ယူကရိန်း က နယ်မြေများ ထပ်မံချီတက်သိမ်းပိုက်လာတဲ့အတွက် လူထုဆန္ဒခံယူပွဲကျင်းပဖို့ ခွဲထွက်ရေး ခေါင်းဆောင် ပြောကြား

မကြာခင်က ရုရှား က စွန့်လွှတ်သွားခဲ့တဲ့ နယ်မြေတွေထဲဆီ မိမိတို့တပ်ဖွဲ့တွေက အရှေ့ဘက်ကို ထပ်မံချီတက်သွားခဲ့တယ်လို့ ယူကရိန်းက ပြောကြားပြီး ရုရှား ထိန်းချုပ် ဒွန်ဘတ်စ် ဒေသကို တိုက်ခိုက်နိုင်ဖို့ လက်တစ်ကမ်း နေရာကို ရောက်ရှိသွားခဲ့ချိန်မှာပဲ ယူကရိန်း ရဲ့ ထိုးစစ်အောင်မြင်မှု အပေါ် မော်စကို ထောက်ခံတဲ့ ဒွန်ဘတ်စ် အစိုးရရဲ့ စိုးရိမ်မကင်းဖြစ်မှုကို ပြသနေတဲ့ လက္ခဏာ အဖြစ် ရုရှားနိုင်ငံရဲ့ တစိတ်တပိုင်းဖြစ်လာစေရေး သူတို့ ဒေသမှာ လူထုဆန္ဒခံယူပွဲ အဆောတလျင် ကျင်းပရေး ဒွန်ဘတ်စ် အစိုးရ ခေါင်းဆောင် က တောင်းဆိုလိုက်ပါတယ်။

Read more

အတ္တလန္တစ်ကောင်စီက ဖင်လန်နှင့် ဆွီဒင် ခေါင်းဆောင်များကို ကမ္ဘာ့နိုင်ငံသားဆု ချီးမြှင့်

ဖင်လန်နဲ့ ဆွီဒင် ခေါင်းဆောင်တွေကို စက်တင်ဘာ ၁၉ ရက်မှာ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာရှိတဲ့ အတ္တလန္တစ်ကောင်စီက ကမ္ဘာ့နိုင်ငံသားဆုကို ပေးအပ်ချီးမြှင့်လိုက်ပါတယ်။

ဆုပေးပွဲ အခမ်းအနားကို လူကိုယ်တိုင် မတက်ရောက်နိုင်ပေမယ့် ဗီဒီယိုမက်ဆေ့ချ်ပေးပို့ခဲ့တဲ့ ဖင်လန်သမ္မတ ဆောင်းလေ နီးနစ္စတာက “ကမ္ဘာကြီးက ပိုပိုပြီးမလုံခြုံသလို ကွဲကွဲပြားပြား ကြီးထွားလာတာနဲ့အမျှ ကျနော်တို့တွေ ပိုပြီးတော့ နီးနီးကပ်ကပ် ရှိနေဖို့က အရေးကြီးပါတယ်။ အတူတကွ လုပ်ဆောင်ဖို့ အရေးကြီးတယ်”လို့ သူက ပြောပါတယ်။

Read more

ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုတွေကို ဟာလန်း၊ အာတီတာနဲ့ စိန့်မက်ဆီမင်တို့ ဆွတ်ခူး

