ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ လမုတန်းရပ်ကွက်၊ ရာဇသင်္ကြန်လမ်းတွင် မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ လမုတန်းရပ်ကွက်၊ ရာဇသင်္ကြန်လမ်းတွင် သြဂုတ် ၁၄ ရက် ည ၁၁ နာရီခန့်တွင် မီးလောင်မှုဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှသိရသည်။

မီးလောင်ကျွမ်းမူအား ဒေါပုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် နှစ်စီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် တစ်စီး၊သာကေတမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် နှစ်စီး၊ ရှင်သန်ရေးပရဟိတအသင်းမှ ရေသယ်ယာဉ် တစ်စီး ထွက်ခွာငြှိမ်းသတ်လျက်ရှိပြီး ည ၁၁ နာရီ ၂၁မိနစ်တွင် မီးသတ်ကားထွက်ခွာငြိမ်းသတ်သည့် အဆင့် Level 1 သတ်မှတ်ကာ ငြိမ်းသတ်လျက်ရှိကြောင်း သိရသည်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၂၉) ဦး တွေ့ရှိ

(၁၃-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၄-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၉၅၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၂၉) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၅၉) ရာခိုင်နှုန်း ရှိပါသည်။

Read more

တာလီဘန်အုပ်ချုပ်သည့် တစ်နှစ်အတွင်း ရောဂါများ၊ သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေရသည့် အာဖဂန်နစ္စတန်နိုင်ငံ

အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်းရှိ လူနေထူထပ်သော ရပ်ကွက် များမှ ခနော်ခနဲ့ဆေးခန်းတစ်ခုသည် လွန်ခဲ့သည့်နှစ် တာလီဘန်တို့အာဖဂန်အာဏာကို ပြန်လည်ထိန်းချုပ်ချိန်ကတည်းက စစ်မက်ဖြစ်ပွားနေသော နိုင်ငံ၏ ဆိုးရွားသော လူသားချင်းစာနာထောက်ထားမှုအကျပ်အ တည်းကို ဖော်ပြနေသည့် လက္ခဏာ တစ်ရပ် ဖြစ်သည်။လွန်ခဲ့သည့်လက ဟယ်မန်းပြည်နယ်ရှိ မူဆာကာလာခရိုင်ဆေးရုံသည် ကာလဝမ်းရောဂါ သံသယလူနာများမှလွဲ၍ အခြားလူနာများကို လက်မခံခဲ့ပေ။ ယင်းဆေးရုံတွင ်မကြာမီ စာရင်းမဲ့လူနာများဖြင့်ပြည့်နှက်ခဲ့ပြီး ဆရာဝန်များက ၎င်းတို့ကို အကြောဆေးသွင်းပေးခဲ့ကြသည်။

Read more

ကုလအကြီးအကဲ နျူကင်းစင်ရေးမှာဘက်လိုက်ဟု မြောက်ကိုရီးယား ဝေဖန်

မြောက်ကိုရီးယားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ နျူလုံးဝကင်းစင်ရေး အားပေးသည့် မှတ်ချက်ကို ပြစ်တင်ရှုံ့ချခဲ့သည်။ ၎င်း၏ပြောကြားချက်သည် တရားမျှတမှုကင်းမဲ့သည်ဟုလည်း မြောက်ကိုရီးယားကဆိုသည်။ ကုလအတွင်းရေးမှူးချုပ် ဂူတားရက်စ်သည် တောင်ကိုရီးယားသမ္မတ မစ္စတာ ယွန်းဆော့ယော် နှင့်တွေ့ဆုံစဉ် မြောက်ကိုရီးယား၌ နျူလုံးဝဖျက်သိမ်းရေးကြိုးပမ်းမှုကို ၎င်းအနေဖြင့်အပြည့်အဝ ထောက်ခံကြောင်း ပြောကြားခဲ့သည်။

Read more

လန်ဒန်ဒါဘီတွင် ရန်ဖြစ်ခဲ့သည့် နည်းပြကွန်တီနှင့် တူချယ်တို့ အနီကတ်ပြ ထုတ်ပယ်ခံရ

မနေ့ညက ကစားသွားခဲ့တဲ့  ချဲလ်ဆီးနဲ့ စပါးစ်တို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ နည်းပြကွန်တီနဲ့ တူချယ်တို့ နှစ်ယောက်စလုံး အနီကတ်ပြခံရပြီး ထုတ်ပယ်ခံခဲ့ရပါတယ်။သူတို့ နှစ်ယောက်ဟာ ကွင်းဘေးစည်းပေါ်မှာ နှစ်ကြိမ် တိုင်တိုင် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ပွဲပြီးဆုံးချိန် လက်ဆွဲနုတ်ဆက်ရာမှာလည်း ဒုတိယအကြိမ် တွန်းထိုးခဲ့ကြလို့ တခြားနည်းပြအဖွဲ့ဝင်တွေက ဖျန်ဖြေခဲ့ရပါတယ်။

Read more

သံဃာအပါး ၅၀၀ ဆွမ်းလောင်းပွဲတွင် စစ်တွေမြို့ပြည်ခိုင်ဖြိုး ပါဝင်လှူဒါန်း

စစ်တွေ၊ သြဂုတ် ၁၀

စစ်တွေမြို့တွင် သံဃာအပါး ၅၀၀ အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန့် သြဂုတ်လ ၁၀ ရက်နေ့ နေ့လည် ၂ နာရီ က ပြုလုပ်ခဲ့ကြသည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးသည့် အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စစ်တွေမြို့ဘောလုံးကွင်းရပ်ကွက် လောကာနန္ဒာစေတီတော်၌  ကျင်းပခဲ့ကြရာ စစ်တွေမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကမှလည်း ပါဝင်လှူဒါန်းဒါနပြုခဲ့ကြသည်။

Read more

ရန်ကုန် အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီမှ အခြေခံရုံးလုပ်ငန်း/ကွန်ပျူတာသင်တန်းနှင့် စက်ချုပ်သင်တန်း ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်၊ သြဂုတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အခြေခံရုံးလုပ်ငန်း/ ကွန်ပျူတာသင်တန်းနှင့် စက်ချုပ်သင်တန်း ဖွင့်လှစ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့(၁၁.၈.၂၀၂၂) ကြာသပတေးနေ့ တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ပါတီရုံးခန်းမတွင် ကျင်းပခဲ့ပါသည်။

Read more

ရန်ကုန်တွင် စက်သုံးဆီစျေးနှုန်းများ ယမန်နေ့ထက် ပျမ်းမျှ အနိမ့်ဆုံး ကျပ်တစ်ရာကျော်မြင့်တက်လာပြီး ၉၂ တစ်လီတာ ၂၂၄၅ ကျပ်သို့ ရောက်ရှိ

ရန်ကုန်တွင် စက်သုံးဆီစျေးနှုန်းများ ယမန်နေ့ထက် ပျမ်းမျှ အနိမ့်ဆုံး ကျပ်တစ်ရာကျော် မြင့်တက်လာပြီး ၉၂ တစ်လီတာ ၂၂၄၅ ကျပ်သို့ ရောက်ရှိလာကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။

စက်သုံးဆီစျေးနှုန်းမှာ သြဂုတ် ၁၁ ရက်တွင် ၉၂ တစ်လီတာလျှင် ကျပ် ၂၁၄၀၊  ၉၅ တစ်လီတာ ကျပ် ၂၂၁၀၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ကျပ် ၂၄၄၀၊ ပရီမီယံ ဒီဇယ်တစ်လီတာ ၂၅၁၅ ကျပ်ဖြစ်သည်။

Read more