ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေ၊ ခရိုင်၊ မြို့နယ်များမှ ပါတီတာဝန်ရှိသူများ န၀မအကြိမ်မြောက် အစည်းအဝေးပြုလုပ်

စက်တင်ဘာ ၆၊ နေပြည်တော်

နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ ပြည်ထောင်စုနယ်မြေပါတီကော်မတီဝင်များ၊ ခရိုင်များနှင့် မြို့နယ်များမှ ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ န၀မအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေးကို ၆-၉-၂၀၂၂ ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန်တွင် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ ပြည်ထောင်စုနယ်မြေပါတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

Read more

စက်သုံးဆီဈေးနှုန်း ကျဆင်းစေရန် ကန်ဒေါ်လာ သန်း ၂၀၀ ကျော် ထုတ်ချေးထားသော်လည်း တစ္လီတာ ၂၅၀၀ အထိ ဈေးပြန်ဖြစ်

အစိုးရက စက်သုံးဆီတင်သွင်းသူများကို ကန်ဒေါ်လာ သန်း ၂၀၀ ထုတ်ချေးမည်ဟု ကြောညာပြီးနောက် တစ်ပတ်အတွင်း စက်သုံးဆီဈေးနှုန်း ၂၅၀၀ ကျော်ပြန်လည်ဖြစ်လာကြောင်း သိရသည်။

စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီး ကြပ်မှုကော်မတီက စက်တင်ဘာလ (၆) ရက် ရန်ကုန်အထိုင်ဈေးကွက်အတွက် ရည်ညွှန်းသတ်မှတ်သည့် စက်သုံးဆီ ဈေးနှုန်းများမှာ (92) တစ်လီတာလျင် ၂၄၂၅ ကျပ်၊ (95) တစ်လီတာလျင် ၂၅၃၅ ကျပ်၊ (97) တစ်လီတာလျင် ၃၁၁၀ ကျပ်၊ ဒီဇယ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျင် ၃၁၉၅ ကျပ်ဖြစ်ကြောင်း သိရသည်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၁၄၆) ဦး တွေ့ရှိ

၅-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမွ (၆-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၉,၄၃၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ္ခြဲ အတည်ပြုလူနာသစ် (၁၄၆) ဦး တွေ့ရှိရပါသည်။ ထိုကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင် နှုန်းမှာ (၁.၅၅) ရာခိုင်နှုန်း ရှိပါသည်။ ယနေ့တွေ့ရှိသော COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ သစ် (၁၄၆) ဦးအနက် (၁၁) ဦး၊ (၇.၅၃) ရာခိုင်နှုန်းမှာ ပြည်ပမှဝင်ရောက်လာသူများအား ဓာတ်ခွဲစစ် ဆေးရာမှ တွေ့ရှိခြင်းဖြစ်ပြီး (၁၃၅) ဦး၊ (၉၂.၄၇) ရာခိုင်နှုန်းမှာ ပြည်တွင်းတွင် ကူးစက် ဖြစ်ပွားသူ များဖြစ်ပါသည်။ MOH

Read more

ရုရှား၏ ဓာတ်ငွေ့ပိတ်ဆို့မှုကြောင့် စွမ်းအင်လုပ်ငန်းများ မပြိုလဲစေရန် ဥရောပနိုင်ငံအချို့က မိမိတို့၏ ဓာတ်အားပေးလုပ်ငန်းများကို ဘဏ္ဍာရေးအကူအညီများ ပေးအပ်

အဓိကဓာတ်ငွေ့ပိုက်လိုင်းကို ပိတ်ရန် ရုရှား၏လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်လာသည့် နက်ရှိုင်းသော အကျပ်အတည်းတစ်ခုအတွင်း ဥရောပသည် စွမ်းအင်ပံ့ပိုးမှုများ ရရှိစေရန် အပြင်းအထန်ကြိုးပမ်းနေရသည့် အနေအထား၌ ဖင်လင်နှင့် ဆွစ်ဇာလန်တို့က စက်တင်ဘာ ၆ ရက်တွင် ဓာတ်အားကုမ္ပဏီများထံ ဘဏ္ဍာရေး အထောက်အပံ့ ဘီလျံချီပံ့ပိုးခဲ့သည်။

