မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်ဇနီးကို သေနတ်ဖြင့် ပစ်ခတ်သူများကို ဖမ်းဆီးရမိကြောင်း ထုတ်ပြန်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာ ၏ ကျေးရွာအုပ်ချုပ်ရေးမှူးဦးဝင်းနိုင်ထွန်းနှင့် ဇနီးဖြစ်သူ ဒေါ်ဟေမာလွင်တို့အား သေနတ်ဖြင့် မသေ မချင်းပစ်သတ်ခဲ့သူ ၈ ဦးအား လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည် ဟု နစက မှထုတ်ပြန်ခဲ့သည်။

ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဇနီးဖြစ်သူတို့အား သတ်ဖြတ်ခဲ့သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များ က စုံစမ်းစစ်ဆေးခဲ့ရာမှ သြဂုတ် ၃ ရက်တွင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Read more

ဆွီဒင်နှင့် ဖင်လန် နေတိုးဝင်ခွင့် ကန်အထက်လွှတ်တော် အတည်ပြု

ရုရှား-ယူကရိန်း အရေးအခင်းနှင့် ပတ်သက်၍ ရုရှား၏ လုပ်ရပ်ကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် အထက်လွှတ်တော်သည် ဩဂုတ်လ ၃ ရက် ဗုဒ္ဓဟူးနေ့တွင် ဖင်လန်နိုင်ငံနှင့် ဆွီဒင်နိုင်ငံတို့အား နေတိုးအဖွဲသို့ ဝင်ရောက်ခွင့် အတည်ပြုလိုက်ပြီ ဖြစ်သည်။

နိုင်ငံပေါင်း ၃၀ ဖြင့်ဖွဲ့စည်းထားသော နေတိုးမဟာမိတ်အဖွဲ့၏ ၁၉၉၀ပြည့်နှစ်များ နောက်ပိုင်း အထင်ရှားဆုံး အဖွဲ့ဝင် တိုးချဲ့မှုဖြစ်လာသည်။

Read more

ကျွမ်းကျင်လုပ်သားများနှင့်ရင်းနှီးမြုပ်နှံသူများကို ထိုင်းက ဆယ်နှစ်ဗီဇာပေးမည်

ထိုင်းနိုင်ငံသည် ကျွမ်းကျင်လုပ်သားများနှင့် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်သည့်အနေဖြင့် ၁၀ နှစ်ဗီဇာကို လာမည့်စက်တင်ဘာလတွင်စတင်ထုတ်ပေးသွားမည်ဖြစ်ပြီး ယခုအစီစဉ်သည်နောက်ငါးနှစ်အတွင်း ဂျပန်နိုင်ငံနှင့် အခြားအဆင့်မြင့်စီးပွားရေးနိုင်ငံများကို ခေါ်ယူရန်ရည်ရွယ်သည့် လုပ်‌ေဆာင်မှုတစ်ခုဖြစ်သည်။

မော်တော်ကား၊ အီလက်ထရွန်းနစ်နှင့် ဇီဝနည်းပညာကဲ့သို့သော အဓိကကဏ္ဍများကို ယှဉ်ပြိုင်နိုင်စေရန်အတွက် ရေရှည်ဗီဇာကို ထုတ်ပေးခြင်းဖြစ်သည်။

Read more

အကြိမ် ၂၀ မြောက် အာဆီယံတက္ကသိုလ်အား ကစားပြိုင်ပွဲ၌ မြန်မာတက္ကသိုလ်အသင်း ပထမဆုံးရွှေတံဆိပ်ဆု ဆွတ်ခူးရရှိ

