တောင်ကိုရီးယားသို မြန်မာလုပ်သား ၁၃၀ ကျော် ထပ်မံရောက်ရှိ

တောင်ကိုရီးယားနိုင်ငံ၌ ကုန်ထုတ်လုပ်သား၊ စိုက်ပျိးရေး/မွေးမြူရေးလုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်ရန် မြန်မာလုပ်သားသစ် ၁၃၈ ဦး စက်တင်ဘာ ၂၇ ရက်က ထပ်မံရောက်ရှိခဲ့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ် ၁၃၁ ဦး၊ စိုက်ပျိးရေး/မွေးမြူရေး လုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ်ခုနစ်ဦး၊ စုစုပေါင်း ၁၃၈ ဦးသည် ရန်ကုန်မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို ရောက်ရှိ ခဲ့ပြီးဖြစ်ရာ ဆိုးလ်မြို့ရှိ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အလုပ်သမားသံအရာရှိက အလုပ်သမားများကို ကူညီပံ့ပိုးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

Read more

ဖုန်း Sim Cardများမှတ်ပုံတင်ခြင်းကို ပြန်လည်စစ်ဆေးမည်ဟု ထပ်မံထုတ်ပြန်

လက်ရှိအသုံးပြုနေတဲ့ Sim Card တွေမှာ အချက်အလက် မှန်ကန်စွာဖြည့်စွက်မထားရင် အဲ့ဒီSim Card ကို အပြီးပိတ်သိမ်းပြီး Sim Cardထဲက လက်ကျန်ငွေတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမှာဖြစ်တယ်လို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ (၂၈)ရက်မှာ ထပ်မံထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ(၁၉)ရက်ကလည်း အဲ့ဒီလိုကြေညာချက်ထုတ်ပြန်ခဲ့ပြီး အခုဒုတိယအကြိမ်အဖြစ် ထပ်မံထုတ်ပြန်တာလည်းဖြစ်ပါတယ်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(381) ဦး တွေ့ရှိ

(၂၇-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၈-၉-၂၀၂၂) ရက်နေ့၊ နေ့၊ ည (၈:၀၀) နာရီမှ (၂၈-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၂,၀၁၁) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၈၁) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၃.၁၇) ရာခိုင်နှုန်း ရှိပါသည်။

Read more

ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီ လာလီဂါအကောင်းဆုံးကစားသမားဆု၊ ပီချီချီဆုနှင့် ပရိသတ်ရွေးချယ်သည့် အကောင်းဆုံးဆုများကို ရီးယဲလ်တိုက်စစ်မှူး ဘန်ဇီမာရရှိ

 

ရီးယဲလ်မက်ဒရစ်ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာသည် စက်တင်ဘာ (၂၈) ရက်က ကျင်းပသည့် Marca Awards Gala ဆုပေးပွဲတွင် ၂၀၂၁-၂၂ ရာသီ လာလီဂါအကောင်းဆုံးကစားသမားဆုဖြစ်သည့် ဒီစတီဖာနိုဆု၊ ဂိုးသွင်းဘုရင်ဆု ဖြစ်သည့် ပီချီချီဆုနှင့် ပရိသတ်များရွေးချယ်သည့် အကောင်းဆုံးဆုတို့ကို ရရှိခဲ့ကြောင်း သိရသည်။

Read more

တရုတ်၏ နိုင်ငံရေးအခြေအနေအပေါ် ကောလာဟလများထွက်ပေါ်နေချိန်တွင် လူမြင်ကွင်းမှ ပျောက်ကွယ်နေသည့် တရုတ်သမ္မတရှီကျင်းပင် နိုင်ငံပိုင်ရုပ်သံတွင် ပြန်လည်ထွက်ပေါ်လာ

လူမြင်ကွင်းမှ ရက်အနည်းငယ်ကြာ ပျောက်ကွယ်နေသဖြင့် ၎င်း၏နိုင်ငံရေးအခြေအနေအပေါ် ကောလာဟလများ ထွက်ပေါ်ခဲ့ပြီးနောက် တရုတ်သမ္မတရှီကျင်းပင်သည် စက်တင်ဘာ ၂၇ ရက်က နိုင်ငံပိုင်ရုပ်သံတွင် ပြန်လည် ထွက်ပေါ်လာခဲ့သည်။ ရှီသည် ပေကျင်းပြပွဲခန်းမသို့ သွားရောက်ကြည့်ရှုသည့်ခရီးစဉ်ကို တရုတ်နိုင်ငံပိုင် CCTV ရုပ်သံက ဖော်ပြခဲ့သည်။

