ဘာစီလိုနာအသင်း ငွေကြေးများစွာ သုံးစွဲနေခြင်းကို နားမလည်နိုင်အောင် ဖြစ်မိသည်ဟု ယာဂန်ကလော့ပ် ဆို

လီဗာပူးလ်အသင်း၏နည်းပြ ယာဂန်ကလော့ပ်က ယခုနွေရာသီတွင် ဘာစီလိုနာအသင်း ငွေကြေးများစွာ သုံးစွဲနေခြင်းကို နားမလည်နိုင်အောင် ဖြစ်မိသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် ဘဏ္ဍာရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရသော်လည်း ယခုနွေရာသီတွင် ငွေကြေးများစွာသုံးစွဲကာ ကစားသမားသစ်အများအပြားကို ခေါ်ယူခဲ့သည့်အတွက် ယာဂန်ကလော့ပ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

ယင်းအတွက် ဘာစီလိုနာအသင်းသည် ကစားသမားသစ်များအား မှတ်ပုံတင်စာရင်းသွင်းရန်ပင် အခက်တွေ့ ခဲ့ရပြီး လာလီဂါရာသီအဖွင့်ပွဲမတိုင်မီမှ လီဝန်ဒေါစကီးနှင့် ရာဖင်ညာတို့ကို စာရင်းသွင်းနိုင်ခဲ့ပြီး နောက်ခံလူ ခွန်ဒဲကိုမူ လက်ရှိအချိန်အထိ စာရင်းသွင်းနိုင်ခြင်းမရှိသေးပေ။

Read more

ရုရှားက ယူကရိန်းနျူစွမ်းအင်ကုမ္ပဏီ ဝဘ်ဆိုက်အားတိုက်ခိုက်ခဲ့ဟုယူကရိန်းဆို

ယူကရိန်းနိုင်ငံပိုင် နျူကလီးယားစွမ်းအင်ကုမ္ပဏီ Energoatom အား ရုရှားအခြေစိုက် ဟက်ကာများက ၎င်း၏ ၀က်ဘ်ဆိုက်တွင် သုံးနာရီကြာ တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သော်လည်း ကြီးကြီးမားမားပြဿနာများ မဖြစ်ပွားခဲ့ကြောင်း ကုမ္ပဏီကပြောကြားခဲ့သည်။

“ရုရှားအဖွဲ့ ‘People’s Cyber ​​Army’ သည် ကုမ္ပဏီ၏ ပင်မစာမျက်နှာကို ကြည့်ရှုမှုပေါင်း သန်းရာနှင့်ချီသော bot အသုံးပြုသူ ၇ ဒသမ ၂၅ သန်းကိုအသုံးပြု၍ ဆိုက်ဘာတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း Energoatom က အင်္ဂါနေ့ကထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

Read more

Toyota မှ အသစ်မိတ်ဆက်မည့် 2024 Toyota Compact Cruiser EV

Toyota သည် မကြာခင်က Car Model အသစ်မျိုးစုံကို တစုတစည်းတည်း မိတ်ဆက်ခဲ့ပြီး ၎င်းတိုသည် EVs ၊ Hydrogen ၊ Hybrids ၊ တိုဖြစ်ပါသည်။ Model အချိုအား စတင်ထုတ်လုပ်ပြီးနောက် ယခုအခါ Model အသစ် တမျိုးအား ဆက်လက်၍ အပြည့်အစုံမိတ်ဆက်လိုက်ပါသည်။

Read more

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်များ တွေ့ဆုံပွဲကျင်းပ

မန္တလေး၊ ဩဂုတ် ၁၆

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်များတွေ့ဆုံပွဲကို ဩဂုတ်လ (၁၆) ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မန္တ​လေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးရှိ ပါတီခန်းမတွင် နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်းနှင့် အကြမ်းဖက်သမားများ၏ လုပ်ကြံမှုများကြောင့် အသက်ဆုံးရှုံးခဲ့ရသော ပါတီဝင်များနှင့် မိသားစုဝင်များအား အောက်မေ့သတိရသည့်အနေဖြင့်၂ မိနစ် ငြိမ်သက်ခြင်းများဖြင့် အခမ်းအနားအားစတင်ခဲ့ပါသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်း အမျိုးသမီးရေးရာနှင့် လူငယ်တာဝန်ခံများမှ အခြေခံရုံးလုပ်ငန်း/ ကွန်ပျူတာသင်တန်းနှင့် စက်ချုပ်သင်တန်းများအား ကြည့်ရှုအားပေး

