မှတ်ပုံတင်မူရင်းပြသ၍ မြန်မာ့မီးရထား၏ ကြိုတင်လက်မှတ်များဝယ်ယူနိုင်

မြန်မာ့မီးရထားမှ လက်ရှိအချိန်တွင် ပြေးဆွဲလျက်ရှိသည့် ရထားခရီးစဥ်များ၏ ကြိုတင် လက်မှတ်များအား မှတ်ပုံတင်မူရင်းပြသ၍ ဝယ် ယူနိုင်ကြောင်း သိရသည်။ ကြိုတင်လက်မှတ်များအား ရန်ကုန်မြို့၊ ဗိုလ်ချုပ် အောင်ဆန်းလမ်းရှိ  ရန်ကုန်ဘူတာကြီး ကြိုတင် လက်မှတ်ရုံတွင်  နံနက် ၈ နာရီမှမွန်းတည့် ၁၂ နာ ရီအထိ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဝယ်ယူရာတွင် မှတ်ပုံတင်မူရင်းအားပြသ၍ ဝယ်ယူနိုင်ကာ ထောက်ခံစာများဖြင့် ဝယ်ယူခွင့်မပြုကြောင်း သိရသည်။

Read more

မုံရွာမြို့တွင် သိန်းတရာရွှေဆိုင်ပိုင်ရှင်၏ သမီးဖြစ်သူနှင့်ဝန်ထမ်းများအား သေနတ်ပြခြိမ်းခြောက်၍ ရွှေထည် ပစ္စည်းများ အား လုယက်ယူဆောင်သွားခဲ့

စစ်ကိုင်းတိုင်း၊မုံရွာမြို့၊ဘုရားကြီးရပ်ကွက်၊ဗိုလ် ချုပ်လမ်းမီးပွိုင့်အနီးရှိ “သိန်းတရာ”ရွှေဆိုင်တွင် စက်တင်ဘာ ၁၁ ရက်နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းနေ့နံနက် ၁၀ နာရီခွဲက အမည်မသိအမျိုး သား ၄ ဦး သည် CRV (အနက်ရောင်)ကားဖြင့် ဘု ရားကြီးရပ်ကွက်နေ ဦးချစ်လှိုင်(၇၉)နှစ်ပိုင် “သိန်းတရာ”ရွှေဆိုင်သို့ ရောက်ရှိလာခဲ့ကြသည်။ ထိုသို့ ရောက်ရှိလာပြီးနောက် ဆိုင်အတွင်းရှိ ဦးချစ်လှိုင်၏ သမီးဖြစ်သူ မနော်ထူး(၅၀)နှစ် နှင့် ဆိုင်ဝန်ထမ်းများဖြစ်သည့် မနုနုယဉ်(၃၄)နှစ်၊ မစန္ဒီလေးအောင်(၂၇)နှစ်၊ သလ္လာရပ်ကွက်နေ မဖြိုးမွန်ငြိမ်း (၃၂)နှစ်၊ ဦးတင်ထွန်း(၅၃)နှစ်တို့အား သေနတ်ပြခြိမ်းခြောက်၍ မနော်ထူးအား ရွှေထည်ပစ္စည်းများ သိမ်းဆည်းထား သည့် အခန်းအားဖွင့်ခိုင်းကာ အသင့်ယူဆောင်သည့် လက်ဆွဲအိတ် ၂ လုံးအတွင်းသို့ ရွှေလက်ကောက်နှင့် ရွှေဆွဲကြိုးမျိုးစုံ(စိစစ်ဆဲ)အားထည့်၍ လုယက်ယူဆောင်သွားခဲ့ကြသည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၂၀၄) ဦး တွေ့ရှိ

(၁၁-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၂-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၁,၃၀၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၀၄) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁.၈) ရာခိုင်နှုန်း ရှိပါသည်။

Read more

ဂျပန်က နယ်စပ်ကန့်သတ်ချက် ဖြေလျှော့မှု တစ်စိတ်တစ်ပိုင်းအဖြစ် ခရီးသွားဗီဇာလိုအပ်ချက်များ လျှော့ပေါ့မည်

ဂျပန်နိုင်ငံသည် COVID-19 ကူးစက်ပျံ့နှံ့မှုကို ရပ်တန့်နိုင်ရန် ချမှတ်ထားသည့် နယ်စပ်ကန့်သတ်ထိန်းချုပ်မှုများကို နောက်ထပ်ဖြေလျှော့မှုတစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံအချို့မှ ခရီးသွားဗီဇာလိုအပ်ချက်များကို လျှော့ပေါ့ပေးရန် စီစဉ်နေသည်ဟု Fuji News တွင် စက်တင်ဘာ ၁၂ ရက်က ဖော်ပြထားသည်။

