အရေးပေါ်ကာလကို ဩဂုတ် ၁၄ ရက်အထိ သီရိလင်္ကာအစိုးရ တိုးမြှင့်ကြေညာ

လူထုအုံကြွမှုကြောင့် ယခုလ ၁၃ ရက်နေ့ကတည်းက ကြေညာခဲ့တဲ့ နိုင်ငံတော်အရေးပေါ်ကာလ သတ်မှတ်ချက်ကို ဩဂုတ်၁၄ရက်အထိ တိုးမြှင့်လိုက်ကြောင်း သီရိလင်္ကာလွှတ်တော်က အတည်ပြုကြေညာခဲ့ပါတယ်။

အကြီးမားဆုံးစီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်နေရတဲ့သီရိလင်္ကာနိုင်ငံမှာ အရေးပေါ် ကာလတိုးမြှင့်ခြင်းနဲ့ ပတ်သက်ပြီး လွှတ်တော်ထဲမှာ သဘောထားကွဲလွဲခဲ့ကြတာကြောင့် မဲခွဲဆုံးဖြတ်ခဲ့ရာမှာ ထောက်ခံမဲ ၁၂၀ ၊ ကန့်ကွက်မဲ ၆၃ မဲနဲ့ ထုတ်ပြန်ကြေညာနိုင်ခဲ့တာဖြစ်ပါတယ်။

Read more

ယခုနွေရာသီ၌ မန်စီးတီးအသင်း၏ ပရီးမီးယားလိဂ်သမိုင်းတွင် ကစားသမားရောင်းချမှုမှ စံချိန်တင်ဝင်ငွေ ရရှိခဲ့

ပရီးမီးယားလိဂ်ထိပ်သီးကလပ်အသင်းတစ်သင်းဖြစ်သည့် မန်စီးတီးအသင်းသည် ယခုနွေရာသီတွင် အသင်းသမိုင်း တစ်လျှောက် ကစားသမားရောင်းချမှုမှ စံချိန်တင်ဝင်ငွေ ရရှိခဲ့ကြောင်း သိရှိရသည်။ မန်စီးတီးအသင်းသည် ယခုအပြောင်းအရွှေ့ကာလအတွင်း အသင်း၏ ထိပ်တန်းကစားသမား (၃)ဦးကို ပရီးမီးယားလိဂ်ပြိုင်ဘက် အသင်းများထံ ရောင်းချခဲ့ခြင်းအပါအဝင် စုစုပေါင်း ကစားသမားရောင်းချမှု (၁၀) ခုပြုလုပ်ခဲ့ရာ ပေါင် (၁၇၄)သန်း အထိ ရရှိခဲ့သည်။ မန်စီးတီးအသင်းသည် တောင်ပံကစားသမား စတာလင်အား ချယ်လ်ဆီးအသင်းထံသို့ ရောင်းထုတ်ခဲ့ပြီး ဂျေးဇူးနှင့် ဇင်ချန်ကိုတို့ကို အာဆင်နယ်အသင်းထံသို့ ရောင်းထုတ်ခဲ့ခြင်းဖြစ်သည်။ ယင်းကစားသမား (၃)ဦးအတွက် ရောင်းချရမှုဝင်ငွေမှာ ပေါင် (၁၂၅)သန်းဝန်းကျင်ရှိခဲ့သည်။ စတာလင်အတွက် ချယ်လ်ဆီးအသင်းထံမှရရှိခဲ့သည့် ပြောင်းရွှေ့ကြေးငွေက အများဆုံးဖြစ်ပြီး အပိုထပ်ဆောင်း ကြေးများ မပါမီမှာပင် ပေါင် (၄၇.၅) သန်းအထိ ရှိနေသည်။ မန်စီးတီးအသင်းသည် စတာလင်အား လီဗာပူးလ်အသင်းထံမှ ပေါင်သန်း (၅၀)ဖြင့် ခေါ်ယူထားခြင်းဖြစ်သည်။

Read more

မာတီနက်ဇ်ကို ပေါင် ၅၇ သန်းဖြင့် မန်ယူခေါ်ယူ

ပရီးမီးယားလိဂ်ကလပ် မန်ယူဟာ အာဂျင်တီးနားနောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ကို ပေါင် ၅၇ သန်းနဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် မာတီနက်ဇ်ဟာ ၂၀၁၉ ခုနှစ်မှာ နယ်သာလန်ကလပ် အေဂျက်ဇ်အသင်းကို စတင်ရောက်ရှိခဲ့သလို အခုတော့ မန်ယူအသင်းမှာ နည်းပြ တန်ဟတ်နဲ့ ပြန်လက်တွဲခွင့် ရတော့မှာပါ။ မန်ယူအသင်းနဲ့အတူ (၅)နှစ်စာချုပ်ချုပ်ခဲ့တာကြောင့် မာတီနက်ဇ်အနေနဲ့ ၂၀၂၇ ခုနှစ်အထိ အိုးလ်ထရက်ဖို့ဒ်မှာ ရှိနေခွင့်ရခဲ့ပြီဖြစ်ပါတယ်။ ခမ်းနားတဲ့အသင်းကို ရောက်ရှိလာတာက ဂုဏ်ယူစရာဖြစ်သလို အချိန်ပေး ကြိုးစားအားထုတ်ခဲ့မှုတွေက အောင်မြင်မှုတွေရယူဖို့ အထောက်အပံ့ဖြစ်လာလိမ့်မယ်လို့ မာတီနက်ဇ် ကဖွင့်ဟခဲ့ပါတယ်။ အာဂျင်တီးနားကလပ်တွေဖြစ်တဲ့ နယူးဝဲလ်အိုးလ်ဘွိုင်းစ်နဲ့ ဒီဖန်ဆာတို့မှာ ကစားခဲ့တဲ့ မာတီနက်ဇ်ဟာ အေဂျက်ဇ်အတွက် ပွဲ ၁၂၀ ကစားပြီး ၆ ဂိုးသွင်းယူခဲ့သလို အာဂျင်တီးနားအသင်းအတွက်လည်း ၇ ပွဲ ပါဝင်ကစားခွင့်ရထားပါတယ်။

