မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ် ၂၃ မြို့နယ်မှ တောင်သူများအတွက် ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၄၈ ဒသမ ၂၅ ဘီလျံ ထုတ်ချေးထား

မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ် ၂၃ မြို့နယ်မှ တောင်သူများအတွက် ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို မေ ၁၆ ရက် မှစတင်၍ စက်တင်ဘာလကုန်အထိ ယခင် ၂၀၂၁ ခုနှစ် မိုးချေးငွေပေးဆပ်ပြီးသူများကို ပြန်လည်ထုတ်ချေးပေးခဲ့ရာ ကျပ် ၄၈ ဒသမ ၂၅ ဘီလျံကို ထုတ်ချေးထားကြောင်း မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် (မန္တလေးဘဏ်ခွဲ)မှ သိရသည်။

Read more

မြန်မာမှ သီရိလင်္ကာသို့ လှူဒါန်းသည့် ဆန်မက်ထရစ်တန်ချိန် တစ်ထောင် ကိုလံဘိုမြို့ဆိပ်ကမ်းသို့ရောက်ရှိ

မြန်မာ-သီရိလင်္ကာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၃)နှစ်မြောက် အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ လှူဒါန်းသည့် မြန်မာ့ဆန်ဖြူ (Myanmar White Rice) မက်ထရစ်တန်ချိန် တစ်ထောင်သည် ကိုလံဘိုမြို့ဆိပ်ကမ်းသို့ အောက်တိုဘာ ၁၀ ရက်တွင် ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၂၉၂) ဦး တွေ့ရှိ

ကျန်းမာရေးဝန်ကြီးဌာနရဲ့ အောက်တိုဘာ ၁၁ ရက်၊ ည ၈ နာရီထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ် အတည်ပြုလူနာသစ် ၂၉၂ ယောက်ထပ်မံတွေ့ရှိပါတယ်။

အောက်တိုဘာ ၁၀ ရက်၊ ည ၈ နာရီကနေ အောက်တိုဘာ ၁၁ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၁၁၀၁၈ ခုကို စစ်ဆေးခဲ့တာဖြစ်ပြီး ပိုးတွေ့ရာခိုင်နှုန်းက ၂.၆၅ ရာခိုင်နှုန်း ရှိတာလည်းဖြစ်ပါတယ်။

Read more

စင်ကာပူက ချန်ဂီလေဆိပ်၏ Jewel စင်တာသစ်ကို စတင်ဖွင့်လှစ်ပေး

သံမဏိနှင့် မှန်အခုံးတို့မှတစ်ဆင့် ရေ များဖြာကြနေသော မီတာ ၄၀ မြင့် ရုံတွင်း ရေတံခွန်ကို ဧပြီ ၁၁ ရက်က ဖွင့်လှစ်ပေးခဲ့သည်။ ဒေါ်လာ ၁.၂၅ ဘီလျံ အကုန်အကျခံ တည်ဆောက်ထားသည်ဆိုသော Jewel စင်တာသည် လေးထပ်အဆောက်အအုံဖြစ်ကာ ထိုအဆောက်အအုံအတွင်း လက်လီဆိုင်နှင့် စားသောက်ဆိုင် ၂၈၀ ခန့် ပါဝင်သည့် ဧရာမခန်းမဆောင်သစ် Jewel ကို စင်ကာပူ၏ ချန်ဂီလေဆိပ်၌ ဟိုတယ်တစ်ခုနှင့် ရုပ်ရှင်ရုံတစ်ခုလည်း ပါဝင်မည်ဖြစ်သည်။ Jewel စင်တာကို လေဆိပ်၏ ခန်းမဆောင်သုံးခုနှင့် ဆက်သွယ်ပေးထားသည်။ Jewel စင်တာ၏ အဓိကဆွဲဆောင်မှုသည် HSBC Rain Votex ရေတံခွန်ဖြစ်ပြီး ကမ္ဘာအမြင့်ဆုံး အဆောက်အအုံတွင်း ရေတံခွန်ဖြစ်မည်ဖြစ်သည်။