တစ်ဦးချင်းခရီးသွားများအနေဖြင့် ခရီးသွားအေဂျင်စီကြိုတင်စာရင်းပေးသွင်းမှုမရှိဘဲ ဂျပန်နိုင်ငံသို့ လာရောက် လည်ပတ်နိုင်လိမ့်မည်ဖြစ်သည့် ယင်းဖြေလျှော့မှုအပေါ် ဝန်ကြီးချုပ် ဖုမိအိုခိရှိဒက ယခုသီတင်းပတ်အစောပိုင်းတွင် ဆုံးဖြတ်သွားဖွယ်ရှိသည်ဟု FNN တွင် ဖော်ပြထားသည်။

Read more

ရုရှားလက်အောက်က နယ်မြေတချို့ ယူကရိန်း ပြန်လည်သိမ်းပိုက်

ရုရှားသိမ်းပိုက်ထားတဲ့ ခါကိဗ်ဒေသ အနောက်မြောက်ပိုင်းက အိုင်ဇယွမ်မြို့ကို ယူကရိန်းတပ်ဖွဲ့တွေက တနင်္ဂနွေနေ့မှာ ပြန်သိမ်းနိုင်ခဲ့ပြီး ယူကရိန်းနိုင်ငံတော်အလံ လွှင့်ထူခဲ့တာကို တွေ့ရပါတယ်။ ရုရှားအလံကို ဖြုတ်ချပြီး ယူကရိန်း နိုင်ငံတော်အလံလွှင့်ထူနေတဲ့ ဗီဒီယိုကို ယူကရိန်းစစ်သားတွေက သူတို့ကိုယ်တိုင် ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အခု ပြန်သိမ်းယူလိုက်တဲ့ အိုင်ဇယွမ်မြို့ဟာ ရုရှားရဲ့ မြောက်ပိုင်းမျက်နှာစာအတွက် ထောက်ပံ့ရေးနဲ့ စီမံခန့်ခွဲရေးမှာ အရေးပါတဲ့ အချက်အချာနေရာဖြစ်တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။ မကြာသေးခင် ရက်ပိုင်းအတွင်း  ယူကရိန်း စစ်တပ်ဟာ ရုရှားသိမ်းယူထားတဲ့ နယ်မြေတွေကို ပြန်လည်ရယူဖို့ အလွန်ကြီးမားတဲ့တန်ပြန်ထိုးစစ်တစ်ခုကို လုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ စစ်ဆင်ရေးအတွင်းမှာ ရုရှားတပ်တွေ ဆုတ်ခွာသွားအောင်လုပ်နိုင်ခဲ့သလို ရုရှားတပ်တွေကျန်ခဲ့တဲ့ လက်နက်တွေနဲ့ ခဲယမ်းမီးကျောက်တွေလည်း အမြောက်အများ ရရှိလိုက်တယ်လို့ ဆိုပါတယ်။

Read more

ချယ်လ်ဆီးက ထွက်ခွာခဲ့ရလို့ ဝမ်းနည်းခဲ့တဲ့ တူချယ်

ရာသီအစမှာ ခြေစွမ်းညံ့နေချိန် ချယ်လ်ဆီးကနေ ထုတ်ပယ်ခံခဲ့ရပြီးတဲ့နောက်မှာ သူ့အနေနဲ့ ဝမ်းနည်းပက်လက် ဖြစ်သွားခဲ့တယ်လို့ သောမတ်စ် တူချယ် က ပြောပါတယ်။ချန်ပီယံလိဂ် အစပွဲမှာ ချယ်လ်ဆီး က ဒိုင်နမိုဇာဂရက် ကို ၁-၀  ဂိုး နဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာ ၄၉ နှစ်အရွယ် တူချယ် က ဗုဒ္ဒဟူးနေ့က ထုတ်ပယ်ခံခဲ့ရတာပါ။