သြဂုတ်လအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆု၊ နည်းပြဆုနဲ့ အကောင်းဆုံးသွင်းဂိုးဆုတွေကို မန်စီးတီးတိုက်စစ်မှူးဟာလန်း၊ အာဆင်နယ်နည်းပြအာတီတာနဲ့ နယူးကာဆယ်တောင်ပံကစားသမား စိန့်မက်ဆီမင်တို့ ဆွတ်ခူးရရှိခဲ့ပါတယ်။ နွေရာသီမှာ ဒေါ့တ်မွန်ကနေ မန်စီးတီးကို ပြောင်းရွှေ့လာတဲ့ တိုက်စစ်မှူးဟာလန်းဟာ သူ့ပထမဆုံးလမှာပဲ အသင်းအတွက် ပရီးမီးယားလိဂ်အဖွင့်(၅)ပွဲမှာ (၉)ဂိုး သွင်းယူခဲ့ပါတယ်။ လက်ရှိမှာတော့ ဟာလန်းဟာ ပရီးမီးယားလိဂ်(၇)ပွဲကစားအပြီးမှာ (၁၀)ဂိုးသွင်းယူထားပါတယ်။ ဒါကြောင့် သြဂုတ်လအတွက်ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုကို ဟာလန်းဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ ဟာလန်းဟာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ပြီး ပထမဆုံးကစားတဲ့လမှာပဲ တစ်လတာအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တဲ့(၁၀)ယောက်မြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။ အာဆင်နယ်နည်းပြအာတီတာ ကလည်း သြဂုတ်လမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၅)ပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲရရှိခဲ့ပြီး တစ်လတာအကောင်းဆုံး နည်းပြဆုကို ဆွတ်ခူးခဲ့တာပါ။ အာဆင်နယ်နည်းပြ အာတီတာဟာ မာကိုဆေးလ်ဗား၊ ဂွါဒီယိုလာ၊ ကွန်တီနဲ့ ဂရေဟမ်ပေါ်တာတို့ကိုကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်တောင်ပံကစားသမားစိန့်မက်ဆီမင်ကတော့ ဝုဗ်နဲ့သရေကျတဲ့ပွဲမှာ အသင်းအတွက်ခြေပဂိုးကို ပွဲပြီးခါနီးဂိုးဧရိယာထိပ်ကနေ မြေမကျကန်သွင်းခဲ့တဲ့ဂိုးနဲ့ သြဂုတ်လအတွက်ပရီးမီးယားလိဂ်အကောင်းဆုံးသွင်းဂိုဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

Read more

ဟယ်ရီကိန်းကိုခေါ်ရန် ဂရေဟမ်ပေါ်တာ ဆန္ဒရှိနေ

ချဲလ်ဆီးနည်းပြသစ် ဂရေဟမ်ပေါ်တာဟာ အသင်းတိုက်စစ်ကို အားဖြည့်ဖို့အတွက် ပြိုင်ဘက် စပါးအသင်းဆီကနေ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။ ဒီဘက်နှစ်ပိုင်းတွေအတွင်း တိုက်စစ်ပိုင်း အားနည်းမှုတွေရှိခဲ့တဲ့ ချဲလ်ဆီးအသင်းအနေနဲ့ ရေတိုပြင်ဆင်မှုအဖြစ် အာဆင်နယ်တိုက်စစ်မှူးဟောင်း အူဘာမီးယန်းကို ပြန်လည်အားဖြည့်ခဲ့တာပါ။

Read more

စပျစ်သီးခြောက်ရဲ့အာဟာရဓာတ်ပါဝင်မှုနဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

ကျန်းမာရေးနဲ့ညီညွှတ်ပြီး အာဟာရပြည့်ဝတဲ့အသီးခြောက်တွေအကြောင်းပြောမယ်ဆိုရင် ဇယားရဲ့ထိပ်ဆုံးမှာ အမြဲတမ်းရှိနေတဲ့ စပျစ်သီးခြောက်ကို ချန်ထားခဲ့လို့မရပါဘူး။ အခြောက်ခံထားတဲ့ စပျစ်သီးခြောက်က ကျန်းမာရေးအတွက် ကောင်းတဲ့အပြင် အရသာလည်းရှိပါတယ်။ စပျစ်သီးက အာဟာရဓာတ်ကြွယ်ဝဆိုတာကို ကျွန်တော်တို့တွေသိပြီးသားပါ။ စပျစ်သီးကို အခြောက်ခံလိုက်မယ်ဆိုရင် အာဟာရဓာတ်ပိုများပြီး ကယ်လိုရီသိပ်သည်းစေပါတယ်။

