Author: USDP 2016
ယူအက်စ်အိုးပင်းကို ဆီရီနာဝီလျံနိုင်ပွဲနှင့်စတင်
အမေရိကန်တင်းနစ်မယ် ဆီရီနာဝီလျံဟာ ယူအက်စ်အိုးပင်း ပထမအဆင့်မှာ နိုင်ပွဲရယူပြီး ဒုတိယအဆင့် ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ အမျိုးသမီးတစ်ဦးချင်း ပထမအဆင့်မှာ ဆီရီနာဝီလျံနဲ့ မွန်တီနီဂရိုး တင်းနစ်မယ် ကိုဗီနစ်တို့ ဆုံတွေ့ခဲ့တာဖြစ်ပြီး ကိုဗစ်နစ်က ဆီရီနာထက် ကမ္ဘာ့အဆင့်(၈၀)ကျော်မြင့်တာကြောင့် ဆီရီနာအတွက် ခက်ခဲမယ့်ပွဲတစ်ပွဲလို့ သုံးသပ်ခဲ့ကြပါတယ်။ ပွဲကစားချိန်မှာတော့ ဆီရီနာက အကောင်းဆုံးပုံစံနဲ့ ကိုဗီနစ်ကို ဖိအားပေးနိုင်ခဲ့ပြီး ပွဲအပြီးမှာတော့ ဆီရီနာဝီလျံက (၆:၃၊၆:၃)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရပြီး ဒုတိယအဆင့်ကို တက်သွားခဲ့ပါတယ်။ ဆီရီနာဝီလျံဟာ ယူအက်စ်အိုးပင်း ပြိုင်ပွဲအပြီးမှာ ကစားသမားဘဝကနေ အနားယူမှာ ဖြစ်တယ်လို့ ပြောကြားထားလို့ အခုပွဲစဉ်ကို ပရိသတ် စိတ်ဝင်စားမှုမြင့်တက်ခဲ့ပြီး ပရိသတ် (၂)သောင်းခွဲ နီးပါး လာရောက်ကြည့်ရှုခဲ့ပါတယ်။ ဒုတိယအဆင့်မှာ ဆီရီနာဝီလျံဟာ ဒီပြိုင်ပွဲရဲ့ ဆီဒင်အဆင့်(၂)ရထားတဲ့ အက်စ်တိုးနီးယားတင်းနစ်မယ် ကွန်တာဗိတ်နဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Read more2022 AFF Mitsubishi Electric Cup တွင် မြန်မာဘောလုံးအသင်း အုပ်စုကြပ်
2022 AFF Mitsubishi Electric Cup အုပ်စုမဲခွဲပွဲကို ဩဂုတ် ၃၀ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ကျင်းပပြုလုပ်ခဲ့သည်။မြန်မာလက်ရွေးစင်အသင်းသည် အုပ်စု (ခ)တွင် ဗီယက်နမ်၊မလေးရှား၊ စင်ကာပူ၊ လာအိုတို့နှင့် ကျရောက်ခဲ့ပြီး အုပ်စု (က)တွင် ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား ၊ ဘရူနိုင်းနှင့် တီမောအသင်းတို့ထဲမှ ခြေစစ်ပွဲအောင်အသင်း တို့ ပါ၀င်မည်ဖြစ်သည်။
Read moreဟိုက်ဒရိုဂျင်စွမ်းအင်သုံး ကမ်ဘာ့ ပထမဆုံးရထား ဂျာမနီတွင် စတင်ပြေးဆွဲ
ဂျာမနီနိုင်ငံမှာ Ciradia iLint လို အမည်ပေးထားတဲ့ ဟိုက်ဒရိုဂျင်စွမ်းအင်ကို အပြည့်အဝအသုံးပြုထားတဲ့ ကမ်ဘာ့ပထမဆုံးရထားကို ဟမ်းဘက်အနီးက မြိုလေးမြိုကို ဆက္သြယ္ထားတဲ့ မိုင် ၆၀ ရှည်တဲ့ ရထားလမ်းပိုင်းမှာ စတင်ပြေးဆွဲနေပြီဖြစ်ပါတယ်။ဒီရထားတွေကို ပြင်သစ်အခြေစိုက် Alstom ကုမ္ပဏီက ထုတ်လုပ်ထားတာဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ စတင်စမ်းသပ်ခဲ့ပြီး တစ္နာရီကို ကီလိုမီတာ ၈၀ ကေန ၁၂၀ ကီလိုမီတာအထိ ခရီးရောက်နိုင်ပြီး အမြင့်ဆုံး ၁၄၀ ကီလိုမီတာအထိ မောင်းနှင်နိုင်ပါတယ်။ ဟိုက်ဒရိုဂျင်စွမ်းအင်ကို အသုံးပြုထားတာကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်မှုမရှိဘဲ ရေငွေ့တွေကိုသာစွန့်ထုတ်ပြီး အသံဆူညံမှုလည်းနည်းပါးကာ သဘာ၀ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်စေတဲ့ သိသာထင်ရှားတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။လက်ရှိမှာတော့ ဂျာမနီမှာ ရထားငါးစင်းနဲ့ စတင်ပြေးဆွဲနေပြီး နောက်ထပ်ကိုးစင်းကတော့ မကြာခင်မှာ ရောက်ရှိလာမှာဖြစ်ပါတယ်။
Read moreဆန် (၄၈)တင်း သွားရောက်လှူဒါန်း
ငပုတော ဩဂုတ် ၂၉
