေ အသုံးပြုနိုင်ဖို့အတွက် Charging Station၊ ကားပါကင်၊ ဈေးဝယ်စင်တာ၊ အဝေးပြေးလမ်းတွေမှာ အလွယ်တကူအားဖြည့်နိုင်ဖို့ အခြေခံအဆောက်အအုံတွေ ဆောင်ရွက်ရမှာြဖစ်တယ်လို့ ဆိုပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာ လုပ်ငန်းကော်မတီအနေနဲ့ ယာဉ်မောင်းသူတွေနဲ့ စီးနင်းသူတွေ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အချက်တွေကိုလည်း ထည့်သွင်းစဉ်းစားရမယ်လို့ ပြောကြားခဲ့ပါတယ်။ လျှပ်စစ်သုံးယာဉ်တွေ ပြေးဆွဲ အသုံးပြုရေးနဲ့ အခြေခံအဆောက်အအုံတွေ အကောင်အထည်ဖော်ရေး ကော်မတီအနေနဲ့ တာဝန်(၅)ရပ် ချမှတ်ပြီး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။  onenews

Read more

လျှပ်စစ်ကား ထုတ်လုပ်ရန်တိုယိုတာက အင်ဒိုနီးရှားတွင် ဒေါ်လာ ၁.၈ ဘီလီယံ ရင်းနှီးမြုပ်နှံမည်

ဂျပန် မော်တော်ကားထုတ်လုပ်ရေး ကော်ပိုရေးရှင်း တိုယိုတာက လျှပ်စစ်ကားများ ထုတ်လုပ်ရန်အတွက် လာမည့်ငါးနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံ၌ ၂၁ ဒသမ ၁ ထရီလီယံ ရူပီရာ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ) ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း အင်ဒိုနီးရှား စီးပွားရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၇ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံသည် လျှပ်စစ်ကား ဘက်ထရီ ထုတ်လုပ်ရာတွင် အရေးပါသော နီကယ်သတ္တုရိုင်းများ ပေါကြွယ်သည့်အတွက် လျှပ်စစ်ကား ထုတ်လုပ်ခြင်းနှင့် တင်ပို့ခြင်းတွင် ကမ္ဘာ့ အချက်အချာ နေရာတစ်ခုဖြစ်လာရန် ရည်မှန်းထားသည်။

Read more

ရုရှားအပေါ် မှီခိုရနည်းအောင် ဓာတ်ငွေ့ ၁၅% EU လျှော့သုံးမည်

ဥရောပမှာ ရုရှားရဲ့ ဓာတ်ငွေ့ အပေါ် မှီခိုရမှုကို လျှော့ချနိုင်ရေးအတွက် သဘာဝဓာတ်ငွေ့ အသုံးပြုမှုကို ၁၅ ရာခိုင်နှုန်း လျှော့ချရေး အစီအစဉ်ကို ဥရောပသမဂ္ဂ စွမ်းအင် ဝန်ကြီးတွေ အင်္ဂါနေ့မှာ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ သြဂုတ်လကနေ မတ်လ အတွင်း ဆန္ဒအလျောက် လျှော့ချရေး သဘောတူညီချက် ဖြစ်ပြီး လာမယ့် ဆောင်တွင်းလတွေ အကြိုမှာ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ ဓာတ်ငွေ့ သိုလှောင်ရေးကိုလည်း ခွင့်ပြုမှာ ဖြစ်ပါတယ်။

Read more

လက်ဝှေ့ဂန္ထဝင် မိုဟာမက်အလီ၏ WBC ရွှေခါးပတ်ကို ပေါင် ငါးသန်းကျော်ဖြင့် လေလံတင်ရောင်းချ

၁၉၇၄ ခုနှစ်တွင် လက်ဝှေ့ဂန္ထဝင် မိုဟာမက်အလီ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့် WBC ဟဲဗီးဝိတ်ချန်ပီယံရွှေခါးပတ်ကို ပေါင် ၅ ဒသမ ၁၅ သန်းဖြင့် လေလံတင်ရောင်းချခဲ့ကြောင်း သိရသည်။

လက်ဝှေ့သမိုင်းတစ်လျှောက် အထင်ရှားဆုံးပွဲတစ်ပွဲဖြစ်သည့် ” Rumble in the Jungle” ဟု ကျော်ကြားသော အဆိုပါလက်ဝှေ့ ပွဲကို အာဖရိကတိုက်ရှိ ဇိုင်ယာ(ယခု DR ကွန်ဂိုနိုင်ငံ)တွင် ပြုလုပ်ခဲ့ပြီး မိုဟာမက်အလီ က ပြိုင်ဘက် ဂျော့ချ်ဖိုမင်ကို ရှစ်ချီမြောက်တွင် အလဲထိုးဖြင့်အနိုင်ယူကာ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို ပြန်လည် ရရှိခဲ့ခြင်းဖြစ်သည်။

