ထိုင်ဝမ်ကျွန်း၌ နောက်ဆက်တွဲငလျင်များ ထပ်မံလှုပ်ခတ်

ထိုင်ဝမ်ကျွန်း၌ ယမန်နေ့က လူတစ်ဦးသေဆုံးပြီး လူ ၁၅၀ ခန့်ဒဏ်ရာရခဲ့သည့် ထိတ်လန့်ဖွယ် ငလျင် လှုပ်ခတ်ပြီးနောက် စက်တင်ဘာ ၁၉ ရက် တွင် ၅ ဒသမ ၅ မဂ္ဂနီကျု့အဆင့်အပါအဝင် နောက်ဆက်တွဲငလျင်များ ထပ်မံလှုပ်ခတ်ခဲ့ပြီး မြို့တော်တိုင်ပေ၌ပါခံစားခဲ့ရသည်။

Read more

ထိုင်ဝမ်ကို တရုတ်ကျူးကျော်လာပါက ထိုင်ဝမ်အား အမေရိကန်တပ်များက ကာကွယ်ပေးသွားမည်–ဘိုင်ဒင်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တရုတ်က ထိုင်ဝမ်ကိုကျူးကျော်လာလျှင်ထိုင်ဝမ်ကိုအမေရိကန်တပ်ဖွဲ့များက ခုခံကာကွယ်‌ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး ယခုအချိန်အထိ အဆိုပါကိစ္စနှင့်ပတ်သက်၍ အရှင်းလင်းဆုံး ပြောကြားလိုက်သည့်ယခုထုတ်ပြန်ချက်သည် ပေကျင်းကိုဒေါသထွက်စေမည့်အရာတစ်ခုလည်းဖြစ်သည်။

စက်တင်ဘာ ၁၈ ရက် တနင်္ဂနွေနေ့ကထုတ်လွှင့်သည့် CBS နှင့်အင်တာဗျူးတစ်ခု၌ အမေရိကအနေဖြင့် တရုတ်က၎င်း၏ပိုင်နက်ဟု ယူဆထားသောကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထိုင်ဝမ်ကျွန်းအား မကြုံဖူးသည့်တိုက်ခိုက်မှုမျိုး တစ်ခုခုလုပ်ပါက အမေရိကန်တပ်များကကာကွယ် ပေးမည်ဟု ကန်သမ္မတကပြောကြားခဲ့သည်။

Read more

တစ်နှစ်တာအတွင်း ဝင်ငွေအကောင်းဆုံးကစားသမားစာရင်းတွင် စံချိန်တင် လစာငွေရ ဘာပေ ဦးဆောင်ခဲ့ပြီး စီရော်နယ်လ်ဒို၊ မက်ဆီတို့ကိုကျော်ဖြတ်

PSG အသင်း၏ ပြင်သစ်လူငယ်ကြယ်ပွင့်တိုက်စစ်မှူး ဘာပေသည် အသင်းနှင့် ချုပ်ဆိုလိုက်သည့် စာချုပ်သစ်၏ လစာငွေနှုန်းထားကြောင့် လက်ရှိဘောလုံးလောကတွင် တစ်နှစ်တာအတွင်း ဝင်ငွေအကောင်းဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြီး စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့ကို ကျော်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

ဘာပေသည် PSG အသင်းနှင့် ချုပ်ဆိုခဲ့သည့် (၃)နှစ်စာချုပ်ကြောင့် တစ်နှစ်တာ လစာငွေမှာ ဒေါ်လာ (၁၀၅) သန်းအထိ ရှိနေပြီး ကြော်ငြာနှင့် စပွန်ဆာဝင်ငွေများတွင် စီရော်နယ်လ်ဒို၊ မက်ဆီတို့ကို မမီသော်လည်း စုစုပေါင်းဝင်ငွေတွင် ကျော်တက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

Read more

မိုးညှင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အဝတ်စားများထောက်ပံ့လှူဒါန်း

မိုးညှင်း စက်တင်ဘာ ၁၈

ယနေ့နံနက်(၁၀)နာရီအချိန် ကာဒူကျေးရွာအုပ်ချုပ်ရေးမှူးအိမ်၌  မိုးညှင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ခရိုင်အတွင်းရေးမှူး ဦးခိုင်ဇော်ထွန်း မြို့နယ်အတွင်းရေးမှူး ဦးဇော်ဝင်းမြို့နယ်ကော်မတီဝင် မစန်းစန်းဝင်း ရပ်ကျေးပါတီအဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးတို့မှ  ကာဒူကျေးရွာရှိ အဆင်မပြေဖြစ်နေသည့် အိမ်ထောင်စု (၂၄)စုအတွက် အဝတ်အစားများ ထောက်ပံ့လှူဒါန်းခဲ့ကြပါသည်။


Read more

အလှူငွေ(၃)သိန်းလှူဒါန်း

လားရှိုး စက်တင်ဘာ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ပြည်ခိုင်ဖြိုးပါတီရုံး၌ ပန်းဟုန်ကျေးရွာအုပ်စု ကျေးခွမ်ကျေးရွာ ဘုရားကျောင်းခန်းမ ပြုလုပ်ရာတွင် အောက်အခင်းခင်းရန်အတွက် အလှူငွေကျပ်(၃)သိန်းအား ပြည်နယ် ဥက္ကဋ္ဌဒေါက်တာမျိုးထွန်းမှ သက်ဆိုင်ရာတာဝန်ရှိသူထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။


