တရုတ်(တိုင်ပေ)တွင် ပြင်းအားမဂ္ဂနီကျု၆ဒသမ၈အဆင့်ရှိ ငလျင်လှုပ်

တရုတ်(တိုင်ပေ)အရှေ့တောင်ပိုင်းက လူနေကျဲပါးတဲ့နေရာမှာ စက်တင်ဘာ(၁၈)ရက်က ပြင်းအားမဂ္ဂနီကျု ၆ဒသမ၈အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ တရုတ်(တိုင်ပေ) မိုးလေဝသဗျူရိုရဲ့ ပြောကြားချက်ကို ကိုးကားပြီး CNA သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီငလျင်ကြောင့် ရထားတွဲတချို့လမ်းချော်ပြီး စတိုးဆိုင်တစ်ဆိုင်ပြိုကျကာ တောင်တစ်လုံးပေါ်မှာလည်း လူတွေပိတ်မိနေတယ်လို့ ဆိုပါတယ်။

ငလျင်ရဲ့ ဗဟိုချက်က တိုင်တောင်ခရိုင်မှာရှိပြီး စနေနေ့ညနေက အဲ့ဒီဒေသမှာပဲလှုပ်ခတ်ခဲ့တဲ့ ပြင်းအားမဂ္ဂနီကျု ၆ဒသမ၄အဆင့်ရှိတဲ့ ငလျင်ရဲ့ နောက်ဆက်တွဲငလျင်အဖြစ် လှုပ်ခတ်ခဲ့တာဖြစ်သလို လူအသေအပျောက်မရှိခဲ့ဘူးလို့ မိုးလေဝသဗျူရိုက ပြောပါတယ်။

Read more

အသင်း၏ပရီးမီးယားလိဂ်သမိုင်းတွင် လူစားဝင်ပြီး ဟက်ထရစ်သွင်းယူနိုင်သည့် ပထမဆုံးကစားသမားဖြစ်လာတဲ့ ဆွန်ဟောင်မင်

စပါးတိုက်စစ်ကစားသမား ဆွန်ဟောင်မင်သည် အသင်း၏ပရီးမီးယားလိဂ်သမိုင်းတွင် လူစားဝင်ပြီး ဟက်ထရစ် သွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

၂၀၁၅ စက်တင်ဘာလက အဲဗာတန်ကစားသမား နေးစမစ် ချယ်လ်ဆီးနှင့်ပွဲတွင် ဟက်ထရစ်သွင်းခဲ့ပြီးနောက် ပရီးမီးယားလိဂ်တွင် လူစားဝင်ပြီး ပထမဆုံး ဟက်ထရစ်သွင်းသူ ဖြစ်လာခဲ့သည်။

ဆွန်ဟောင်မင်သည် ယခုရာသီ ပရီးမီးယားလိဂ်တွင် ဂိုးကန်သွင်းမှု ၂၁ ကြိမ် ရှိခဲ့ပြီး ယခုပွဲတွင်မှ ပထမဆုံး ဂိုးသွင်းကာ ဟက်ထရစ်ရခဲ့ခြင်းဖြစ်သည်။

