နစက ဥက္ကဋ္ဌ နှင့်အဖွဲ့ ရုရှားနိုင်ငံမှ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ

ရုရှားနိုင်ငံ၌ ပြုလုပ်ခဲ့သည့် ၇ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့တက်ရောက်ခဲ့သည့် နစက ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာ ၁၁ ရက် ညနေပိုင်းတွင်  Irkutsk မှ ပြန်လည်ထွက်ခွာလာရာ နေပြည်​တော် သို့ ပြန်လည်​ရောက်ရှိပြီဖြစ်သည်။

ရုရှားသမ္မတဗလာတီမာပူတင်နှင့် သီးခြားတွေ့ဆုံခဲ့ပြီး ရုရှား-မြန်မာပူးပေါင်းဆောင်ရွက်မှုများအတွက် ဆွေးနွေးခဲ့သလို၊ အခြား​သောမြို့များသို့ သွား​ရောက်ပြီး အစိုးရအဖွဲ့များ၊​ ကော်ပို​ရေးရှင်းများနှင့် ပူးတွဲလုပ်​ဆောင်နိုင်မည့် ကဏ္ဍ များကို ​ဆွေး​နွေးခဲ့ကြကြောင်းသိရသည်။

Read more

တရုတ်တွင် COVID-19 ကူးစက်မှုများကြောင့် ကျောင်းသား ၅၀၀ ခန့်ကို ကွာရန်တင်းစင်တာသို့ ပို့ဆောင်

တရုတ်၏ ရုပ်သံဂျာနယ်လစ်ပညာသင် ကြားမှုကောလိပ်၏ အဆောင်တစ်ဆောင် တွင် COVID-19 ကူးစက်မှုဖြစ်စဉ်အချို့ တွေ့ရှိခဲ့ပြီးနောက် ယင်းကျောင်းမှ ကျောင်းသား ၅၀၀ နီးပါးကို ကွာရန်တင်းစင်တာတစ်ခု သို့ ပို့ဆောင်ခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြခဲ့သည်။

တရုတ်ဆက်သွယ်ရေးပညာတက္ကသိုလ် မှ ကျောင်းသား ၄၈၈ ဦး၊ ဆရာ ၁၉ ဦးနှင့် လက်ထောက် ငါးဦးတို့ကို စက်တင်ဘာ ၉ ရက် ညပိုင်းကစတင်ပြီး ဘတ်စ်ကားဖြင့် ကွာ ရန်တင်းစင်တာသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

Read more

ကားလို့စ်အယ်လ်ကာ ရက်ဇ် က ယူအက်စ် အိုးပင်းမှာ ဗိုလ်စွဲ

ယူအက်စ်အိုးပင်း ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲတွင် စပိန်ဆယ် ကျော်သက် တင်းနစ်သမား ကားလို့စ်အယ်လ်ကာ ရက်ဇ်က နော်ဝေနိုင်ငံသား ကက်စပါရုဒ်ကို ၆-၄၊ ၂-၆၊ ၇-၆(၇-၁)၊ ၆-၃ ဖြင့် အနိုင်ကစားပြီး ဗိုလ်စွဲခဲ့သည်။

အသက် ၁၉ နှစ်သာရှိသေးသူ အယ်လ်ကာရက်ဇ် အနေဖြင့် ပထမဆုံး ဂရင်းစလင်းချန်ပီယံဆုနှင့် အတူ အမြင့်ဆုံး ကမ္ဘာ့အဆင့်ရပ်တည်မှုအဖြစ် အဆင့် ၁ နေရာသို့ တက်လှမ်းနိုင်ခဲ့ပြီး ရုဒ်က အဆင့် ၂ သို့ ရောက်ရှိခဲ့သည်။ -Ref:BBC

Read more

ပရီးမီးယားလိဂ်ပွဲစဉ်များ ထပ်မံရွှေ့ဆိုင်းရဖွယ်ရှိသည့်အခြေအနေကို ကလပ်အသင်းများ စိုးရိမ်နေ

ပရီးမီးယားလိဂ်ပွဲစဉ်များ လာမည့်တစ်ပတ်အထိ ထပ်မံရွှေ့ဆိုင်းရဖွယ်ရှိသည့်အခြေအနေကို ကလပ်အသင်းများက စိုးရိမ်ပူပန်နေကြောင်း ဗြိတိန်အခြေစိုက် The Guardian သတင်းဌာနက သုံးသပ်ဖော်ပြသည်။

ဗြိတိန်ထီးနန်းအား နှစ်ပေါင်း ၇၀ ကြာ စိုးစံခဲ့သည့် ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲလိဇလက် နတ်ပြည်စံသည့် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဗြိတိန်ကျွန်းစုနိုင်ငံများဖြစ်သော အင်္ဂလန်၊ ဝေးလ်စ်၊ မြောက်အိုင်ယာလန်နှင့် စကော့တလန် နိုင်ငံရှိ ဘောလုံးပြိုင်ပွဲအပါအဝင် အားကစားပြိုင်ပွဲအားလုံးနီးပါးကို ယခုတစ်ပတ်တွင် ကျင်းပခြင်းမရှိဘဲ ရွှေ့ဆိုင်းထားသည်။