Read more

အလှူငွေသိန်း(၃၀)မတည်လှူဒါန်း

မိုးမိတ် စက်တင်ဘာ ၁၇

မိုးမိတ်မြို့နယ် လက်ခုတ်တန်းရပ်ကွက်ရှိ ဂူတော်သစ်မြတ်စွာဘုရားဝန်းအတွင်း သုဓမ္မာဇရပ် ဆောက်လုပ်ရန် အတွက် မိုးမိတ်ခရိုင်ပါတီဥက္ကဋ္ဌဦးစိုးမြင့် မိသားစုမှ မတည်အ​လှူငွေ ၃၀၀၀၀၀၀ိ(သိန်းသုံးဆယ်တိတိ) လှူဒါန်းခဲ့ပါသည်။


Read more

ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမိသားစုမှ ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်း

ညောင်လေးပင် စက်တင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ်ပါတီမိသားစုမှ ဝါဆိုသင်္ကန်းဆပ်ကပ်ပူဇော်ပွဲအား  စက်တင်ဘာ ၁၇ရက်နေ့နံနက်ပိုင်းက မြို့နယ်ပါတီအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ပင့်လှောက်ထားသော ဆရာတော်သံင်္ဃာတော်များအား မြို့နယ်ပါတီဥက္ကငှ ဦးမြင့်စိုး ၏ ပါတီကော်မတီ၀င်များ မြို့မိမြို့ဖများ ပရဟိတလူမူရေးအသင်းအဖွဲ့များ ရပ်ကျေးကော်မတီ၀င်များ တက်ရောက်ခဲ့ပါသည်။ ရှေ့ဦးစွာဆရာတော်ထံမှ ငါးပါးသီလကတော့ချိုးဖြင့် ငါးပါးသီလဆောက်တည် ကန်တော့ခဲ့ ပြီးနောက် ဝါဆိုသင်္ကန်း နှင့်လှူဖွယ်၀တ္တူများ နေဆွမ်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။

Read more

ထိုင်းတွင် မြန်မာနိုင်ငံသား ၁၅ ဦးဖမ်းဆီးခံရ၊ကိုဗစ်(၁၉)ရောဂါဖြစ်ပွားနေသူ ၂ ဦးတွေ့

ထိုင်းနိုင်ငံ၊ကန်ချနဘူရီခရိုင်၊ထောင်ဖာဖူမိမြို့တွင် စက်တင်ဘာ ၁၇ ရက်က ကုန်တင်ကားဖြင့် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၅ ဦးဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။ ထိုင်းနိုင်ငံသားတစ်ဦး မောင်းနှင်လာသည့် ကုန်တင်ကားအား ထောင်ဖာဖူမိမြို့ တာဝန်ရှိသူများက စစ်ဆေးရန် တားဆီးစဥ် ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် တာဝန်ရှိသူများက လိုက်လံ ဖမ်းဆီးပြီးနောက် ကားအားစစ်ဆေးရာ ကုန်ပစ္စည်းတင်သည့်နေရာ၌ လိုက်ပါလာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၄ ဦး (စုစုပေါင်း ၁၅ ဦး)အား ဖမ်းဆီးရမိခဲ့သည်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၂၃၄) ဦး တွေ့ရှိ

(၁၇-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၈-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၉,၅၃၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၃၄) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၂.၄၅) ရာခိုင်နှုန်း ရှိပါသည်။

Read more

စူပါတိုင်ဖွန်းမုန်တိုင်း နန်မာဒိုလ် ကျူးရှူးကျွန်းကို ဝင်မွှေ

အလွန်ပြင်းထန်သော စူပါတိုင်ဖွန်းမုန်တိုင်း နန်မာဒိုလ်(Nanmadol) သည် ဂျပန်နိုင်ငံ အနောက်မြောက်ပိုင်း ကျူးရှူးကျွန်းကို တနင်္ဂနွေနေ့ ညကတည်းက ဝင်ရောက်တိုက်ခတ်လျှက်ရှိသဖြင့် မုန်တိုင်းတိုက်ခတ်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုတို့အား ရှောင်ရှားကြရန်အတွက် သန်းနှင့်ချီသော ဒေသခံပြည်သူများအနေဖြင့် မိမိတိုနေအိမ်များကို စွန့်ခွာ၍ ဘေးလွတ်ရာတွင် နေထိုင်ကြရန် ဒေသတာဝန်ရှိသူတို့က တိုက်တွန်းထားသည်။

ယင်းမုန်တိုင်းသည် ဂျပန်စံတော်ချိန် တနင်္ဂနွေနေ့ည ၇ နာရီခန့်က စတင်၍ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်တိုက်ခတ်နေခြင်းဖြစ်ကြောင်း၊ ဂျပန်မိုးလေဝသဌာနက ကြေညာထားသည်။

Read more