ပြင်ဦးလွင် ပြည်ခိုင်ဖြိုးက ဘုရားနဲ့စာသင်ကျောင်းတွေ ခြင်ဆေးဖြန်း သန့်ရှင်းရေးလုပ်ကုသိုလ်ယူ

ပြင်ဦးလွင် စက်တင်ဘာ ၅

ပြင်ဦးလွင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ပြင်ဦးလွင်မြို့ရှိ သမိုင်းဝင်မဟာရွှေမြင်တင် ဘုရားကြီးနှင့် သမိုင်းဝင်ဦးခန္တီမဟာမုနိဘုရားကြီးတို့တွင် သန့်ရှင်းရေးများပြုလုပ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းတို့ကို ကုသိုလ်ယူ ဆောင်ရွက်ခဲ့သည်။

ထို့နောက် ပြင်ဦးလွင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးဟိန်းမင်းဦးနှင့် ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌ ဦးဝင်းဇော်နှင့် ကော်မတီဝင်များ၊ မြို့နယ်လူငယ်ဥက္ကဌနှင့်ကော်မတီဝင်များစုပေါင်း၍  ရက်ကွက်ကြီး(၁)အမှတ်(၆) အခြေခံပညာ မူလတန်းကျောင်း၊ ရက်ကွက်ကြီး(၂)အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း(ဒေါ်အမာ)တို့တွင် ခြင်ဆေးဖြန်း ခြင်း သန့်ရှင်းရေးပြုလုပ်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

Read more

ပါတီဝင်များနှင့်တွေ့ဆုံဆွေးနွေး

မိုးမိတ် ဩဂုတ် ၅

ယနေ့ညနေ၅နာရီ မိုးမိတ်ခရိုင်ပါတီဥက္ကဋ္ဌဦးစိုးမြင့် သည် မြို့နယ်ဥက္ကဋ္ဌ ဦးကျော်စိန်၊ ဘဏ္ဍာရေးမှူးဦးစိုးမြင့်ဦး ကော်မတီဝင် ဦးကျော်ထွန်းနိုင် တို့နှင့်အတူ လက်ခုတ်တန်းရပ်ကွက်ရှိ မိမိပါတီဝင်များနှင့် တွေ့ဆုံပြီး ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ပါသည်။

 


Read more

ဗဟိုအလုပ်အမှုဆောင် ဦးလင်းဇော်ထွန်း ခရိုင်/မြို့နယ်ကော်မတီဝင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလင်းဇော်ထွန်း သည် ၄_၉_၂၀၂၂ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ  တာချီလိတ်ခရိုင်နှင့်မြို့နယ် ကော်မတီဝင်များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့  ပါတီဗဟိုအလုပ်အမှုဆောင် ဦးလင်းဇော်ထွန်းဦးဆောင်၍ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းကျော်လှ၊ ပြည်နယ်ကော်မတီဝင်များဖြစ်ကြသည့် ဦးစတီဗင်၊ ဦးစိုင်းညွန့်ဝင်း တာချီလိတ်ခရိုင်နှင့်မြို့နယ် ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။


Read more

Ooredoo က မြန်မာနိုင်ငံရှိ ၎င်း၏လုပ်ငန်းကို စင်ကာပူအခြေစိုက်ကုမ္ပဏီထံ ရောင်းချရန်စီစဉ်

ကာတာဆက်သွယ်ရေးကုမ္ပဏီ Ooredoo သည် ၎င်း၏မြန်မာနိုင်ငံရှိ လုပ်ငန်းကို စင်ကာပူတွင် ရုံးချုပ်အခြေစိုက်ထားသော နည်းပညာလုပ်ငန်း The One Matrix Ventures (TOMV) ထံရောင်းချရန် စီစဉ်နေသည်ဟု ယင်းကိစ္စကို တိုက်ရိုက်သိထားသူ သုံးဦးက ပြောကြားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

Ooredoo သည် လွန်ခဲ့သောနှစ်တွင် တပ်မတော်က နိုင်ငံတော်အာဏာကိုလွှဲယူခဲ့ပြီးနောက် မြန်မာနိုင်ငံမှ ပြည်ပလုပ်ငန်းများ ရုတ်တရက်ထွက်ခွာပြီးနောက် ယခုထပ်မံထွက်ခွာမည့် နိုင်ငံခြားပိုင်ဆက်သွယ် ရေးလုပ်ငန်းကြီးတစ်ခုဖြစ်သည်။

Read more

ရွှေဒင်္ဂါးပြားများ စတင်ရောင်းချပေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ရွှေဒင်္ဂါးပြားများကို သိန်း ၃၀ ဝန်းကျင်ဖြင့် နေပြည်တော်ရှိ ကျောက်မျက်ရတနာခန်းမ၌ ရောင်းချပေးလျက်ရှိကြောင်း ဒေသတွင်းသတင်းများအရသိရသည်။

စက်တင်ဘာ ၅ ရက် မှ စတင်ရောင်းချပေးလျက်ရှိပြီး တစ်ကျပ်သားဒင်္ဂါးကို ၂၉၅၀၀၀၀ ကျပ်စျေးဖြင့် ရောင်းချပေးပြီး မနက်ဖြန် (စက်တင်ဘာ ၆ ရက်)မှစတင်ကာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့ရှိ  မြန်မာ့ကျောက်မျက်ရတနာ အရောင်းပြခန်းတို့တွင်လည်း တစ်ကျပ်သား၊ ငါးမူးသား၊ တစ်မတ်သား ရွှေဒင်္ဂါးများကို လွတ်လပ်စွာ ဝယ်ယူနိုင်ရန် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၉၅) ဦး တွေ့ရှိ