Read more

ငွေကြေးတန်ဖိုးများကျချိန် နှင့် အိုင်ဖုန်း ၁၄ ထွက်ချိန်

ဂျပန်နှင့် တောင်ကိုရီးယားတို့သည် ငွေကြေးတန်ဖိုးကျဆင်းမှုကြောင့် iPhoneများအား စျေးပို​ပေး​နေရ သကဲ့သို့ဖြစ်​နေသည်။ ဂျပန်နိုင်ငံတွင်  128GB ပါရှိသည့် ပုံမှန် iPhone 14 မော်ဒယ်သည် စျေးနှုန်း ယန်း 119,800 ($841) ရှိပြီး လွန်ခဲ့သည့် တစ်နှစ်က ထွက်ရှိခဲ့သော iPhone 13 ထက် ၂၁% ခန့် ​စျေးမြင့်​နေသည်။ တောင်ကိုးရီးယားနှင့် နှိုင်းယှဉ်ပါက ၁၅% ပိုများ​နေသည်။

Read more

ဦးနှောက်လုပ်ဆောင်ချက်တိုးစေဖို့ ကော်ဖီသောက်သုံးတဲ့အခါ မလုပ်သင့်တဲ့အရာများ

ကျန်းမာရေးဆိုင်ရာကျွမ်းကျင်ပညာရှင်တွေကြားမှာ ကော်ဖီသောက်သုံးတာနဲ့ပတ်သက်ပြီး ကွဲလွဲမှုတွေရှိနေပါတယ်။ သိပ္ပံနည်းအရတော့ ကော်ဖီသောက်ခြင်းမှာ ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိပါတယ်။ တစ်ချိန်တည်းမှာပဲ ကျန်းမာရေးနဲ့ပတ်သက်ပြီး မကောင်းတဲ့အကျိုးသက်ရောက်မှုတွေဖြစ်စေနိုင်တဲ့ အလားလာရှိတယ်ဆိုတာကလည်း ငြင်းလို့မရပါဘူး။ ကော်ဖီက သင့်ကို လန်းဆန်းတက်ကြွစေတယ်။ စိတ်ခံစားချက်ကောင်းစေတယ်။

အာရုံစူးစိုက်နိုင်စွမ်းတိုးစေတယ်။ ဉီးနှောက်လုပ်ဆောင်ချက်ကောင်းစေပါတယ်။ ကော်ဖီစေ့မှာ နာတာရှည်ရောဂါ ဖြစ်နိုင်ခြေကို ဖြတ်တောက်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တဲ့ အန်တီအောက်စီဒန့်ဓာတ်တွေပါဝင်ပါတယ်။ ကော်ဖီကို နည်းစနစ်မှန်မှန်နဲ့သောက်မယ်ဆိုရင်တော့ ဒီကျန်းမာရေးအကျိုးကျေးဇူးတွေကို ရနိုင်မှာပါ။ သင်က ကော်ဖီချစ်သူဖြစ်တဲ့အတွက် ကော်ဖီသောက်တဲ့နေရာမှာ ကျွမ်းကျင်နိုင်ပေမဲ့ သင်သတိမထားမိရင် တစ်ခုခုမှားယွင်းသွားနိုင်ပါတယ်။

Read more

လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း

ချောက် စက်တင်ဘာ ၉

ချောက်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ရွှေပုံတောင်ရပ်တွင် တည်ထားကိုးကွယ်တော်မူသည့် ရွှေပုံတောင် မာန်အောင်မြင်စေတီတော်မြတ်ကြီး၏  အကြိမ်(၅၁၇) ကြိမ်မြောက် ဆွမ်းလောင်းလှူပွဲကြီးအား  ချောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ  ဦးသန်းလှိုင်၊ အတွင်းရေးမှူး ဦးဖေသန့်ဇော် နှင့် ကော်မတီဝင်များမှ   ဆရာတော် အရှင်သူမြတ်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

 

Read more

ဆွမ်းလောင်းလှူပွဲတွင် ကုသိုလ်ပြုပါဝင်လောင်းလှူ

ကျောက်မဲ စက်တင်ဘာ ၉

ယနေ့(9-9-2022)ရက်နေ့နံနက်ပိုင်းတွင် ကျောက်မဲခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းထိုက်ဇော်၊ မြို့နယ်ပါတီဥက္ကဌ ဦးလှတင်၊ ဘဏ္ဍာရေးမှူးဒေါ်ဖြူဖြူမြင့်နှင့် ဒေါ်ဝင်းမြင့်တို့မှ သာသနောဒယကျောင်းတိုက် အမှတ်(၁)ရပ်ကွက် ပြိန်းနင်ရပ်(14)ကြိမ်မြှောက်ပုညသဟာရ  ဆွမ်းလောင်ပွဲတွင်လှူဖွယ်ဝတ္ထုအစုစုတို့ကို လှူဒါန်းခဲ့ပါသည်။


Read more

တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီကော်မတီဝင်များ တွေ့ဆုံပွဲပြုလုပ်

စက်တင်ဘာ ၈၊ တပ်ကုန်း

ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီကော်မတီဝင်များ ပုံမှန်တွေ့ဆုံဆွေးနွေးမှုကို ၈-၉-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ တွေဆုံပွဲ့သို့ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ပါတီ၏ လုပ်ငန်းစဉ်များ၊ ပါတီဝင်အင်အားတိုးတက်ရရှိရေးဆိုင်ရာများအား ဆွေးနွေးခဲ့ကြသည်။


Read more