အိန္ဒိယရှိ ဖို့ဒ်မော်တော်ကားစက်ရုံကို ဒေါ်လာ ၉၁ ဒသမ ၅ သန်းဖြင့် တာတာကုမ္ပဏီဝယ်ယူ
အိန္ဒိယ မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီတာတာဟာ အနောက်ဂူဂျာရက်ပြည်နယ်မှာရှိတဲ့ ဖို့ဒ်မော်တော်ကား ထုတ်လုပ်ရေးစက်ရုံကို ဒေါ်လာ ၉၁ ဒသမ ၅ သန်းနဲ့ ဝယ်ယူဖို့ သဘောတူလိုက်ပါတယ်။တာတာကုမ္ပဏီဟာ သူ့ရဲ့မော်တော်ကား ထုတ်လုပ်ရေးလုပ်ငန်းကို မြှင့်တင်ဖို့ကြိုးပမ်းနေစဉ်မှာ အခုလိုဝယ်ယူမယ့် အစီအစဉ်ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဝယ်ယူရေး သဘောတူညီချက်မှာတော့ စက်ရုံရဲ့ မြေနေရာ၊ စက်ယန္တရား ပစ္စည်းတွေနဲ့ ကျွမ်းကျင် ဝန်ထမ်းတွေအပါအဝင်ဖြစ်ပါတယ်။
Read more