ထိုင်း၌ ပြစ်ဒဏ်ကျပြီး လွတ်လာသည့် မြန်မာ(၄၆)ဦး လွှဲပြောင်း
ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ မြန်မာနိုင်ငံသား (၄၆)ယောက်ကို ဩဂုတ်(၂၉)ရက်၊ မနက်ပိုင်းက တာချီလိတ်မြို့၊ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားအမှတ် (၂)ကနေ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
ပြန်လည်လွှဲပြောင်းပေးလာသူတွေကို တာချီလိတ်တပ်နယ်က ဗိုလ်မှူးကြီးမင်းမင်းထွန်း၊ ခရိုင်လဝက တာဝန်ရှိသူ တွေက ကြိုဆိုလက်ခံခဲ့ကြတယ်လို့ သိရပါတယ်။ သူတို့ကို ကျန်းမာရေးဝန်ထမ်းတွေက ကိုဗစ်ရောဂါရှိ/မရှိ ဆေးစစ်တာတွေပြုလုပ်ပြီး ဝမ်လုံး Quarantine Center မှာ( ၇ )ရက်ထားရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။
Read more