ဝန်ကြီးချုပ် လီခယ်ကျင်းနှင့် အခြားထိပ်သီးခေါင်းဆောင်များခြံရံပြီး အာဏာရ ကွန်မြူနစ်ပါတီနှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကို ဦးဆောင်သူဖြစ်သည့် ရှီသည် ပြပွဲခန်းမကို လေ့လာကြည့်ရှုခဲ့ပြီးနောက် လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း တရုတ်၏ စီးပွားရေးတိုးတက်မှုအပေါ် မှတ်ချက်စကား ပြောကြားခဲ့သည်။

Read more

ကန်ဒုသမ္မတ စစ်မဲ့ဇုံ သွားခါနီး မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်

တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံကြားက DMZ အပစ်ရပ်ဇုံကို အမေရိကန် ဒုသမ္မတ Kamala Harris သွားရောက်ဖို့ စီစဉ်ထားချိန် မတိုင်ခင် နာရီပိုင်းကလေးမှာပဲ မြောက်ကိုရီးယားက ဒီသီတင်းပတ်ထဲ ဒုတိယအကြိမ်အဖြစ် ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံးကျည်တွေ ပစ်လွှတ်ခဲ့ပါတယ်။

Read more

Nations League ပြိုင်ပွဲတွင် နောက်ဆုံးအဆင့်သို့ တက်ရောက်နိုင်မှုကြောင့် အီတလီအသင်း ဂုဏ်သိက္ခာနှင့် ယုံကြည်မှုသာမက ငွေကြေးအကျိုးအမြတ်လည်းရှိခဲ့

Nations League ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်သို့ တက်ရောက်နိုင်ခဲ့သည့် အီတလီလက်ရွေးစင်အသင်းအနေဖြင့် ဂုဏ်သိက္ခာနှင့် ယုံကြည်မှုရရှိရုံသာမက ငွေကြေးအကျိုး အမြတ်လည်းများစွာရှိခဲ့ကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။

အီတလီအသင်းသည် ဂျာမနီ၊ အင်္ဂလန်၊ ဟန်ဂေရီအသင်းများနှင့်အတူ Group of Death (မရဏအုပ်စု)တွင် ကျရောက်ခဲ့ပြီး စက်တင်ဘာလ (၂၆)ရက်က ယှဉ်ပြိုင်ကစားခဲ့သော အုပ်စုနောက်ဆုံးပွဲတွင် ဟန်ဂေရီအသင်းကို (၂-ဝ) ဂိုး ဖြင့် အနိုင်ယူကာ  ရမှတ်(၁၁)မှတ်ဖြင့် အုပ်စုပထမနေရာ ရရှိခဲ့သည်။

Read more

FAA က ကမ္ဘာ့ ပထမဆုံး ကားပျံကို ပျံသန်းခွင့်ပေးလိုက်ပြီ

အမေရိကန် Federal Aviation Administration (FAA) က Terrafugia ရဲ့ Transition ကားပျံကို Special Light-Sport Aircraft Airworthiness Certificate ပေးလိုက်ပါတယ်။ မက်ဆာချူးဆက် အခြေစိုက် Terrafugia က ဝေဟင်မှာရော မြေပြင်မှာပါ မောင်းနှင်နိုင်ဖို့အတွက် သက်သေခံ လက်မှတ်ရသွားတာလို့ ပြောပါတယ်။

Read more

ပြည်ခိုင်ဖြိုးပါတီ မင်္ဂလာတောင်ညွန့် မြို့နယ်မှအ.မ.က(၄) ကျောင်းရှိ ကျောင်းသား/သူများ ကျန်းမာရေးအတွက် ခြင်ဆေးမှုတ်ခြင်း၊ အဘိတ်ဆေးခပ်ခြင်း လုပ်ငန်းများဆောင်ရွက်

ရန်ကုန်။ ။စက်တင်ဘာ(၂၇)

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွန့် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဥယျဉ်ရပ်ကွက် အမှတ်(၄)အခြေခံပညာ မူလတန်းကျောင်းရှိ ကျောင်းသား/သူများ၏ ကျန်းမာရေးအတွက် ခြင်ဆေးမှုတ်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို စက်တင်ဘာ(၂၇)ရက်နေ့ ညနေ( ၂:၃၀)  နာရီအချိန် မှ (၃:၃၀)အချိန်ထိ ဆောင်ရွက်ခဲ့ကြပါသည်။

Read more

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင် ပါတီကော်မတီ ရွေးချယ်ဖွဲ့စည်းခြင်းအခမ်းအနားကျင်းပ

မန္တလေး-စက်တင်ဘာ ၂၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တံတားဦးခရိုင်ပါတီကော်မတီ ရွေးချယ်ဖွဲ့စည်းခြင်းအခမ်းအနားအား ယနေ့နံနက်(၁၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး ပါတီရုံးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးညွန့်ဆောင်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များဖြစ်ကြသော ဦးမြတ်သူ၊ ဦးတင့်လွင်ဦး၊ ဒေါ်ဝါဝါလှိင်တိုမှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ ကြပါသည်။

Read more