ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် စီမံချက်အသစ် ၇၁ ခုအမေဇုန်ပြုလုပ်

အမေဇုန်သည် ၂၀၂၅ ခုနှစ်၌ ၎င်း၏လုပ်ငန်းခွင်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ရာနှုန်းပြည့်အသုံးပြုနိုင်ရန် ကြိုးပမ်းနေသဖြင့် ၂ ဒသမ ၇ ဂစ်ဂါဝပ်ပမာဏရှိသည့် သန့်ရှင်းသောစွမ်းအင်ကို စီမံချက်အသစ်များတွင် ထည့်သွင်းအသုံးပြုသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၁ ရက် ဗုဒ္ဓဟူးနေ့ကပြောကြားခဲ့သည်။

Read more

ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီအဖွဲ့နှင့် မြို့နယ် ၁၄ မြို့နယ်မှ ဥက္ကဌများ တွေ့ဆုံ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်။   ။ စက်တင်ဘာ (၂၁)

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီအဖွဲ့နှင့် အရှေ့ပိုင်းခရိုင် အတွင်းရှိမြို့နယ် ၁၄ မြို့နယ်မှ ဥက္ကဌများတွေ့ဆုံလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ (၂၁.၉.၂၀၂၂) နေ့လည်ပိုင်းက အရှေ့ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပခဲ့ပါသည်။

Read more

လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်အတွင်းရေးမှူး၊ ပြည်နယ်ကော်မတီဝင်များ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ၊ ခရိုင်၊ မြို့နယ်ဥက္ကဋ္ဌများနှင့် Zoom Meeting ဖြင့် လပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ကျင်းပပြီး ပါတီဌာနချုပ် လမ်းညွှန်ချက်များနှင့်ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ပါသည်။


Read more

စက်သုံးဆီဈေး တစ်လီတာ တစ်ရာကျော်မြင့်တက်လာ

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ စက်တင်ဘာ(၂၀)ရက်အတွက် ထုတ်ပြန်တဲ့ စက်သုံးဆီဈေးနှုန်းတွေအရ အရင်နေ့ကထက် တစ်လီတာကို တစ်ရာကျော်လောက် တက်လာတာကို တွေ့ရပါတယ်။ စက်တင်ဘာ(၂၁)ရက်အတွက် စက်သုံးဆီဈေးနှုန်းတွေအရ ရန်ကုန်မှာ အောက်တိန်း 92 တစ်လီတာကို ၂၂၉၀၊ အောက်တိန်း 95 တစ်လီတာကို ၂၃၇၀၊ ရိုးရိုးဒီဇယ်တစ်လီတာကို ၂၇၄၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာကို ၂၈၃၀ ရှိပါတယ်။ ဒီဈေးနှုန်းတွေဟာ မနေ့ကဈေးနှုန်းတွေနဲ့ယှဉ်ရင် အောက်တိန်း 92 တစ်လီတာကို ၁၂၀၊ အောက်တိန်း 95 တစ်လီတာကို ၁၁၀၊ ရိုးရိုးဒီဇယ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာကို ၁၆၀ စီ ဈေးတက်လာတာဖြစ်ပါတယ်။ နေပြည် တော်၊ မန္တလေးနဲ့ တခြားမြို့ကြီးတွေမှာလည်း စက်သုံးဆီဈေးတွေ အရင်နေ့ကထက် ပြန်တက်လာတာကို တွေ့ရပါတယ်။ source:onenews

Read more

EPS စာမေးပွဲ စက်တင်ဘာ ၂၉ ရက်တွင် စတင်ကျင်းပမည်

တောင်ကိုရီးယားအလုပ်အကိုင် (EPS) စာမေးပွဲကို လာမယ့် စက်တင်ဘာ ၂၉ ရက်မှာ စတင်ကျင်းပသွားမယ်လို့ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီ (POEA) က ထုတ်ပြန်ပါတယ်။

Read more

Kpay အကောင့်များ ယာယီအသုံးပြုခွင့် တားမြစ်ခံရပါက ဗဟိုဘဏ်သို့ တိုက်ရိုက်တင်ပြနိုင်ကြောင်း KBZ pay မှ ထုတ်ပြန်