Read more

ဘရိုက်တန်အသင်းနည်းပြသစ်အဖြစ် ဒီဇာဘီ (၄)နှစ်စာချုပ်နဲ့ခန့်အပ်ခံရ

ဘရိုက်တန်အသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်က ချဲလ်ဆီးကိုကိုင်တွယ်ဖို့ အသင်းကနေထွက်ခွာခဲ့တဲ့ ဂရေဟမ်ပေါ်တာနေရာမှာ အသင်းနည်းပြသစ်အဖြစ် ရော်ဘတ်တိုဒီဖာဘီကို ခန့်အပ်လိုက်ပါတယ်။ အသက်(၄၃)နှစ်အရွယ်အီတလီလူမျိုးနည်းပြကြီးဟာ ဘရိုက်တန်နဲ့(၄)နှစ်စာချုပ်ချုပ်ဆိုလိုက်ပါတယ်။ နိုင်ငံတကာ ပွဲစဉ်ကာလအတွင်း ကစားသမားတွေနဲ့လက်တွဲဖို့ နည်းပြသစ်ဒီဇာဘီ အချိန်ရမှာဖြစ်ပါတယ်။ ဘရိုက်တန်အသင်း ဥက္ကဋ္ဌ တိုနီဘလွန်းက “ကျွန်တော်တို့ရဲ့နည်းပြသစ်ဖြစ် ဒီဇာဘီကို ခန့်အပ်နိုင်ခဲ့လို့ ဝမ်းသာမိပါတယ်။ သူကိုင်တွယ်ခဲ့တဲ့အသင်းတွေဟာ စိတ်လှုပ်ရှားစရာကောင်းပြီးရဲရင့်တဲ့ကစားဟန်ရှိပါတယ်။ ကျွန်တော်တို့မှာရှိတဲ့ ကစားသမားတွေနဲ့ သူ့ရဲ့ကစားဟန်၊ နည်းစနစ်ပိုင်းတွေ အံဝင်မယ်လို့ ကျွန်တော်တယုံကြည်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ဒီဇာဘီဟာ အရင်က ရှက်တာဒိုးနက်အသင်းကို ကိုင်တွယ်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။

Read more

လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် မန်ယူအသင်းမှ စီရော်နယ်လ်ဒို ထွက်ခွာမည်ဆိုပါက နည်းပြ တန်ဟက်ဂ် အနေဖြင့် ဆောင်းရာသီအသုံးစရိတ် ပေါင်သန်း ၁၀၀ အထိ အသုံးပြုခွင့်ရမည်

လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် မန်ယူအသင်းမှ နာမည်ကျော်ဝါရင့် တိုက်စစ်မှူး စီရော်နယ်လ်ဒို ထွက်ခွာမည်ဆိုပါက နည်းပြ တန်ဟက်ဂ်အနေဖြင့် ဆောင်းရာသီအသုံးစရိတ် ပေါင်သန်း ၁၀၀ ရရှိမည် ဖြစ်ကြောင်း သိရှိရသည်။ လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် မန်ယူအသင်းမှ နာမည်ကျော်ဝါရင့် တိုက်စစ်မှူး စီရော်နယ်လ်ဒို ထွက်ခွာမည်ဆိုပါက နည်းပြ တန်ဟက်ဂ်အနေဖြင့် ဆောင်းရာသီအသုံးစရိတ် ပေါင်သန်း ၁၀၀ ရရှိမည် ဖြစ်ကြောင်း သိရှိရသည်။

Read more

သုတေသနပညာရှင်တွေက ရေကို လောင်စာဆီ အဖြစ် ပြောင်းလဲနိုင်တဲ့ နည်းပညာကို ဖန်တီး

သဘာဝပတ်ဝန်းကျင်ကို ပျက်ဆီးစေတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်တဲ့ လောင်စာဆီတွေကို အစားထိုးနိုင်မယ့် နည်းလမ်းတွေကို ပညာရှင်တွေက ရှာဖွေနေကြပါတယ်။

အခုတော့ ဖင်လန် Oulu တက္ကသိုလ်က  Nano and Molecular Systems Research Unit (NANOMO) မှ သုတေသနပညာရှင်တွေက ရေကို လောင်စာဆီ အဖြစ် ပြောင်းလဲပေးနိုင်တဲ့ နည်းလမ်းကို ရှာဖွေတွေ့ရှိသွားပါတယ်။ နေအလင်းရောင်ကို အသုံးပြုကာ ရေကို အောက်ဆီဂျင်နဲ့ ဟိုက်ဒရိုဂျင် အဖြစ် ခွဲခြားပေးကာ အဲဒီကနေ ဟိုက်ဒရိုဂျင်ကို ထုတ်လုပ်ပေးတာ ဖြစ်ပါတယ်။

Read more

မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လူငယ်ရေးရာလှုပ်ရှားမှုအဖြစ် စုပေါင်းသန့်ရှင်းရေးပြုလုပ်