စပျစ်သီးခြောက်က အရှေ့အလယ်ပိုင်းဒေသကနေ ဖြစ်လာတာဖြစ်ပြီး ဉပရောပနိုင်ငံတွေမှာ တဖြည်းဖြည်း လူသိများလာခဲ့တာပါ။ အဲဒီအချိန်တုန်းက စပျစ်သီးခြောက်ကို အစာအဆိပ်သင့်တာကို ကုသဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။ အခုတော့ ကမ္ဘာ့တစ်ဝှမ်းမှာ စားသုံးကြတဲ့သစ်သီးခြောက်ဖြစ်ပြီး Smoothie၊ ဖျော်ရည်၊ ဒိန်ချဉ်၊ အုတ်ဂျုံတွေမှာ ထည့်ပြီးစားသုံးလာကြပါတယ်။

Read more

လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

အုတ်တွင်း စက်တင်ဘာ ၁၉

၁၉-၉-၂၀၂၂ နေ့တွင် အုတ်တွင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီ အဖွဲ့ဝင်များလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။


Read more

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင် ပါတီကော်မတီ ရွေးချယ်ဖွဲ့စည်းခြင်းအခမ်းအနားကျင်းပ

မန္တလေး-စက်တင်ဘာ ၁၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမရပူရခရိုင်ပါတီကော်မတီ ရွေးချယ်ဖွဲ့စည်းခြင်းအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပါတီရုံးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များဖြစ်ကြသော ဦးမျိုးမြင့်၊ ဦးသိန်းထွန်းဦး၊ ဒေါ်ဝါဝါလှိုင်တို့မှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြပါသည်။

Read more

အချက်အလက်များအား မှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိသည့် SIM Card များကို အပြီးပိတ်သိမ်းသွားမည်

SIM Card များဝယ်ယူအသုံးပြုရာတွင် မှတ်ပုံတင်(မူရင်း)ဖြင့် အမည်၊မှတ်ပုံတင်အမှတ်တို့အား မှန်ကန်စွာ ဖြည့်စွက်၍ စနစ်တကျမှတ်ပုံ တင်ပြီးမှသာ အသုံးပြုရမည်ဖြစ်ကာ လက်ရှိအ သုံးပြုနေသည့် SIM Card များ၌ အချက်အလက်များကို မှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိပါက အ ပြီးပိတ်သိမ်းသွားမည်ဖြစ်ကာ ပိတ်သိမ်း SIM Card များရှိလက်ကျန်ငွေများအား ပြည့်သူ့ဘ ဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်သည်။

Read more

မှတ်ပုံတင်၊ သန်းခေါင်စာရင်း အပိုကိုင်ဆောင်ထားသူများ နိုဝင်ဘာ ၁ ရက်နောက်ဆုံးထား၍မြို့နယ်လဝက ရုံးများသို့ အပ်နှံရမည်

မှတ်ပုံတင် ပျောက်ဆုံး/ပျက်စီးသူများ၊အသက်(၁၀)နှစ်ပြည့်ပြီး မှတ်ပုံတင်မပြုလုပ်ရသေးသူများသည် သက်ဆိုင်ရာ မြို့နယ် လဝက ရုံးများတွင် သွားရောက်၍ ဖြေရှင်းပြုလုပ်ရမည်ဖြစ်ကာ ပန်းခင်းစီမံချက်များဖြင့် ပြုလုပ်ခြင်းများကို ဆောင်ရွက်နိုင်သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

ထို့ပြင် အသက်(၁၀)နှစ်ပြည့် မှတ်ပုံတင်ပြုလုပ်ပြီးသော်လည်း သတ်မှတ်ထားသည့် အသက်အပိုင်းအခြားအတိုင်း ပြန်လည်လဲလှယ်ရမည်ဖြစ်သည်။ အလားတူ မှတ်ပုံတင်တွင်ပါရှိသည့် အချက်အလက်များ ကွဲလွဲပါက သက်ဆိုင်ရာမြို့နယ် လဝက ရုံးများ၌ သွားရောက်ပြင်ဆင်ရမည်ဖြစ်သည်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၂၆၉) ဦး တွေ့ရှိ

(၁၈-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၉-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၀,၂၄၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၆၉) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၂.၆၃) ရာခိုင်နှုန်း ရှိပါသည်။

Read more