Kpay အကောင့်များ ယာယီအသုံးပြုမှု တားမြစ်ခြင်းများလုပ်ဆောင်လျက်ရှိပြီး မှားယွင်းစွာ အသုံးပြုခွင့် တားမြစ်ခံရသည့် အကောင့်ပိုင်ရှင်များအနေဖြင့် ဗဟိုဘဏ်သို့ တိုက်ရိုက်တင်ပြနိုင်ကြောင်း KBZpay မှ သတင်းထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် ငွေရေးကြေးရေးကဏ္ဍ ကြီးကြပ်ရေးအဖွဲ့အစည်း၏ ညွှန်ကြားချက်အရ Kpay အကောင့်အ ချို့အား ယာယီ အသုံးပြုခွင့် ပိတ်ပင်ခဲ့ပြီး Kpay အသုံး ပြုသူများအကြား စိုးရိမ်မှုများ မြင့်တက်စေခဲ့သည့်အ တွက် တောင်းပန်ကြောင်းလည်း Kpay က ဆိုသည်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၄၆၉) ဦး တွေ့ရှိ

(၂၀-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၁-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၃,၁၉၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၄၆၉) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၃.၅၅) ရာခိုင်နှုန်း ရှိပါသည်။

Read more

ရုရှားနှင့်ယူကရိန်းတို့ အကျဉ်းသားအယောက် ၂၀၀ လဲလှယ်ရန်သဘောတူဟု တူကီယေးသမ္မတ ဆို

ရုရှားနှင့်ယူကရိန်းတို့သည် ခုနစ်လကြာစစ်ပွဲအတွင်း အကြီးမားဆုံးလဲလှယ်မှုတစ်ခုအနေဖြင့် အကျဉ်းသား ၂၀၀ ကို လဲလှယ်ရန် သဘောတူညီခဲ့ကြောင်း တူကီယေးသမ္မတ အာဒိုဂန်ကအမေရိကန်ရုပ်မြင်သံကြားသို့ ပြောကြားခဲ့သည်။

သမ္မတအာဒိုဂန်သည် လွန်ခဲ့သည့်သီတင်းပတ်က ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ဥဇဘက်ကစ္စတန်၌ကျင်းပသည့် ဒေသဆိုင်ရာထိပ်သီးအစည်းအ‌ေဝးတွင်ဆွေးနွေးပြီးနောက် ယင်းကြေညာချက်ကိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သမ္မတအာဒိုဂန်သည်လဲလှယ်မှုနှင့်ပတ်သက်၍ အသေးစိတ်ထုတ်ဖော်ပြောကြားခြင်းမရှိဘဲအဆိုပါလူများသည် ဓားစာခံများသာဖြစ်သည်ဟုပြောကြားကာ လဲလှယ်မည့်နှစ်နိုင်ငံ၏လက်ထဲတွင် တစ်ဘက်စီ၌အကျဉ်းသားဦးရေ မည်မျှရှိသည်ကိုလည်း ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။

Read more

မူးယစ်သံသယမှုဖြင့် မြန်မာလုပ်ငန်းရှင်တစ်ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ရိုက်တာသတင်းဌာန ဖော်ပြ

မူးယစ်ဆေးဝါးမှောင်ခိုကူးသည်ဟု သံသယရှိသော မြန်မာလုပ်ငန်းရှင်တစ်ဦးကို မိမိတို့ ထိန်းသိမ်းခဲ့သည်ဟု စက်တင်ဘာ ၁၅ ရက်တွင် ထိုင်းအာဏာပိုင်များက ထုတ်ဖော် ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြခဲ့သည်။

လွန်ခဲ့သောသီတင်းပတ်၏ အရုဏ်တက် ချိန်စီးနင်းမှုအတွင်း အသက် ၅၃ နှစ်ရှိ ဦးထွန်းမင်းလတ်ကို မူးယစ်မှောင်ခိုမှု၊ ငွေမည်းကို ငွေဖြူပြောင်းလဲမှုတို့ဖြင့် ထိုင်းနိုင်ငံသား သုံး ဦးနှင့်အတူ ထိုင်းမြို့တော် ဘန်ကောက်တွင် ဖမ်းဆီးခဲ့သည်ဟု တော်ဝင်ထိုင်းရဲတပ်ဖွဲ့ ၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ ကက်ဆာနာဖာ သနာချာရွန်းက ပြောကြားသည်။

Read more

ယူကရိန်းစစ်ပွဲအတွင်း ရုရှားစစ်သား ၅၉၃၇ ဦးသေဆုံးဟု ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

ယူကရိန်းကို စစ်ရေးအရ ဝင်ရောက် တိုက်ခိုက်ခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်က တည်းက ယူကရိန်းတွင် ရုရှားစစ်သား ၅၉၃၇ ဦးသေဆုံးခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန် ကြီး ဆာဂေးရွှိုက်ဂူက စက်တင်ဘာ ၂၁ ရက် တွင် ပြောကြားခဲ့ပြီး ယင်းသည် ရုရှားစစ်တပ် ၏ ဆုံးရှုံးမှုများနှင့်ပတ်သက်ပြီး ကြုံတောင့် ကြုံခဲ ဝန်ခံမှုတစ်ခုဖြစ်ခဲ့သည်။

Read more