ငွေလွှဲ၊ငွေထုတ်ပြုလုပ်ရာတွင် မှတ်ပုံတင်ယူ ဆောင်လာကြရန် Wave Money တိုက်တွန်း

ငွေလွှဲ၊ ငွေထုတ်ခြင်းများပြုလုပ်ရာတွင် မိုဘိုင်းငွေရေးကြေးရေး၀န်ဆောင်မှုလုပ်ငန်း စည်းမျဥ်း၊စည်းကမ်းများအရ ပိုမိုလုံခြုံစိတ်ချရစေရန် Wave Money က လုံခြုံရေးအဆင်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ အဆင်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသဖြင့် Wave ဆိုင်များ၌ ငွေလွှဲ၊ငွေထုတ်ဝန်ဆောင်မှု အသုံးပြုသူများ အနေဖြင့် မှတ်ပုံတင်အား မဖြစ်မနေယူဆောင်လာရမည်ဟု သိရသည်။

ထို့ပြင် အချက်အလက်အပြည့်အစုံအား ဖြည့်စွက်ရန်လိုအပ်ကာ ထိုသို့ ပြည့်စုံစွာဖြည့်စွက်မှသာ သို့မှသာ ငွေလွှဲ၊ ငွေထုတ်လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Read more

စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ၏ နောက်ဆုံးအကြိမ်ဖြေဆိုမှုအား ၂၀၂၃ ခုနှစ်၌ ကျင်းပသွားမည်ဖြစ်ကာ စက်တင်ဘာ ၃၀ ရက်အထိ လျှောက်လွှာတင်သွင်းနိုင်

တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဖြေဆိုခြင်းမရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအတွက် စနစ်ဟောင်း၊ သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲအား နောက်ဆုံးအကြိမ်အဖြစ် ၂၀၂၃ ခုနှစ် တွင် ကျင်းပပေးသွားမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အသိပေးထုတ်ပြန်ခဲ့သည်။ထို့ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများအား စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ လျှောက်ထားရမည်ဖြစ်ကာ တစ်ဦးလျှင် ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်း ၇၀ဝ ကျပ်နှင့် လျှောက်လွှာ တစ်စောင် ၂၀ဝ ကျပ် (စုစုပေါင်း ၉၀ဝ ကျပ်)ကျသင့်မည်ဖြစ်သည်။

Read more

Visa/Master ကတ်များအားပိတ်ထားခြင်းမရှိသည့်အပြင် ကတ်အသစ်လျှောက်ထားမှုများကိုလည်း ဆောင်ရွက် ပေးလျက်ရှိဟု ဗဟိုဘဏ်ထုတ်ပြန်

ပုဂ္ဂလိကဘဏ်အချို့တွင် နိုင်ငံခြားငွေထည့်သွင်း အသုံးပြုရသည့် Visa/Master Card လုပ်ငန်း ဆောင်ရွက်ခြင်းနှင့် ကတ်အသစ်လျှောက်ထားမှုတို့အား ယာယီပိတ်ထားသည်ဆိုသည့် သတင်းများနှင့်ပတ်သက်၍ ဗဟိုဘဏ်က သိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၂၂၃) ဦး တွေ့ရှိ

(၆-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၇-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၉,၈၀၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၂၂၃) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင် နှုန်းမှာ (၂.၂၇) ရာခိုင်နှုန်း ရှိပါသည်။ ယနေ့တွေ့ရှိသော COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ သစ် (၂၂၃) ဦးအနက် (၁၄) ဦး၊ (၆.၃) ရာခိုင်နှုန်းမှာ ပြည်ပမှဝင်ရောက်လာသူများအား ဓာတ်ခွဲစစ်ဆေး ရာမှ တွေ့ရှိခြင်းဖြစ်ပြီး (၂၀၉) ဦး၊ (၉၃.၇) ရာခိုင်နှုန်းမှာ ပြည်တွင်းတွင် ကူးစက်ဖြစ်ပွားသူများ ဖြစ်ပါ သည်။ MOH

Read more

နစကဥက္ကဋ္ဌနှင့် ရုရှားသမ္မတတို့တွေ့ဆုံပြီး နျူစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြု ရေးကိစ္စရပ်အပါအဝင် ကဏ္ဍပေါင်းစုံ ဆွေးနွေး

Read more

ရှုဆေးအဖြစ် ထုတ်လုပ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုဖို့ တရုတ်နိုင်ငံ ခွင့်ပြု

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု တားဆီးရေးကို အဓိကဦးစားပေးအနေနဲ့ ဆောင်ရွက်နေတဲ့ တရုတ်နိုင်ငံကတော့ ရှူဆေးအဖြစ် ထုတ်လုပ်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုခွင့် ပေးလိုက်ပါပြီ။ CanSino Biologics ဆေးကုမ္ပဏီကနေ ထုတ်လုပ်တဲ့ ရှုဆေးကို booster အဖြစ် အရေးပေါ်အသုံးပြုနိုင်တယ်လို့ တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့က အတည်ပြုပေးခဲ့ တာပါ။ အငွေ့ရှူစက်ထဲက ဆေးငွေ့ကို ပါးစပ်နဲ့ ရှုသွင်းရမှာဖြစ်ပြီး ဆေးနာမည်ကတော့ Convidecia Air ပါ။

