နမ့်စန်ခရိုင်နှင့် မိုင်းရှူးခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်အဆင့်ပါတီကော်မတီဝင်များ ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနား ပြုလုပ်

စက်တင်ဘာ ၈၊ တောင်ကြီး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်နယ်အတွင်းရှိ ခရိုင်ပါတီအဆင့် ကော်မတီဝင်များအား ရွေးချယ်ဖွဲ့စည်းခြင်းကို ဆောင်ရွက်လျက်ရှိပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းတွင် မိုင်းရှူးခရိုင်နှင့် နေ့လည်ပိုင်းတွင် နမ့်စန်ခရိုင်တို့ ဖွဲ့စည်း​ခြင်းအား Zoom Meeting ဖြင့် ပြုလုပ်ဆောင်ရွက်ပါသည်။

Read more

နေပြည်တော်ရေပန်းဥယျာဉ်ကို ကျပ်(၁၅)ဘီလီယံဖြင့် နှစ်ရှည်ငှားရမ်း

နေပြည်တော်က ရေပန်းဥယျာဉ်ကို အကြီးစားအဆင့်မြှင့်တင်မှုတွေ ဆောင်ရွက်ဖို့အတွက် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုကို ကျပ် (၁၅) ဘီလီယံနဲ့ နှစ်ရှည်ငှားရမ်းလိုက်တာ ဖြစ်တယ်လို့ နစက သတင်းထုတ်ပြန်ရေး အဖွဲ့က သိရပါတယ်။

နေပြည်တော် ရေပန်းဥယျာဉ်ကို နှစ်ရှည်အဌားချဖို့အတွက် အဆိုပြုလွှာ ခေါ်ယူခဲ့ရာမှာ လျှောက်ထား တင်သွင်းလာတဲ့ ကုမ္ပဏီ (၈) ခုအနက်မှ တင်ဒါအောင်မြင်ခဲ့တဲ့ ဆန်းမြတ်ထွန်း ကုမ္ပဏီထံ နှစ်ရှည်အငှားချခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Read more

Ooredoo ၏ဆက်သွယ်ရေးလုပ်ငန်းများအား စင်ကာပူနည်းပညာကုမ္ပဏီထံ ကန်ဒေါ်လာ ၅၇၆ သန်းဖြင့် ရောင်းချ

မြန်မာနိုင်ငံရှိ Ooredoo ၏ဆက်သွယ်ရေးလုပ်ငန်းများကို စင်ကာပူအခြေစိုက်နည်းပညာကုမ္ပဏီ (Nine Communications) ထံသို့ အမေရိကန်ဒေါ်လာ ၅၇၆ သန်းဖြင့် ရောင်းချလိုက်ပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ယနေ့(စက်တင်ဘာ ၈ ရက်) တွင်ဖော်ပြထားသည်။

ကာတာနိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ Ooredoo သည် ရှယ်ယာများရောင်းချရန်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနထံ အစောပိုင်းကာလများကတည်းက တင်ပြထားခဲ့ကြောင်း Ooredoo ကသတင်းထုတ်ပြန်ထားသည်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၁၈၇) ဦး တွေ့ရှိ

(၇-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၈-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၉,၄၈၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၁၈၇) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင် နှုန်းမှာ (၁.၉၇) ရာခိုင်နှုန်း ရှိပါသည်။ ယနေ့တွေ့ရှိသော COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ သစ် (၁၈၇) ဦးအနက် (၅) ဦး၊ (၂.၆၇) ရာခိုင်နှုန်းမှာ ပြည်ပမှဝင်ရောက်လာသူများအား ဓာတ်ခွဲစစ် ဆေးရာမှ တွေ့ရှိခြင်းဖြစ်ပြီး (၁၈၂) ဦး၊ (၉၇.၃၂) ရာခိုင်နှုန်းမှာ ပြည်တွင်းတွင် ကူးစက် ဖြစ်ပွားသူ များဖြစ်ပါသည်။ MOH

Read more

မိသားစုများပြန်လည်ဆုံစည်းရေးဆွေးနွေးမှုအသစ်အား မြောက်ကိုရီးယားထံတောင်ကိုရီးယားအဆိုပြု

၁၉၅၀ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ကိုရီးယားစစ်ပွဲကြောင့် ကွဲကွာသွားတဲ့မိသားစုဝင်ပေါင်းများစွာကို ပြန်လည် ပေါင်းစည်းရေး မြောက်ကိုရီးယားအစိုးရနဲ့ ဆွေးနွေးညှိနှိုင်းဖို့ တောင်ကိုရီးယားဘက်က အဆိုပြုထားကြောင်း သိရပါတယ်။

ဒီအဆိုပြုကမ်းလှမ်းချက်ဟာ လွန်ခဲ့တဲ့မေလက သမ္မတယွန်းဆော့ယိုးလ် တာဝန်ယူခဲ့ပြီးနောက်ပိုင်း တောင်ကိုရီးယားရဲ့ ပထမဆုံးအကြိမ်ကမ်းလှမ်းချက်ဖြစ်ပြီး မြောက်ကိုရီးယားဘက်က အကြောင်းပြန်ခြင်း မရှိသေးပါဘူး။ တောင်ကိုရီးယားအစိုးရရဲ့ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးခွမ်ယောင်စီကတော့ နှစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့အားလပ်ရက်ပွဲတော်မတိုင်မီမှာ ပြန်လည်ပေါင်းစည်းရေးဆွေးနွေးလိုကြောင်း၊ ဆွေးနွေးမယ့်နေ့ရက်၊ အချိန်နဲ့ နေရာကို မြောက်ကိုရီးယားတာဝန်ရှိသူတွေ ရွေးချယ်ခွင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