Read more

ရုရှားက 5G ကို ကျော်ပြီး ကိုယ်ပိုင် 6GB ကွန်ရက် တည်ဆောက်မည်

ရုရှားက 5G ကွန်ရက်ကို မတည်ဆောက်တော့ဘဲ 6G ကွန်ရက်ကို တိုက်ရိုက် တည်ဆောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ၂၀၂၅ ခုနှစ်မှာ Skolkovo Institute of Science and Technology နဲ့ the Institute of Radio Manufacturing Science တို့ဟာ 6G ဆက်သွယ်ရေး စံနှုန်းကို သုတေသနပြုဖို့ ရူဘယ် ၃၀ ဘီလီယမ်ကျော် ရရှိမှာပါ။ရုရှား ဒုတိယဝန်ကြီး Dmitry Chernyshenko က ဩဂုတ်လ ၁ ရက်နေ့မှာ 6G ကို သုတေသနပြုဖို့အတွက် ရန်ပုံငွေတွေ ထောက်ပံ့ဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို ပြောထားပါတယ်။

Read more

နဝကမ္မဝတ္ထုငွေနှင့်ဆေးဝါးလှူဒါန်း

လားရှိုး ဇူလိုင် ၂၇

ရှမ်းပြည်နယ်မြောက်ပ်ုင်း လားရှိုးမြို့ နတ်မောက်ရွှေဥယဉ်တောရကျောင်းတွင် သီတင်းသုံးနေသော ကမ္မဋ္ဌာနာစရိယ ကျောင်းထိုင် ဆရာတော် ကျန်းမာရေးအတွက်ဆေးကုသရန်ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ ခရိုင်ဘဏ္ဍာရေးမှူး ဦးဆောင်၍ ပါတီဝင်များမှ နဝကမ္မဝတ္ထုငွေနှင့် လိုအပ်သော ဆေးဝါးအချို့ကို

ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။


Read more

ရန်ကုန် အရှေ့ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီ ခရိုင်နှင့် မြို့နယ်ပါတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရန်ကုန် ဇူလိုင် ။ ။ ၂၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်း တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ပါတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ နေ့လည်( ၁ )နာရီအချိန်တွင် မင်္ဂလာတောင်ညွန့် မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

Read more

သီလရှင်ကျောင်းဆောက်လုပ်ရာ၌ ပါဝင်လုပ်အားဒါနပြု

မိုးမိတ် ဇူလိုင် ၂၇

မိုးမိတ်မြို့ လက်ခုတ်တန်းရပ်ကွက်ရှိအေးမြချမ်းသာသီလရှင်ကျောင်းရှိ ဆောက်လုပ်ဆဲနှစ်ထပ်ကျောင်းဆောင် ဒုတိယထပ်ဆလစ်လောင်းရာတွင်မိုးမိတ်ခရိုင်နှင့် မြို့နယ်ဥက္ကဌတို့ဦးဆောင်ပြီးပါတီဝင် (၂၁)ဦးတို့မှ လုပ်အား ဒါနကုသိုလ်ပါဝင်ခဲ့ကြပါသည်။


Read more

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဆန်၊ ဆီ၊ ဆား သွားရောက်လှူဒါန်း

မန်တုံ ဇူလိုင် ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့ အမှတ်( ၁)ရပ်ကွက် အောင်ချမ်းသာ (မန်တောက်)ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ပညာသင်ကလေးများနှင့်ဆရာ/ဆရာမများ ရဟန်း သံဃာတော်များနှင့် ရှင်သာမဏေများ သီလရှင်များ စုစုပေါင်း (၃၆၄)ဦးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဆန်(၁၀)အိတ်၊ မန်တုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဆီ (၂ )ပုံး အိုင်အိုဒင်းဆား (၂)အိတ်တို့ကို ပြည်နယ်ပြည်ခိုင်ဖြိုးပါတီကိုယ်စား  မန်တုံမြို့နယ်ပါတီ ဥက္ကဌနှင့် ကော်မတီဝင်များ သွားရောက်လှူဒါန်းခဲ့ပါသည်။

Read more

မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နေ့ဆွမ်းကပ်လှူခြင်းနှင့် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်း

ဇူလိုင် ၂၇။ ။ တောင်ညွန့်

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဟင်္သာတ​ကျောင်းတိုက်ရှိ ဝါဆိုသံဃာများအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းမှုကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ နံနက်( ၉ )  နာရီအချိန်တွင်ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွက်ဆိုဖွင့်လှစ်ပြီး မြို့နယ်သံဃာ့နာယက ဥက္ကဌ ဟင်္သာတကျောင်း ဆရာတော် သီလပေးတရားဟောကြား၍ ဝါဆိုသက်န်းနှင့် လှုဖွယ်ပစည်းများဆပ်ကပ်လှုဒါန်းကြပါသည်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၁၁) ဦး တွေ့ရှိ

(၂၆-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၇-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၇၆၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၁၁) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း မှာ (၀.၁၉) ရာခိုင်နှုန်း ရှိပါသည်။

Read more