စပိန်လက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် ရှုးပွဲရာခိုင်နှုန်းအများဆုံးပြိုင်ပွဲအဖြစ် UEFA Nations League ပြိုင်ပွဲ မှတ်တမ်းဝင်

စက်တင်ဘာ (၂၅)ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့သော UEFA Nations League အုပ်စုပွဲစဉ်တွင် စပိန်လက်ရွေးစင် အသင်းက ဆွစ်ဇာလန်လက်ရွေးစင်အသင်းအား (၁-၂)ဂိုးဖြင့် ရှုးနိမ့်ခဲ့ပြီး ယင်းပွဲအပြီးတွင် စပိန်လက်ရွေးစင်အသင်း အနေဖြင့် အသင်းသမိုင်း၏ မှတ်တမ်းဆိုးတစ်ခုကိုပိုင်ဆိုင်ခဲ့ကြောင်း သိရသည်။ စပိန်လက်ရွေးစင်အသင်းအနေဖြင့် Nations League ပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲစဉ် (၁၇)ပွဲကစားထားရာတွင် ရှုးပွဲ (၅)ပွဲအထိရှိခဲ့ပြီး ရာခိုင်နှုန်း အားဖြင့် (၂၉.၄%)အထိရှိခဲ့ရာ အသင်းသမိုင်းတစ်လျှောက် အရှုးရာခိုင်နှုန်းအများဆုံးပြိုင်ပွဲအဖြစ်မှတ် တမ်းဝင်ခဲ့ ကြောင်း သိရသည်။
Read more