Read more

ချဲလ်ဆီးနှင့် လီဗာပူးပွဲအပါအဝင် ပရီးမီးယားလိဂ်ပွဲ ပွဲစဉ် ၃ ပွဲ ထပ်မံရွှေ့ဆိုင်း

ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ဒီတစ်ပတ်မှာ ပြန်လည်ကျင်းပမှာဖြစ်ပေမယ့် ပွဲစဉ် ၃ ပွဲကိုတော့ ထပ်မံရွှေ့ဆိုင်းခဲ့ပါတယ်။ဗြိတိန်ဘုရင်မကြီးအဲလီဇဘက်ရဲ့ နာရေးကြောင့် ပြီးခဲ့တဲ့တပတ် ပရီးမီးယားလိဂ်ပွဲစဉ် အားလုံးကို ရွှေ့ဆိုင်းခဲ့ပြီး ဒီတပတ်မှာတော့ စုစုပေါင်း ၃ ပွဲပဲ ရွှေ့ဆိုင်းမှာပါ။

စက်တင်ဘာ ၁၈ ရက် တနင်္ဂနွေနေ့မှာ ကစားကြမယ့် မန်ယူနဲ့ လိဒ်ယူနိုက်တက်ပွဲ၊ ချဲလ်ဆီးနဲ့ လီဗာပူးပွဲစဉ်တွေကို လုံခြုံရေးရဲတပ်ဖွဲ့အင်အားနည်းပါးတာကြောင့် ထပ်မံရွှေ့ဆိုင်းဖို့ ဆုံးဖြတ် ခဲ့တာပါ။အဲဒီနေ့မှာ ဘုရင်မကြီးရဲ့ဈာပနအခမ်းအနားကျင်းပမှာဖြစ်လို့ အဲဒီပွဲအတွက် ရဲတပ်ဖွဲ့ အင်အားတွေ ပေးထားရမှာဖြစ်ပါတယ်။

Read more

ဘရာဇီးက Charger မပါတဲ့ iPhone တွေ ရောင်းချခွင့် ပိတ်ပင်လိုက်ပြီး Apple ကို ဒေါ်လာ ၂.၄ သန်းဒဏ်ရိုက်

ဘရာဇီးက Charger မပါတဲ့ iPhone တွေ ရောင်းချခွင့် ပိတ်ပင်လိုက်ပြီး အဲဒီကိစ္စနဲ့ပတ်သက်ကာ Apple ကို ဒေါ်လာ ၂ သန်းကျော် ဒဏ်ရိုက်လိုက်ပါတယ်။ ဘရာဇီး အာဏာပိုင်တွေက ဘက်ထရီ Charger မပါတဲ့ ဘယ် iPhone မော်ဒယ်ကိုမဆို ရောင်းချခွင့် ပိတ်ပင်လိုက်ပါတယ်။တရားရေးနဲ့ အများပြည်သူ လုံခြုံရေး ဝန်ကြီးဌာနက Apple ကို ဒဏ်ငွေ ဒေါ်လာ ၂.၄ သန်း ပေးဆောင်ဖို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

Read more

ဆေးတက္ကသိုလ်များနှင့်သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များတွင် ဝင်ခွင့်လူတွေ့နှုတ်မေးစာမေး ပွဲဖြေဆိုခွင့်ရရှိသူ ၁၃၃၅ ဦးရှိ

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးတက္က သိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ၌ ဝင်ခွင့်လျှောက်ထားသူများအနက် ဝင်ခွင့်လူတွေ့နှုတ်မေးစာမေးပွဲဖြေဆိုခွင့် ရရှိသူ ၁၃၅၅ ဦးရှိကြောင်း သိရသည်။

အဆိုပါ ဝင်ခွင့်လူတွေ့နှုတ်မေးစာမေးပွဲဖြေဆိုခွင့်ရရှိသူများသည် သားဖွားသင်တန်းကျောင်း(နေ ပြည်တော်)၌ စက်တင်ဘာ ၁၂ ရက်မှ ၂၂ ရက်အထိ သတ်မှတ်ထားသည့် ခုံအမှတ်နှင့်နေ့ရက်အလိုက်ဖြေဆိုရမည်ဖြစ်သည်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၁၈၉) ဦး တွေ့ရှိ

(၁၀-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၁-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၉,၃၇၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၁၈၉) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၂.၀၂) ရာခိုင်နှုန်း ရှိပါသည်။ ယနေ့တွေ့ရှိသော COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁၈၉) ဦးအနက် (၁၆) ဦး၊ (၈.၅) ရာခိုင်နှုန်းမှာ ပြည်ပမှဝင်ရောက်လာသူများအား ဓာတ်ခွဲ စစ်ဆေးရာမှ တွေ့ရှိခြင်းဖြစ်ပြီး (၁၇၃) ဦး၊ (၉၁.၅) ရာခိုင်နှုန်းမှာ ပြည်တွင်းတွင် ကူးစက်ဖြစ်ပွားသူ များ ဖြစ်ပါသည်။ MOH

Read more