စက်တင်ဘာ ၁၅၊ မြန်အောင်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၁၅-၉-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (၂၉)နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် လူငယ်ရေးရာလှုပ်ရှားမှုအနေဖြင့် ဘုရားသုံးဆူအနောက် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းအား ပြုလုပ်ခဲ့ကြပါသည်။

ဆောင်ရွက်ရာသို့ ခရိုင်အတွင်းရေးမှူး၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီ ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ လူငယ်ရေးရာပါတီဝင်များမှ စုပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

Read more

ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ သာကေတမြို့နယ် ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

ရန်ကုန်၊ စက်တင်ဘာ ၁၄

ရန်ကုန်အရှေ့ပိုင်းခရိုင်၊  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးညဏ်ဝင်းထိုက်၊ အတွင်းရေးမှူး ဒေါ်ဇာခြည်လင်းနှင့် ကော်မတီဝင်များသည် ၁၄-၉-၂၀၂၂ ရက်နေ့ နေ့လည် (၁၁)နာရီအချိန်တွင် သာကတမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်ပါတီကော်မတီများနှင့် တွေဆုံဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးပြီးနောက် တက်ရောက်လာကြသောရပ်ကွက်အသီးသီးမှ ပါတီကော်မတီဝင်များအား ဆန်များ ထောက်ပံပေးခဲ့ကြောင်းသိရသည်။

Read more

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ (၂၉)နှစ်မြောက်နှစ်ပတ်လည် အလှူတော် ဥက္ကံမြို့ဘိုးဘွားရိပ်သာ၌ ကျင်းပ

စက်တင်ဘာ ၁၅၊ တိုက်ကြီး

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်မှစတင်ကာ ဥက္ကံမြို့ ဦးမောင်ရုံး+ဒေါ်ရင် ဘိုးဘွားရိပ်သာ၌ တစ်နေ့တာအာဟာရ အလှူတော်ပွဲ ကျင်းပခဲ့ပါသည်။

ရှေ့ဦးစွာ မြို့နယ်ပါတီတာဝန်ရှိသူများက ဘုရားအမှူးပြုသော သံဃာတော်များထံမှ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလတော်မြတ်ကို ခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်(၅)ပါးအား ဝါဆိုလျာသင်္ကန်းနှင့် ဝတၳဳငွေများ ဆက်ကပ်လှူဒါန်းပြီးကုသိုလ်ကောင်းမှုတိုအား အမျှအတန်းပေးဝေကြပါသည်။

Read more

နိုင်ငံသား အသိအမှတ်ပြု ကတ္တစ္ခုခု ကိုင်ဆောင်ထားပြီး သန်းခေါင်စာရင်းရှိမှသာ လာမည့်ရွေးကောက်ပွဲတွင် မဲပေးခွင့်ရမည်ဟု UEC ဥက္ကဋ္ဌ ပြော

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးသိန်းစိုးက စက်တင်ဘာ ၁၅ ရက်နံနက် ၉ နာရီတွင်ပြုလုပ်ခဲ့သည့် ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ်များ၏ မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းနှင့်မဲရုံအရေအတွက်များ လျာထားသတ်မှတ်ခြင်းဆိုင်ရာညှိနှိင်းအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

UEC အနေဖြင့် အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီဆောင်ရွက်ပြီးပါက ဖွဲစည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကေရစီ အထွေထွေရွေးကောက်ပွဲအား ကျင်းပပေးသွားမည်ဟု ပြောသည်။

Read more

K Pay က နိုင်ငံခြားလုပ်သား လစာငွေလွှဲများကို တစ်ဒေါ်လာ ကျပ် ၃၀၀၀ ဖြင့် ငွေလွှဲများ လက်ခံထည့်ပေးမည် ဖြစ်ကြောင်း အတည်ပြု

ကမ္ဘောဇဘဏ် (K Pay) က နိုင်ငံခြားလုပ်သား လစာငွေလွှဲများကို တစ်ဒေါ်လာ ကျပ် ၃၀၀၀ ဖြင့် ငွေလွှဲများ လက်ခံထည့်ပေးမည်ဖြစ် ကြောင်း အတည်ပြုကြောင်း Hana Bank Myanmar Page က ထုတ်ပြန်ထားသည်။

Read more