ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်သမားရေးရာတာဝန်ခံ ဦးမောင်မြင့် ပဲခူးတိုင်းဒေသကြီး(အရှေ့)ရှိ အလုပ်ရုံ /စက်ရုံများသို့သွားရောက်၍ ပြည်သူများနှင့်တွေ့ဆုံ

Read more

ဂျပန် ကုမ္ပဏီ (၄၀၀)ကျော်က မြန်မာအလုပ်သမား (၁၄၀၀) ဝန်းကျင် ခေါ်ယူမည်

ဂျပန် ကုမ္ပဏီ (၄၀၀)ကျော်က မြန်မာအလုပ်သမား (၁,၄၀၀) ဝန်းကျင်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ကမ်းလှမ်းခေါ်ယူမည်ဟု ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အသိပေးချက်အရ သိရသည်။
ဂျပန် ကုမ္ပဏီ (၄၃၁) ခုက မြန်မာအလုပ်သမား (၁,၄၀၀)ဝန်းကျင်ခေါ်ယူမည်ဖြစ်ပြီး အမျိုးသမီးအလုပ်သမား (၁,၀၀၀) ကျော်နှင့် အမျိုးသားလုပ်သား (၃၀၀) ကျော် ခေါ်ယူခြင်း ဖြစ်သည်။
အဓိကအားဖြင့် သက်ကြီးစောင့်ရှောက်ရေး၊စားသောက်ကုန်ထုတ်လုပ်ရေး နှင့် ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ထောင်ကျော်ကို ခေါ်ယူထားခြင်းဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနက ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာပါအချက်အလက်များကို စိစစ်ပြီး ထုတ်ပြန်ပေးနေကြောင်းလည်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
ထို့ပြင် အလုပ်ခေါ်သည့် ကုမ္ပဏီနှင့် စက်ရုံများသည် တရားဝင်တည်ထောင်ထားခြင်း ရှိ၊မရှိ နှင့် စာရွက်စာတမ်းအထောက်အထားများကို စိစစ်နေကြောင်းလည်း သိရသည်။

Read more

One 170 ပြိုင်ပွဲမှာ Suriyanlek Por Yenying နဲ့ ပါဝင်ထိုးသတ်မယ့် သန့်ဇင်

သန့်ဇင်ကို Suriyanlek Por Yenying နဲ့ One 170 ပြိုင်ပွဲကြီးမှာ ထည့်သွင်းလိုက်ပါတယ်။ One Championship ကတော့ စာချုပ်ကြီးမရသေးတဲ့ သန့်ဇင်ကို ပွဲကြီးတွေမှာ ပွဲထုတ်နေပါပြီ။ အဓိကတော့ ဒီပြိုင်ပွဲကြီးထဲမှာ မြန်မာပရိတ်သတ်တွေများများလာဖို့ One ဘက်က ​မြန်မာပရိတ်သတ်ဝန်းရံမှုရှိတဲ့ မြန်မာဖိုက်တာတွေနဲ့ ပွဲထုတ်နေတာပါ။ သန့်ဇင်ရဲ့ ပြိုင်ဘက် Suriyanlek Por Yenying ဟာ အသက်က 28 နှစ်ရှိပြီဖြစ်ပြီး အရပ်က 5 ပေ 2 လက်မပဲရှိလို့ သန့်ဇင်က ပိုရှည်ပါတယ်။ One မှာ 9 ပွဲထိုးထားပြီး 6 ပွဲနိုင်ထားပါတယ်။

Read more

လိဂ်ရှုံးထွက်ဖလား ကွာတားဖိုင်နယ်တွင် မန်ယူနှင့် စပါး ထိပ်တိုက်တွေ့ဆုံ

အင်္ဂလန်လိဂ်ဖလား ကွာတားဖိုင်နယ်မဲခွဲပွဲပြီးနောက် မန်ယူအသင်းဟာ စပါးအသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ လက်ရှိချန်ပီယံ လီဗာပူးအသင်းကတော့ ပရီးမီးယားလိဂ်မှာရုန်းကန်နေရတဲ့ ဆောက်သမ်တန်ကို အဝေးကွင်းမှာကစားရမှာပါ။ အာဆင်နယ်ကတော့ လန်ဒါဒါဘီပြိုင်ဘက် ပဲလေ့စ်ကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ပြီး နယူးကာဆယ်ကလည်း ဘရန့်ဖို့ကို အိမ်ကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အင်္ဂလန်လိဂ်ဖလားကွာတားဖိုင်နယ်ပွဲတွေကို ဒီဇင်ဘာလ(၁၆)ရက်မှာ ကစားသွားမှာဖြစ်ပါတယ်။ အင်္ဂလန်လိဂ်ဖလား ကွာတားဖိုင်နယ်ကို အင်္ဂလန်ဖွတ်ဘောလိဂ်ကလပ်အသင်းတွေ တစ်သင်းမှအတက်ရောက်နိုင်ခဲ့တာဟာ (၁၄)နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။
အင်္ဂလန်လိဂ်ဖလားကွာတားဖိုင်နယ်ပွဲစဉ်များ
=================================
စပါး vs မန်ယူ
အာဆင်နယ် vs ပဲလေ့စ်
နယူးကာဆယ် vs ဘရန့်ဖို့ဒ်
လီဗာပူး vs ဆောက်သမ်တန်

