သာသနာ့အလံများစိုက်ထူခြင်းတွင် မြဝတီပြည်ခိုင်ဖြိုးမှ ပူးပေါင်းပါဝင်ဆောင်ရွက်

မြဝတီ ဩဂုတ် ၁၀

ကရင်ပြည်နယ် မြဝတီမြို့တွင် YMBA အသင်းကြီးမှ ဦးဆောင်ကျင်ပမည့်နိုင်ငံတော်ဘာသာနေ့အခမ်းအနား လုပ်ငန်းစဉ်များမှ သာသနာ့အလံများစိုက်ထူခြင်းကို မြဝတီမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ဥက္ကဌနှင့် မြို့နယ်ကော်မတီဝင်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။


Read more

မကွေးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

သြဂုတ် ၁၀၊ မကွေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က တိုင်းဒေသကြီးပါတီ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးထွန်းရှိန်၊ ခရိုင်ပါတီဥက္ကဌ ဦးအောင်သိန်းကျော်၊ အတွင်းရေးမှူး ဦးအောင်နိုင်၊ ဘဏ္ဍာရေးမှူး ဦးတင်မြင့်လှိင် နှင့် ခရိုင်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Read more

မလေးရှားရောက် တရားမဝင် မြန်မာ အလုပ်သမား ၁၀၀ ကျော် ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် ကာဂျမ်းမြိုရှိ တိုက်ခန်းများတွင် တရားမဝင် နေထိုင်နေသည့် မြန်မာအလုပ်သမား ၁၀၀ ကျော် ဩဂုတ် ၉ ရက် နံနက်အစောပိုင်းက မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနမှ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Read more

မြို့နယ်(၃)ခုမှ နိုင်ငံ့ဝန်ထမ်းများ လစာနှစ်ဆတိုး

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ်သုံးခုမှာ တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို သုံးလစာ အတွက် မူရင်းလစာရဲ့ နှစ်ဆကို ခံစားခွင့် ပြုထားတယ်လို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကထုတ်ပြန် ပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တာဝန် ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အဲဒီဒေသတွေရဲ့ လက်ရှိအခြေအနေအရ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ သုံးလစာအတွက် မူရင်းလစာရဲ့ နှစ်ဆကို ခံစားခွင့် ပြုတာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

Read more

အဝေးပြေးယာဉ်များ လူမဲ့တန်ဆာပစ္စည်းတင်ဆောင်ခွင့်မပြု

တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် အောင်မင်္ဂလာအဝေးပြေးနဲ့ ဒဂုံဧရာအဝေးပြေးကပြေးဆွဲပေးနေတဲ့ အဝေး ပြေး ခရီးသည်ယာဉ်လိုင်းတွေကနေ တန်ဆာပစ္စည်းတင်ဆောင်တာတွေနဲ့ လူမဲ့တန်ဆာတင်ဆောင်တာတွေကို ခွင့်ပြုထားတာမရှိဘူးလို့ YRTC ကော်မတီဝင် ဦးဘမြင့်က ပြောပါတယ်။ သြဂုတ် ၉ ရက် နေ့လယ် ၂ နာရီက YRTC အစည်းအဝေးခန်းမမှာပြုလုပ်ခဲ့တဲ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာပြောကြားခဲ့တာဖြစ်ပါတယ်။ အဝေးပြေး ယာဉ်လိုင်းတွေမှာ ခရီးသည်တင်ယာဉ်တွေနဲ့ ကုန်တင်ခွင့်မပြုဖို အရင်ကတည်းက ညွှန်ကြားထားတာ ဖြစ်တယ်လို့လည်း ဦးဘမြင့်ကပြောပါတယ်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၃၆) ဦး တွေ့ရှိ

၉-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမွ (၁၀-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၀၀၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ္ခြဲ အတည်ပြုလူနာသစ် (၃၆) ဦး တွေ့ရှိရပါသည်။ ထိုကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၆) ရာခိုင်နှုန်း ရှိပါသည်။