ထိုင်းနိုင်ငံ၊အူဘွန်ရတ်ချဌာနီမြို့၌ ဇူလိုင် ၂၆ ရက်ကစတင်၍ ကျင်းပလျက်ရှိသည့် အကြိမ် ၂၀ မြောက် အာဆီယံ တက္ကသိုလ်အားကစားပြိုင်ပွဲ၌ မြန်မာတက္ကသိုလ်အသင်း၏ ပထမဆုံးရွှေတံဆိပ်ဆုအား ဝူရှူးအားကစားနည်းမှ စတင်ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရွှေတံဆိပ်ဆုအား သြဂုတ် ၄ ရက်ကကျင်းပသည့် ဝူရှူးပြိုင်ပွဲ၏ ပွဲစဉ် ၄ အမျိုးသမီးထိုက်ချိချွမ်ပြိုင်ပွဲတွင် မမြတ်နိုးအိမ် ကရမှတ် ၉ ဒသမ ၆၅ မှတ်ဖြင့် ရွှေတံဆိပ်ဆု ရရှိခဲ့ခြင်းဖြစ်သည်။

Read more

ပြင်သစ်ကလပ် နိုက်စ်အသင်းကို ကက်စပါရှမိုက်ကယ် ပြောင်းရွှေ့

ဒိန်းမတ်ဂိုးသမား ကက်စပါရှမိုက်ကယ်ဟာ ၁၁ နှစ်ကြာ ကစားခဲ့တဲ့ လက်စတာအသင်းကနေ ထွက်ခွာပြီး ပြင်သစ်ကလပ် နိုက်စ်အသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ် ရှမိုက်ကယ်ဟာ လက်စတာ အသင်းနဲ့အတူ ၄၇၉ ပွဲအထိ ပါဝင်ကစားခဲ့သလို ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်း ချန်ပီယံ ဆုတွေကိုရရှိခဲ့သူပါ။ နိုက်စ်အသင်းအနေနဲ့ အစောပိုင်းကလည်း ဂျူဗင်တပ်နဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ ဝေးလ်ကွင်း လယ်လူ ရမ်ဆေးကို ခေါ်ယူနိုင်ခဲ့သေးတာဖြစ်ပါတယ်။ နည်းပြဘရန်ဒန်ရော်ဂျာရဲ့ လက်စတာအသင်းကတော့ ဘဏ္ဍာရေးအခြေအနေကြောင့် ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ  ရာသီသစ်အတွက် ကစားသမားသစ် မခေါ်နိုင် သေးတဲ့ တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်နေရတာပါ။ မန်စီးတီးအသင်းနဲ့ ကစားသမားဘဝ စတင်ခဲ့တဲ့ ရှမိုက်ကယ်ဟာ ကလပ်ပွဲပေါင်း ၆၅၁ ပွဲ ကစားထားသလို ဒိန်းမတ်လက်ရွေးစင်အဖြစ်လည်း ၈၄ ပွဲ ပါဝင်ခွင့်ရထား ပါတယ်။

Read more

အီလက်ထရောနစ် စစ်ပွဲမှာ ယူကရိန်းကို အနိုင်ရနေတဲ့ ရုရှား

ရုရှားနဲ့ ယူကရိန်း စစ်ပွဲမှာ အီလက်ထရောနစ် နည်းပညာတွေကို ထုတ်သုံးနေကြပြီး ရုရှားဟာ အီလက်ထရောနစ် စစ်ပွဲမှာ ယူကရိန်းကို အသာရနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ အခုဆိုရင် စစ်ပွဲ ဖြစ်နေတာ ၆ လကြာပြီ ဖြစ်ပြီး ရုရှားရဲ့ အီလက်ထရောနစ် စစ်ပွဲ (EW) စနစ်တွေဟာ အဓိက အခန်း ကဏ္ဍကနေ ပါဝင်နေပါတယ်။EW မှာ ဟာ့ဒ်ဝဲနဲ့ ဆော့ဖ်ဝဲ စနစ်တွေ ပေါင်းစပ်ထားပြီး ရန်သူ့ ဆက်သွယ်ရေးကို ခြေရာခံတာ၊ ကြားဖြတ်ဖမ်းယူတာနဲ့ Jam လုပ်တာတွေ ပြုလုပ်နိုင်ပါတယ်။ ဇွန်လမှာ Associated Press က အဲဒီ စနစ်တွေကို ယူကရိန်း အရှေ့ပိုင်းမှာ ပိုမို သုံးလာကြတယ်လို့ ပြောပါတယ်။