ရန်ကုန်။   ။ သြဂုတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အခြေခံရုံးလုပ်ငန်း/ကွန်ပျူတာ သင်တန်းနှင့် စက်ချုပ်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရာသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်များ ဖြစ်ကြသော ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီ  အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ် စန်းစန်းဝင်း၊ လူငယ်ရေးရာ နှင့် စီမံရေးရာတာဝန်ခံ ဒေါ်သင်းသင်းမိုး၊ လူငယ်ရေးရာနှင့် ပညာရေးရာ တာဝန်ခံ ဒေါ်အေးအေးမြင့်တို့မှ လှည့်လည်ကြည့်ရှု ၍ သင်တန်းတက်ရောက်ကြသော မြို့နယ် အသီးသီးမှလူငယ်နှင့်အမျိုးသမီးပါတီဝင်များကို အားပေးစကား ပြောကြားခဲ့ကြပါသည်။

Read more

စက်သုံးဆီများမှာ ယခုလကုန်ထိ လုံလောက်စွာရှိပြီး ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် စက်သုံးဆီများလည်း မကြာမီဆက်တိုက်ဝင်ရောက်လာမည်ဖြစ်ကြောင်း နစကဥက္ကဌ ပြောကြား

စက်သုံးဆီများမှာ ယခုလကုန်ထိ လုံလောက်စွာရှိပြီး ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် စက်သုံးဆီများလည်း ယခုလကုန်ပြီး မကြာမီဆက်တိုက်ဝင်ရောက်လာမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

သြဂုတ် ၁၆ ရက်က နေပြည်တော်တွင် ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးတွင် နစကဥက္ကဌက စက်သုံးဆီနှင့်ပတ်သက်၍ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၄၉) ဦး တွေ့ရှိ

 (၁၅-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၆-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၈,၆၉၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၄၉) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၅၆) ရာခိုင်နှုန်း ရှိပါသည်။

Read more

ရုရှား၏ ခေတ်မီလက်နက်များ မဟာမိတ်များထံ ရောင်းချရန်အသင့်ဖြစ်ပြီဟု ပူတင် ပြော

ရုရှားသည် ကမ္ဘာတစ်ဝန်းရှိ မဟာမိတ်များအား ခေတ်မီလက်နက်များရောင်းချရန်နှင့် စစ်ရေးနည်းပညာများ ဖော်ဆောင်ရာတွင် ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က တနင်္လာနေ့ (သြဂုတ် ၁၅ ရက်) တွင်ပြောကြားခဲ့သည်။

ယူကရိန်း၏ အကြီးဆုံးမြို့ကြီးနှစ်မြို့မှ ၎င်း၏တပ်ဖွဲ့ဝင်များသည် ဆုတ်ခွာသွားရကာ အရှေ့ပိုင်းပြည်နယ်များတွင် စစ်အသုံးစရိတ်ကြောင့် တိုက်ပွဲကာလကြာမြင့်နေချိန်တွင် ယခုပြပွဲကရုရှားလက်နက်လုပ်ငန်းအတွက် မယုံနိုင်စရာ အဖြစ်တစ်ခုဖြစ်စေခဲ့သည်။

Read more

နျူလက်နက်အစီအစဉ်ကို မြောက်ကိုရီးယား စွန့်လွှတ်လျှင် စီးပွားရေးအကူအညီများပေးမည့်ဟု တောင်ကိုရီးယား ကမ်းလှမ်း

မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်အစီအစဉ်ကို စွန့်လွှတ်ရင် စီးပွားရေး အကူအညီတွေ ပေးအပ်မယ်လို့ တောင်ကိုရီးယား သမ္မတ ယွန်းဆုယိုးလ်က တနင်္လာနေ့မှာ ကမ်းလှမ်းလိုက်ပါတယ်။

အခုလိုကမ်းလှမ်းရာမှာ တောင်ကိုရီးယားသမ္မတဟာ မြောက်ကိုရီးယားကို ပြင်းထန်တဲ့ ဝေဖန်မှုတွေ မလုပ်ဘဲ ရှောင်ရှားတာကိုလည်း တွေ့ရပါတယ်။

Read more

ကင်ညာ သမ္မတရွေးကောက်ပွဲ ဝီလီယမ် ရူတို အနိုင်ရ

ဒရာမာဆန်တဲ့ အခြေအနေတွေကြားမှာပဲ ကင်ညာ သမ္မတ ရွေးကောက်ပွဲကို ဒုတိယ သမ္မတ ဝီလီယမ် ရူတိုက အနိုင်ရရှိကြောင်း ကြေညာခဲ့ပါတယ်။ သူက ထောက်ခံမဲ ၅၀ ဒဿမ ၅ ရာခိုင်နှုန်း ရရှိခဲ့ပြီး ပြိုင်ဘက် ရိုင်လာအိုဒင်ဂါ ကို အနိုင်ရရှိခဲ့ကြောင်း တရားဝင် ရလဒ်တွေက ပြသခဲ့ပါတယ်။

Read more