ကျေးဇူးမမေ့တဲ့ မာနေး လီဗာပူးဝန်ထမ်း ၁၅၀ ဆီ ချောကလက်များပေးပို့

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဆာဒီယိုမာနေးဟာ အသင်းဟောင်း လီဗာပူးဝန်ထမ်း ၁၅၀ ဆီကို ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ ချောကလက်မုန့်တွေ လက်ဆောင်ပေးပို့လိုက်ပါတယ်။
အသက် ၃၀ အရွယ် ဆီနီဂေါတိုက်စစ်မှူး မာနေးဟာ အခုနှစ်ရာသီမစခင်မှာ ပေါင် ၃၅ သန်းနဲ့ ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ကစားနေတာပါ။
လီဗာပူးမှာမရှိတော့ပေမယ့် အသင်းဟောင်းဝန်ထမ်းတွေရဲ့ ကျေးဇူးကို ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ ချောကလက်မုန့် အများအပြားကို ပေးပို့စေခဲ့တာပါ။
Read more