Read more

ဗြိတိန်ထီးနန်းအရိုက်အရာ Charles မင်းသား ဆက်ခံ

ဗြိတိန် တော်ဝင် မင်းသား Charles ဟာ ဘုရင် အရိုက်အရာ ဆက်ခံဖို့ ဘ၀ တလျှောက်လုံး ပြင်ဆင်လာခဲ့သူပါ။ အခု အသက် ၇၃ နှစ် အရွယ်မှာတော့ အရိုက်အရာ ဆက်ခံရတော့မှာ ဖြစ်ပါတယ်။ သူ့မိခင် ဖြစ်သူ ဘုရင်မကြီး ဒုတိယမြောက် Elizabeth ကွယ်လွန်ပြီးနောက် ကြာသပတေးနေ့မှာဘဲ တတိယမြောက် Charles ဘုရင် ဖြစ်လာခဲ့ပြီး ဗြိတိန် ထီးနန်းကို ဆက်ခံခဲ့သူတွေထဲမှာ အသက်အကြီးဆုံး ဖြစ်ပါတယ်။

Read more

ချန်ပီယံလိဂ် ဂိုးသွင်းအများဆုံးကစားသမားစာရင်းတွင် လီဝန်ဒေါစကီး (၈၉) ဂိုးဖြင့် တတိယနေရာရောက်ရှိလာ

ဘာစီလိုနာအသင်းအတွက် ချန်ပီယံလိဂ်ပွဲဦးထွက်တွင် ဟက်ထရစ်သွင်းယူခဲ့သူ တိုက်စစ်မှူး လီဝန်ဒေါစကီးသည် ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားစာရင်းတွင် (၈၉) ဂိုးဖြင့် တတိယနေရာ ရောက်ရှိလာကြောင်း သိရသည်။

ဗုဒ္ဓဟူးနေ့ညပိုင်းက ယှဉ်ပြိုင်ကစားသည့် ချန်ပီယံလိဂ်ပွဲစဉ် (၁) ဒုတိယနေ့တွင် ဘာစီလိုနာအသင်းက ချက်ကလပ် ဗစ်တိုးရီးယားပါလ်ဇန်အသင်းအား အိမ်ကွင်း၌ (၅-၁) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရပြီး အနိုင်ဂိုးများကို ကက်ဆီးက (၁၃) မိနစ်၊ လီဝန်ဒေါစကီးက (၃၄၊ ၄၅+၃၊ ၆၇) မိနစ်တွင် ဟက်ထရစ်နှင့် ဖယ်ရန်တောရက်စ်က (၇၁) မိနစ်တွင် သွင်းယူပေးခဲ့သည်။

Read more

ယူအက်စ်အိုးပင်းပြိုင်ပွဲအပြီးတွင် ကစားသမားဘဝမှ အနားယူမည့်သတင်းများကို ဆရီနာဝီလျံ ငြင်းဆန်

ယူအက်စ်အိုးပင်း ဂရင်းစလင်းတင်းနစ် ပြိုင်ပွဲအပြီးတွင် ကစားသမားဘဝမှ အနားယူမည့် သတင်းများနှင့် ပတ်သက်ပြီး အမေရိကန်ဝါရင့်တင်းနစ်မယ် ဆရီနာဝီလျံက ငြင်းဆန်ခဲ့ကြောင်းသိရသည်။

ယူအက်စ်အိုးပင်း ပထမအဆင့်ပွဲစဉ် တွင် ဆရီနာဝီလျံက မွန်တီနီဂရိုးတင်းနစ်မယ် ဒန်ကာကိုဗီနစ်ကို မိနစ် ၁၀၀ ကြာ ကစားပြီး ၆-၃၊ ၆-၃ ဖြင့်အနိုင်ရကာ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သည်။ ၎င်းအနေဖြင့် ဒုတိယအဆင့်ပွဲစဉ်အဖြစ် အက်စ်တိုးနီးယား တင်းနစ်မယ် ကွန်တာဗိုက်နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Read more

ဗြိတိန်ဘုရင်မကြီး၏နာရေးကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်များ ရွှေ့ဆိုင်း

ဗြိတိန်ဘုရင်မကြီးကွယ်လွန်သွားခဲ့တာကြောင့် ပရီးမီးယားလိဂ်ဘောလုံး ပွဲစဉ်တွေကို ရွှေ့ဆိုင်းသွားရဖို့ ရှိနေပါတယ်။ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် (၂) ဟာ စက်တင်ဘာ ၈ ရက် ကြာသပတေးနေ့က ကွယ်လွန်သွားခဲ့ပြီး သောကြာနေ့မှာ ကစားမယ့် ချန်ပီယံရှစ်ပွဲစဉ်နဲ့ အောက်တန်းလိဂ်ပွဲတွေကို ပွဲရွှေ့ဆိုင်းခဲ့ပါတယ်။

အာဆင်နယ်နဲ့ မန်ယူတို့ရဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေနဲ့ ဝက်စ်ဟမ်းအသင်းရဲ့ ယူရိုကွန်းဖရန့်လိဂ်ပွဲစဉ်တွေကတော့ ဆက်ကစားခဲ့ပေမယ့်  ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ် သက်ပေးခဲ့ကြပါတယ်။

Read more

Xiaomi က တန်ဖိုးနည်း Redmi 11 Prime 5G ကို ကြေညာ

Xiaomi က Redmi 11 Prime 5G အမည်ရ တန်ဖိုးနည်း ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Dimensity 700 Chip မောင်းနှင်ထားပြီး 4/64GB, 6/128GB နဲ့ 4/128GB Version ၃ မျိုး ထုတ်လုပ်ထားပါတယ်။

Read more