Read more

သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အဌမအကြိမ်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

ဩဂုတ် ၃၊ သံတွဲ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အဌမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဆရာတော် သံဃာတော်များအား ပင့်ဖိတ်ပြီး ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့ နံနက် ၀၈:၀၀ နာရီအချိန်တွင် ခရိုင်ပါတီးရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဗဟိုအရံကော်မတီဝင် မြို့နယ်ဥက္ကဌ ဦးစန်းနိုင်နှင့်ကော်မတီဝင်များ၊ ပြည်နယ်ကော်မတီဝင် ဦးဇော်သန်းဦး၊ ခရိုင်ဘဏ္ဍာရေးမှူး ဦးသန်းနိုင်၊ ခရိုင်ကော်မတီဝင် ဒေါ်ခင်မူ၊ ရပ်/ကျေး ပါတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ လူငယ်နှင့်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပါတီမိတ်ဆွေများ စုစုပေါင်းအင်အားတက်ရောက်ကြပြီး(၁၀၀)ကျော် ဆရာတော်များထံမှ ငါးပါးသီလခံယူပြီးနောက် ဝါဆိုသက်န်းနှင့် နဝကမ္မ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြပြီး ဧည့်ပရိတ်သတ်များအား ဒန်ပေါက်ဆွမ်းဖြင့် ဧည့်ခံကျွေးခဲ့သည်။

Read more

ရုရှား-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးနှင့်စီးပွား‌ရေး ကော်မရှင်အစည်းအဝေးတွင် လက်တွေ့ကျသောကဏ္ဍများ ထည့်သွင်းဆွေးနွေးရန် အတည်ပြု

ယခုနှစ်ဝက်တွင် ပြုလုပ်ရန်ရှိသည့် ရုရှား-မြန်မာ ကုန်သွယ်ရေးနှင့်စီးပွားရေး အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု ကော်မရှင်၏ တတိယအကြိမ်မြောက်အစည်းအဝေးတွင် လက်တွေ့ကျသောနှစ်နိုင်ငံ ကုန်သွယ်ရေးနှင့်စီးပွားရေး ကဏ္ဍများကိုဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။သြဂုတ် ၃ရက်တွင် မြန်မာနိုင်ငံသို့ရောက်ရှိလာသော ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလားရော့ဗ်နှင့် နစကဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့တွေ့ဆုံအပြီး ယင်းသို့အပြန်အလှန် ကတိကဝတ် ပြုခဲ့ခြင်းလည်း ဖြစ်သည်ဟုသိရသည်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၁၈) ဦး တွေ့ရှိ

(၂-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (5,595) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၁၈) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၃၂) ရာခိုင်နှုန်း ရှိပါသည်။

Read more

ထိုင်းနိုင်ငံသို့ အမ်အိုယူလုပ်သား ၈၀၀ ကျော် ထပ်မံသွားရောက်

ထိုင်းနိုင်ငံသို့ အမ်အိုယူလုပ်သား ၈၀၀ ကျော် ထပ်မံသွားရောက်ခွင့်ရရှိကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီများထံမှ သိရသည်။ ဩဂုတ် ၁ ရက်က မြ၀တီ- မဲဆောက် ချစ်ကြည်ရေး အမှတ်(၂) တံတားမှတစ်ဆင့် ထိုင်းနိုင်ငံသို့ သွားရောက်ခွင့် ရခဲ့ခြင်းဖြစ်ပြီး Myanmar Experience Link Co., Ltd. အေဂျင်စီ၊ New Covenant အေဂျင်စီ၊ ထူးသစ်ဇေအေဂျင်စီ၊ ယွန်းနဒီဦး အေဂျင်စီ၊ Arbourfield Manpower အေဂျင်စီ၊ ထရိန်းဝင်း အေဂျင်စီကုမ္ပဏီများက တာဝန်ယူ ပို့ဆောင်ပေးကြောင်းလည်း သိရသည်။

Read more