Read more

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အစိုးရဝန်ထမ်းနှစ်ဦးကို ဟောင်ကောင်အစိုးရ ဖမ်းဆီး

ဟောင်ကောင်အမျိုးသားလုံခြုံရေးရဲတပ်ဖွဲ့သည် ဩဂုတ္လ ၉ ရက် နိုင်ငံ့ဝန်ထမ်းနှစ်ဦးကို ဖမ်းဆီးအရေးယူခဲ့သည်။

၎င်းတိုသည် ဟောင်ကောင်၏ လူတန်းစားအမျိုးမျိုးကြားတွင် နိုင်ငံတော်မကောင်းကြောင်းနှင့် ရန်ငြိုးဖွဲ့မှုကို အားပေးသည့်အရေးအသားမျိုးကိုဖြန့်ဝေမှုအတွက် ထိုအမျိုးသားနှစ်ဦးကို ဖမ်းဆီးလိုက်သည် ဟု တာဝန်ရှိသူများက ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Read more

အမေရိကန်အိုးပင်းပြီးရင် အနားယူတော့မယ်လို ဆရီနာ ဝီလီယံ ပြောကြား

အမေရိကန် အိုးပင်း ပြီးရင် တင်းနစ်ကနေ အနားယူတော့မယ်လို ဆရီနာ ဝီလီယံ က ပြောကြားပါတယ်။

သူ့အနေနဲ့ သူ့အတွက် အရေးပါတဲ့ အခြားအရာတွေဆီ သွားချင်တယ်လို ဂရင်းဆလမ်း ဆု ၂၃ ကြိမ်ရရှိထားတဲ့ ချန်ပီယံ က ပြောပြီး အနားယူတဲ့စကားလုံးကို သဘောမကျဘူးလိုလည်း ဆိုပါတယ်။

Read more

လစ်ပ်ဇစ်အသင်းကို တီမိုဝါနာ ပြန်လည်ပြောင်းရွှေ့

ချဲလ်ဆီးတိုက်စစ်မှူး တီမိုဝါနာဟာ ပရီးမီးယားလိဂ်မှာ ၂ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် အသင်းဟောင်း လစ်ပ်ဇစ်ဆီ ပြန်လည်ပြောင်းရွှေ့သွားခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်က လန်ဒန်ကလပ် ချဲလ်ဆီးကိုပေါင် ၄၅ သန်းနဲ့ ရောက်ရှိခဲ့တဲ့ ဝါနာအနေနဲ့ ပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့တာပါ။ ဒါကြောင့် ချဲလ်ဆီးအသင်းက အရှုးခံပြီး ပေါင် ၂၅ သန်း ဝန်းကျင်နဲ့ ပြန်လည်ရောင်းချခဲ့ရသလို လစ်ပ်ဇစ်အသင်းက ၄ နှစ် စာချုပ်ခဲ့တာ ဖြစ်ပါတယ်။

Read more

တွစ်တာနှင့် တရားရင်ဆိုင်ရန် ဒေါ်လာ ၇ ဘီလီယံနီးပါး ရှိ တက်စလာရှယ်ယာများကို ရောင်းချ

တက်စလာ လျှပ်စစ်ကားကုမ္ပဏီ  အမှုဆောင်အရာရှိချုပ် အီလွန်မက် သည် အမေရိကန် ဒေါ်လာ ၆ ဒသမ ၉ ဘီလီယံ တန်ဖိုးရှိ တက်စလာ ကုမ္ပဏီ၏ ရှယ်ယာများကို ရောင်းချခဲ့ပြီး တွစ်တာနှင့် တရားရင်ဆိုင်ရာတွင် ရှုးနိမ့်သွားပါက အဆိုပါ ငွေများအား အလားအလာရှိသော တွစ်တာဝယ်ယူမှုအတွက် သုံးစွဲနိုင်ကြောင်း ပြောကြားခဲ့သည်။

Read more