Read more

ByteDance တည်ထောင်သူ ရှန်ရီမင် တရုတ်မှာ အချမ်းသာဆုံးဖြစ်

ဟောင်ကောင်၊အောက်တိုဘာ ၃၀
တရုတ်အင်တာနက်ကုမ္ပဏီတစ်ခုဖြစ်သည့် ByteDance ကို တည်ထောင်သူ ရှန်ရီမင်သည် တရုတ်နိုင်ငံမှအချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်း၏ ထိပ်ဆုံးသို့ရောက်ရှိလာကြောင်းသိရသည်။
နှစ်စဉ်ထုတ်ပြန်နေကျ တရုတ်၏အကြွယ်ဝဆုံးပုဂ္ဂိုလ်များစာရင်း Hurun China Rich List အရ ယခုနှစ်အတွက် ထိပ်တန်းသူဌေးသည် စုစုပေါင်း ဒေါ်လာ ၃ ထရီလျံပိုင်ဆိုင်မှုရှိပြီး အကြွယ်ဝဆုံးအဖြစ် ယမန်နှစ်ကသတ်မှတ်ခဲ့သည် သတ်မှတ်ချက်အောက် ၁၀ ရာခိုင်နှုန်းကျဆင်းသွားသည်ဟုလည်းဆိုသည်။
အသားတင်ပိုင်ဆိုင်မှုကို အမေရိကန်ဒေါ်လာဖြင့်တွက်ချက်ပြီးသတ်မှတ်ခံရသည့် ဘီလျံနာအရေအတွက်သည်လည်း753ဦးသို့ကျဆင်းသွားပြီး ယခင်နှစ်ကထက် ၁၄၂ ဦးလျော့သွားကြောင်းသိရသည်။
Hurun ၏ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်တွင် ဘီလျံနာ ၁,၁၈၅ ဦးအထိရှိခဲ့သော်လည်း နောက်ပိုင်းတွင်လျော့နည်းလာခဲ့သည်။ယခုသုံးနှစ်အတွင်း တရုတ်၏ ဘီလျံနာစာရင်းသည် ထင်မထားလောက်အောင်လျော့ကျလာခဲ့သည်ဟုလည်းသိရှိရသည်။
ByteDance ကုမ္ပဏီသည် TikTok အပါအဝင် အခြားဆိုရှယ်မီဒီယာပလပ်ဖောင်းများလည်းပါဝင်သည့် အင်တာနက်ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။
Source : ရှင်းဟွာ

Read more

ယူကရိန်းကိုတိုက်ရန် မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၀,၀၀၀ ရုရှားသို့ စေလွှတ်ထားကြောင်း ပင်တဂွန်ပြောဆို

မြောက်ကိုးရီးယားသည် လာမည့်သီတင်းပတ်များစွာအတွင်း ယူကရိန်းကို တိုက်ခိုက်ရန်နှင့် လေ့ကျင့်ရန်အတွက် ရုရှားသို့ တပ်ဖွဲ့ဝင် ၁၀,၀၀၀ ခန့် စေလွှတ်ခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
မြောက်ကိုရီးယား စစ်သားအချို့သည် ယူကရိန်းသို့ နီးကပ်လာနေပြီဟု ပင်တဂွန်ပြောခွင့်ရအမျိုးသမီး ဆာဘရီနာဆင်းက ပြောကြားပြီး ယူကရိန်း၏ထိုးစစ်ဆင်မှုကို ရုရှားက ပြန်လည်တွန်းလှန်ရန် ရုန်းကန်နေရသည့် Kursk နယ်စပ်ဒေသသို့ ဦးတည်သွားနေကြသည်ဟု ယုံကြည်ကြောင်းကိုလည်း သူမကပြောသည်။
နေတိုးအတွင်းရေးမှူးချုပ် မာ့ခ်ရုတ်ကလည်း မကြာသေးမီကသိရသော ယူကရိန်းထောက်လှမ်းရေးသတင်းများကို အတည်ပြုခဲ့ပြီး မြောက်ကိုးရီးယားစစ်တပ်အချို့ Kursk ဒေသတွင်ရှိနေပြီဖြစ်ကြောင်းကို တနင်္လာနေ့အစောပိုင်းကပင် အတည်ပြုပြောကြားခဲ့သည်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပ၏ အကြီးမားဆုံး ပဋိပက္ခတွင် မြောက်ကိုရီးယားစစ်သား ထောင်ပေါင်းများစွာကို ပေါင်းထည့်ခြင်းသည် အလွန်ပင်ပန်းနွမ်းနယ်နေပြီဖြစ်သော ယူကရိန်းစစ်တပ်အပေါ် ဖိအားများ ပိုမိုသက်ရောက်စေမည်ဖြစ်ကြောင်း သူကဆိုသည်။

Read more