ထိုင်ဝမ်နဲ့ တရားဝင်ကုန်သွယ်ရေး ဆွေးနွေးမှုစတင်တော့မယ်လို့ အမေရိကန် ကြေညာ
အမေရိကန်အစိုးရအနေနဲ့ ထိုင်ဝမ်နဲ့ ကုန်သွယ်ရေးဆွေးနွေးမှုတစ်ရပ် စတင်တော့မှာဖြစ်ကြောင်း အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီ က အတည်ပြုကြေညာလိုက်ပါတယ်။
မစ္စပယ်လိုစီအနေနဲ့ တရုတ်နဲ့ဆက်ဆံရေးတင်းမာစေခဲ့တဲ့ အငြင်းပွားဖွယ် ထိုင်ဝမ်ခရီးစဉ်အပြီး သီတင်းပတ် အနည်းငယ်အကြာမှာ ထိုင်ဝမ်နဲ့ တရားဝင်ကုန်သွယ်ရေးဆွေးနွေးမှုအကြောင်းကို ဖွင့်ဟခဲ့တာပဲဖြစ်ပါတယ်။ မကြာခင်စတင်တော့မယ့် အမေရိကန်-ထိုင်ဝမ် နှစ်နိုင်ငံကုန်သွယ်ရေးဆွေးနွေးမှုမှာ ဒစ်ဂျစ်တယ်ကုန်သွယ်ရေးနဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအစီအစဉ်တွေလည်း ပါဝင်မယ်လို့ သိရပါတယ်။
Read more