(၄-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၅-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၇,၈၈၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၉၅) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင် နှုန်းမှာ (၁.၂၀) ရာခိုင်နှုန်း ရှိပါသည်။ ယနေ့တွေ့ရှိသော COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ သစ် (၉၅) ဦးအနက် (၅) ဦး၊ (၅.၃) ရာခိုင်နှုန်းမှာ ပြည်ပမှဝင်ရောက်လာသူများအား ဓာတ်ခွဲစစ် ဆေးရာမှ တွေ့ရှိခြင်းဖြစ်ပြီး (၉၀) ဦး၊ (၉၄.၇) ရာခိုင်နှုန်းမှာ ပြည်တွင်းတွင် ကူးစက် ဖြစ်ပွားသူ များဖြစ်ပါသည်။ MOH

Read more

ထိုင်ဝမ်ပဋိပက္ခဖြစ်လာပါက အမေရိကအနေဖြင့် ဖိလစ်ပိုင်စစ်အခြေစိုက်စခန်းများအား အသုံးပြုနိုင်ဟု ဖိလစ်ပိုင် သံအမတ်ဆို

ထိုင်ဝမ်-တရုတ်အကျပ်အတည်းတွင် ဖိလစ်ပိုင်အနေဖြင့် ထိုင်ဝမ်အကျပ်အတည်းကယခုထက်ပိုမိုဆိုးရွားလာသည် ရှိသော် အမေရိကန်တပ်ဖွဲ့များအား ၎င်း၏စစ်အခြေစိုက်စခန်းများကို အသုံးပြုခွင့်ပေးမည်ဟုပြောကြားထားသည်။

Read more

ပြည်သူများကို ကူညီပံ့ပိုးမည့်အစီအစဉ်အား ဂျာမနီအစိုးရထုတ်ပြန်

ဂျာမနီအစိုးရက စွမ်းအင်စျေး မြင့်မားမှုနဲ့ ငွေကြေးဖောင်းပွမှု လျော့ပါးသက်သာစေဖို့ ယူရို ၆၅ ဘီလီယံ ရင်းနှီး မြှုပ်နှံမယ့် အစီအစဉ်တစ်ရပ်ကို ကြေညာလိုက်ပါတယ်။ ဂျာမနီဟာ ခက်ခဲတဲ့ ကာလမှာ အတူတကွ ရပ်တည် သွားကြမှာဖြစ်တယ်လို့လည်း ဝန်ကြီးချုပ် အိုလက်ဖ်ရှိုးလ်က တနင်္ဂနွေနေ့မှာ အခုအစီအမံကြေညာရင်း ပြောဆို သွားခဲ့ပါတယ်။

Read more

မန်ယူအသင်းကို ပေါင်(၃.၇၅)ဘီလီယံဖြင့် ရောင်းထုတ်ရန် ဂလေဇာမိသားစု စျေးနှုန်းသတ်မှတ်လိုက်ပြီး ဒူဘိုင်းစော်ဘွားများ ဝယ်ယူရန် စီစဉ်နေ

မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုသည် ပရိသတ်များ၏ ဆန့်ကျင်ဆန္ဒပြမှုများနှင့် အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရပြီး နောက် အသင်းအား ရောင်းထုတ်ရန် ပြင်ဆင်လာပြီး ပေါင် (၃.၇၅)ဘီလီယံဟု စျေးနှုန်းသတ်မှတ်လိုက်ကြောင်း သိရသည်။

ဂလေဇာမိသားစုသည် မန်ယူအသင်းကို ပေါင်(၅)ဘီလီယံဝန်းကျင် ရရှိမှသာ ပြန်လည်ရောင်းထုတ်ဖွယ်ရှိသည်ဟု ထင်ကြေးပေးမှုများ ထွက်ပေါ်ခဲ့သော်လည်း ယခုအခါ ပေါင် (၃.၇၅)ဘီလီယံရရှိခဲ့ပါက ရောင်းထုတ်ရန် စီစဉ်နေပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာများစွာက ဖော်ပြခဲ့ကြသည်။

Read more

ကီရီရော့စ်က ကမ္ဘာ့နံပါတ်တစ် မက်ဗီဒက်ကိုအနိုင်ရပြီး ကွာတားတက်

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာကျင်းပနေတဲ့ ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ဩစတြေးလျ တင်းနစ်သမား နစ်ကီရီရော့စ် က လက်ရှိ ယူအက်စ်အိုးပင်း ချန်ပီယံနဲ့ ကမ္ဘာ့နံပါတ်တစ် ရုရှားကစားသမား မက်ဗီဒက်ကို အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်လှမ်းခဲ့ပါတယ်။

ပွဲငယ်လေးပွဲနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ နစ်ကီရီရော့စ် ၂၇ နှစ်က သူ့ရဲ့တင်းနစ်စွမ်းရည်တွေနဲ့ အူကြောင်ကြောင် နိုင်တာတွေအားလုံးကိုပြသခဲ့ပြီး ၇-၆(၁၃-၁၁)၊၃-၆၊ ၆-၃ ၊ ၆-၂ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Read more