ငပုတောမြို့နယ် စပါးကြီးအုပ်စုရှိ ပြည်ခိုင်ဖြိုးပါတီဝင်များမှ ငရုတ်ကောင်းမြို့၊ ကွင်းဘက်အုပ်စု သဲချောင်းကျေးရွာရှိ စားဝတ်နေရေးခက်ခဲနေသော ပြည်သူများအတွက် ဆန်(၄၈)တင်း ကို စုပေါင်း လှူဒါန်းပေးခဲ့ကြောင်းသိရှိရသည်။
Read more
ပြင်ဦးလွင်ပြည်ခိုင်ဖြိုးပါတီက ဘိလပ်မြေအိပ်များလှူဒါန်း
ဩဂုတ် – ၂၉
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြင်ဦးလွင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးဟိန်းမင်းဦး ပြင်ဦးလွင်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းဇော်နှင့် ပါတီကော်မတီအဖွဲ့သည် ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး(၁၆) ၊ ကံကြီးကုန်းအုပ်စု စည်သာကျေးရွာ၊ ပန်းဦးတောင်အုပ်စု ဆင်ဖြူအင်းကျေးရွာအတွက် လမ်းခင်းရာမှာ အသုံးပြုရန် ဘိလပ်မြေအိတ်များ သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Read more
ပါတီကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး
မိုးမိတ် ဩဂုတ် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်ပါတီဥက္ကဋ္ဌဦးစိုးမြင့် မြို့နယ်ပါတီဥက္ကဋ္ဌဦးကျာ်စိန်ဘဏ္ဍာရေးမှူး ဦးစိုးမြင့်ဦး၊ ကော်မတီဝင်ဦးတူးတို့သည် မိုးမိတ်မြို့နယ် တောင်ပိုင်းရပ်ကွက်ရှိ မိမိပါတီကော်မတီဝင်များနှင့် တွေ့ဆုံ၍ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ပါသည်။
Read more
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်း
လားရှိုး ဩဂုတ် ၂၉
၂၀၂၂ ခုနှစ်၊ သြဂုတ်လ(၂၉) ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်အချိန်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်နယ်ကော်မတီဝင်များ၊ ခရိုင်ကော်မတီဝင်များ မြို့နယ်ကော်မတီဝင်များနှင့် နယ်မြေစည်းရုံးရေးမှူးများသည် လားရှိုးမြို့၊ ရပ်ကွက်(၁)၊ နယ်မြေ(၇)အတွင်းတွင် နေထိုင်ကြသော ရေဘေးသင့်ပြည်သူများအား စားစရာခေါက်ဆွဲခြောက်များနှင့် ထောက်ပံ့ငွေများ သွားရောက်ထောက်ပံ့ ကူညီခဲ့ကြပါသည်။
Read moreဒူဘိုင်းတွင် မြန်မာအမျိုးသမီး(၈)ဦး ကူညီတောင်းခံမှု ညှိနှိုင်းဆောင်ရွက်နေ
ဒူဘိုင်းနိုင်ငံတွင် ဒုက္ခရောက်နေကြောင်း လှုမှုကွန်ယက်စာမျက်နှာမှတဆင့် သြဂုတ် (၂၅) ရက်တွင် ဗွီဒီယိုဖိုင် ထုတ်လွှင့်အကူအညီတောင်းခံခဲ့သည့် မြန်မာနိုင်ငံသူ (၈) ဦးအား မြန်မာသံရုံး၊ရီရတ်ဒ်မြို့၏ တာဝန်ရှိသူများက ကူညီပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဗွီဒီယိုဖိုင်ထုတ်လွှင့်မှုအား လူမှုကွန်ရက်စာမျက် နှာတွင် Khaing Lay အကောင့်ဖြင့် ထုတ်လွှင့် အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။
Read moreဆေးတက္ကသိုလ်ဝင်ခွင့် (၃)ဘာသာရမှတ်အပေါ် မူတည်၍ရွေးမည်
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ပြီး သူတွေအတွက် ဆေးတက္ကသိုလ်တွေ နဲ့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ဝင်ခွင့်ကို အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ (၃) ဘာသာရမှတ်ပေါင်း အနည်းအများပေါ် မူတည်ပြီး ပဏာမ ရွေးချယ်သွားမယ်လို့ ကျန်မာရေးဝန်ကြီးဌာနက ဩဂုတ် (၂၈) ရက်မှာ အသိပေး ကြေညာထားပါတယ်။
Read more