Read more

လက်ကျန်စာချုပ် ဖျက်သိမ်းပေးရန် စီရော်နယ်ဒို တောင်းဆို

မန်ယူနိုက်တက်အသင်း တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တဲ့ စီရော်နယ်ဒိုဟာ အသင်းနဲ့ လက်ကျန် တနှစ်သက်တမ်းရှိစာချုပ်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ စီရော်နယ်ဒိုဟာ အသင်းရဲ့ ရာသီကြိုလေ့ကျင့်ရေးခရီးစဉ်မှာလည်း လိုက်ပါခဲ့ခြင်းမရှိဘဲ အသင်းကနေ ထွက်ခွာဖို့ အေးဂျင့် မန်ဒက်စ်ကနေ တဆင့် ထွက်ခွာခွင့် တောင်းဆိုခဲ့ပါတယ်။ အသင်းဆီကို ပြန်ရောက်လာတဲ့ အချိန်မှာလည်း မန်ယူအသင်း တာဝန်ရှိသူတွေနဲ့ တရားဝင်ဆွေးနွေးခဲ့ပြီး လက်ကျန်စာချုပ်ကို ဖျက်သိမ်းပြီး အသင်းပြောင်းရွှေ့ခွင့် ထပ်မံတောင်းဆိုခဲ့တာပါ။ မန်ယူအသင်းဘက်က အဖြေမပေးနိုင်သေးချိန်မှာ ရော်နယ်ဒိုကတော့ ပရော်ဖက်ရှင်နယ် ပီသစွာ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ တဖက်မှာတော့ ဘိုင်ယန်မြူးနစ်နဲ့ အက်သလက်တီကို အသင်းတွေက စီရော်နယ်ဒိုကို ခေါ်ယူမှာမဟုတ်ကြောင်း အတည်ပြုထားကြပါတယ်။

Read more

တစ်နှစ်အတွင်း ကွေးညွတ်စမတ်ဖုန်း ၁၀ သန်းနီးပါး ရောင်းချနိုင်ခဲ့သည့် ဆမ်ဆောင်း

ကွေးညွှတ်စမတ်ဖုန်းတွေဟာ လက်ရှိစမတ်ဖုန်းဈေးကွက်မှာ တဖြည်းဖြည်းကြီးထွားလာနေတယ်ဆိုတာ သူတို့ရဲ့ အရောင်းပမာဏက ထင်ဟပ်နေပြီး တောင်ကိုရီးယားအခြေစိုက် ဆမ်ဆောင်းကတော့ ၂၀၂၁ ခုနှစ် တစ်နှစ်တည်းမှာပင် ကွေးညွှတ်စမတ်ဖုန်း ၁၀ သန်းနီးပါး တင်ပို့ရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီပမာဏဟာ ၂၀၂၂ ခုနှစ်ကထက် ၃၀၀ ရာခိုင်နှုန်းရောင်းအားတက်လာတာဖြစ်ပြီး စမတ်ဖုန်းဈေးကွက်ရဲ့ကြီးမားတဲ့ ဈေးကွက်ဝေစုကို ကွေးညွှတ်စမတ်ဖုန်းတွေက နေရာယူထားတာဖြစ်ပြီး လာမယ့်နှစ်တွေမှာ ပိုမိုကျယ်ပြန့် လာမယ်လို့ ဆမ်ဆောင်းရဲ့ မိုလ်ဘိုင်းဌာနဥက္ကဋ္ဌဖြစ်သူ တီအမ်ရို့က ပြောပါတယ်။

Read more

မြန်မာနိုင်ငံ၏ ကနဦးကန့်ကွက်ချက်များအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ သဘောထားထုတ်ပြန်ကြေညာချက် အမှတ်စဉ်(၁/၂၀၂၂) ၁၃၈၄ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ( ၁၄ ) ရက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ( ၂၆ ) ရက်

 


Read more

ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကျင်းပ

ပဲခူး

ပဲခူးတိုင်းဒေသကြီး(အရှေ့) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ တိုင်း ခရိုင် မြို့နယ်ပါတီကော်မတီဝင် များ၏ ပါတီလုပ်ငန်းညှိုနှိုင်းဆွေးနွေးပွဲအား  ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းပါတီရုံးချုပ်အစည်းအဝေး ခမ်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

Read more