Read more

အနောက်နိုင်ငံများကျရှုံးနေပြီး အနာဂတ်သည် အာရှတွင် ရှိနေဟု ပူတင်ပြောကြား

ရုရှားနိုင်ငံကို ပိတ်ဆို့အရေးယူမှုများဖြင့် သီးသန့်ခွဲထုတ်ရန် အချည်းနှီးပြင်းထန်စွာကြိုးပမ်းနေမှုမှာ ကမ္ဘာ့စီပွားရေးကို ပျက်ပြားစေလျှက်ရှိသဖြင့် အနောက်နိုင်ငံများကျရှုံးနေသည့်အားလျော်စွာ အာရှနိုင်ငံများ၏ အနာဂတ်ကို မြင့်မားလာစေနေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ယနေ့ပြောကြားလိုက်သည်။

ထိုသို့ပိတ်ဆို့အရေးယူမှုများသည် စီးပွါးရေးစစ်ပွဲကြေညာသကဲ့သို့ပင်ဖြစ်ကြောင်းလည်း ပူတင်ကပြောသည်။

ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့တွင် ယနေ့ကျင်းပသော အရှေ့ဖျားစီးပွားရေးဖိုရမ်၌ သမ္မတပူတင်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

Read more

မြန်မာအသင်းဟောင်ကောင်နှင့်ခြေစမ်းပွဲနှစ်ပွဲကစားမည်

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအနေနဲ့ အခုလထဲမှာ ဟောင်ကောင်လက်ရွေးစင်အသင်းနဲ့ ခြေစမ်းပွဲနှစ်ပွဲ ကစားသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)ဆီကနေ သိရပါတယ်။ မြန်မာအသင်းကို ဟောင်ကောင်အသင်းက ခြေစမ်းပွဲကစားဖို့ ဖိတ်ကြားခဲ့တာဖြစ်ပြီး စက်တင်ဘာ ၂၁ရက်နဲ့ ၂၄ရက်တို့မှာ ယှဉ်ပြိုင်ကစားမှာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာအသင်းအနေနဲ့ ဟောင်ကောင်အသင်းနဲ့ ပြီးခဲ့မေလက လေ့ကျင့်ရေးပွဲစဉ်အဖြစ် နောက်ဆုံးကစားခဲ့ပြီး ဂိုးမရှိသရေကျထားပါတယ်။ ဂျာမန်လူမျိုးနည်းပြ အန်တိုနီဟေး တာဝန်ယူနေတဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ လာမယ့်ဒီဇင်ဘာလမှာ ကျင်းပမယ့်၂၀၂၂ခုနှစ် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု(B)မှာကျရောက်နေပါတယ်။

Read more

ချယ်လ်ဆီး က နည်းပြ တူချယ်ကို ထုတ်ပယ်

ချန်ပီယံလိဂ် အဖွင့်ပွဲမှာ ချယ်လ်ဆီး က ဒိုင်နမိုဇာဂရက်ကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာ နည်းပြတူချယ်ကို ချယ်လ်ဆီးက ထုတ်ပယ်လိုက်ပါတယ်။ အသက် ၄၈ နှစ်အရွယ် ဒေါ့မွန်နဲ့ ပီအက်စ်ဂျီနည်းပြဟောင်း တူချယ်လ် က ချယ်လ်ဆီး ကို လပေါင်း ၂၀ ကိုင်တွယ်ပြီးနောက် ထုတ်ပယ်ခံရတာ ဖြစ်ပါတယ်။  ပိုင်ရှင်သစ် တော့ဒ်ဘိုလီ က နည်းပြသစ်တစ်ဦး မခန့်အပ်ခင်မှာ တူချယ်ရဲ့ နည်းပြ အဖွဲ့ကို အသင်းအား ကိုင်တွယ်ခိုင်းထားပါတယ်။ ချယ်ဆီးလ်အသင်းက နည်းပြသစ်တစ်ဉီး ခန့်အပ်ဖို့ အချိန်တန်ပြီဖြစ်ကြောင်း  ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ နည်းပြ တူချယ် က ချယ်လ်ဆီး ကို ချန်ပီယံလိဂ်ဖလား၊ စူပါဖလား နဲ့ ကလပ်ကမ္ဘာ့ဖလား ရရှိအောင်စွမ်းဆောင်ပေးခဲ့ပြီး အသင်းရဲ့ သမိုင်းမှာ တွင်ကျန်မှာဖြစ်ကြောင်း အသင်းရဲ့ ထုတ်ပြန်ချက်က ဆက်လက်ဖော်ပြထားပါတယ်။  -Ref:BBC

Read more

Apple က iPhone 14 Series ကို မိတ်ဆက်

ဘာတွေ ပြောင်းလဲသွားလဲဆိုရင် လိုင်းမမိတဲ့အချိန် အရေးပေါ် Message ပို့နိုင်မယ့် ဂြိုလ်တုဆက်သွယ်ရေးစနစ် ပါလာတယ်။ Car Accident ဖြစ်တာမျိူးဆိုရင် အရေးပေါ် ဖုန်းခေါ်ပေးမယ့် Crash Detection ပါလာတယ်။

Read more