Read more

တရုတ်တွင် အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူ(၄၆)ဦး သေဆုံး

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ စက်တင်ဘာ(၅)ရက်က ပြင်းအား (၆.၈) အဆင့်ရှိတဲ့ အင်အားပြင်း ငလျင်  လှုပ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး လူ (၄၆) ယောက်သေဆုံးပြီး (၁၆) ယောက် ပျောက်ဆုံးနေပါတယ်။ ငလျင်ဟာ ဒေသစံတော်ချိန် နေ့လယ် (၁)နာရီလောက်မှာ  စီချွမ်ပြည်နယ်ကို ဗဟိုချက်ထားပြီး အောက်အနက် (၁၀) ကီလိုမီတာကနေ လှုပ်ခတ်ခဲ့တာပါ။

Read more

ဂျပန်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ် ၁၀၀ ကျော် ဖျက်သိမ်း

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဖုခုအိုခါ့မြို့မှာ စက်တင်ဘာ ၆ ရက် အစောပိုင်းက ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ဟင်နမ်နော်ကြောင့် လေယာဉ်ခရီးစဉ်ပေါင်း ၁၀၀ ကျော် ဖျက်သိမ်းခဲ့ပြီး ရထားဝန်ဆောင်မှုတွေကို ရပ်ဆိုင်းထားရပါတယ်။

ဒေသစံတော်ချိန် မနက် ၅ နာရီအထိ အနည်းဆုံး လေယာဉ်ခရီးစဉ် ၁၂၄ ခုကို ဖျက်သိမ်းခဲ့ရတာပါ။ ဟာခါ့တာ့နဲ့ ခုမာ့မိုတို ဘူတာတွေကြားမှာ ပြေးဆွဲနေတဲ့ ကျည်ဆန်ရထားလိုင်းတွေကို ရပ်ဆိုင်းထားတယ်လို့ အများပိုင်ရုပ်သံလိုင်း NHK က ပြောပါတယ်။

Read more

မာဆယ်လိုကို အိုလံပီယာကို့စ် မိတ်ဆက်ပွဲကျင်းပ

ဂရိကလပ် အိုလံပီယာကို့စ်ဟာ နောက်ခံလူသစ် မာဆယ်လိုကို အသင်းပရိသတ်တွေနဲ့ မိတ်ဆက်ပွဲ ကျင်းပခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ် မာဆယ်လိုဟာ ရီးရဲလ်အသင်းနဲ့အတူ ၁၅ နှစ်ကြာ ကစားခဲ့သလို ချန်ပီယံဆုဖလား ၂၅ လုံး အထိ ရယူနိုင်ခဲ့တာပါ။ အဲဒီနောက် စပိန်ကလပ်ကနေ ထွက်ခွာခဲ့တဲ့ မာဆယ်လိုကို အိုလံပီယာကို့စ်အသင်းက အလွတ်ခေါ်ယူနိုင်ခဲ့ပြီး ၁ နှစ်စာချုပ်ချုပ်ဆိုခဲ့သလို ၁ နှစ် ထပ်တိုးခွင့်ပါ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

Read more

Xiaomi က 200W Fast Charging ပါတဲ့ စမတ်ဖုန်းတွေကို နောက်နှစ်မှာ ရောင်းမည်

Xiaomi က ဇူလိုင်လမှာ 67W Fast Charging ပါတဲ့ Xiaomi 12S Ultra ကို ရောင်းချခဲ့ပါတယ်။ အဲဒီထက် ပိုကောင်းတဲ့ 120W Fast Charging ကို စွမ်းရည်သင့် Redmi Note 11T Pro Series မှာ ထည့်သွင်းပေးထားပါတယ်။

Read more