Read more

အမေရိကန်နိုင်ငံသားများအားယူကရိန်းကနေ အမြန်ထွက်ခွာဖို့ သံရုံးက တိုက်တွန်း

ခရိုင်းမီးယားတံတား ​ပေါက်ကွဲပြီး​နော

က် ပူတင်သည် ယူကရိန်းကို ပြင်းထန်​သော တိုက်ခိုက်မူများပြန်လည်လုပ်​ဆောင်လာ​နေသည်။ အောက်တိုဘာ ၁၀ ရက်က ရုရှား၏ ဒုံးကျည်ပစ်ခတ်မှုအပြီးတွင် အမေရိကန် နိုင်ငံသားများအား ယူကရိန်းပိုင်နက်မှ ထွက်ခွာကြရန် အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့သည်ဟု အေဂျင်စီက သတင်းထုတ်ပြန်သည်။ ယူကရိန်းတွင် ရုရှား၏ တိုက်ခိုက်မှုများသည် အရပ်သားများနှင့် အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများကို တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်လာ​နေသည်ဟု အမေရိကန်သံရုံးက ပြောကြားခဲ့သည်။

Read more

ကိုဗစ်ဆိုင်ရာနယ်စပ်ထိန်းချုပ်မှုများ ဂျပန်ရုပ်သိမ်း

ဂျပန်နိုင်ငံအစိုးရက ကိုဗစ်ကပ်ဘေးဆိုင်ရာ နယ်စပ်ထိန်းချုပ်မှုတွေအများစုကို အင်္ဂါနေ့က ရုပ်သိမ်းလိုက်ပြီဖြစ် ပါတယ်။ package အစီအစဉ်နဲ့ မှတ်ပုံတင်ထားတာမရှိတဲ့ တစ်ဦးချင်းကမ္ဘာလှည့်ခရီးသွားတွေကိုလည်း (၂)နှစ် ကျော် ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံအတွင်း ဝင်ခွင့်ပြုလိုက်ပါတယ်။

Read more

PSG တိုက်စစ်မှူး အမ်ဘာပေ လီဗာပူးသို့ ပြောင်းရွှေ့လိုကြောင်း သတင်းထွက်နေ

PSG အသင်းကနေ ထွက်ခွာဖို့ စီစဉ်နေတဲ့ တိုက်စစ်မှူး အမ်ဘာပေဟာ လီဗာပူးအသင်းကိုပဲ ပြောင်းရွှေ့လိုနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ အခုနှစ် နွေရာသီကာလတုန်းက အသင်းနဲ့ တပတ်လုပ်ခ ပေါင် ၆ သိန်းခွဲတန် စာချုပ် ချုပ်ဆိုထားခဲ့တာပါ။

အမ်ဘာပေဟာ အခုနှစ်ရာသီအကုန်မှာ အသင်းပြောင်းရွှေ့မယ်လို့ PSGအသင်းကို ပြောထားကြောင်း စပိန်သတင်းစာ မာကာက ဖော်ပြပါတယ်။

Read more

အိပ်မက်တစ်ခုဖြစ်လာခြင်းဟု ဂျိုကိုဗစ် ပြော

အက်စ်တာနာအိုးပင်းမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက် ကစားသမားဘဝ အကြိမ်(၉၀)မြောက် အေတီပီတိုး ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်က အိပ်မက်တစ်ခု တကယ်ဖြစ်လာခြင်းလို့ ပြောကြားလိုက်ပါတယ်။

Read more

Facebook အသုံးပြုသူများ၏ Follower များ လျော့ကျသည့် အခြေအနေ ကမ္ဘာတစ်ဝန်း၌ ဖြစ်ပေါ်နေ

ကမ္ဘာတစ်ဝန်းက Facebook လူမှုကွန်ရက်စာ မျက်နှာအချို့တွင် ယခင်ကရှိခဲ့သည့် Follower အရေအတွက်ထက် သိသိသာသာလျော့ကျသွားသည့် အခြေအနေများ အောက်တိုဘာ ၁၂ ရက်(ယနေ့) နံနက်အစောပိုင်းမှစတ င်၍ ကြုံတွေ့နေရကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ Facebook ကုမ္ပဏီဘက်မှ တစ်စုံတရာ အသိပေး ပြောကြားထားခြင်း မရှိသေးဘဲ မြန်မာပြည်က အနုပညာရှင်များက Facebook လူမှုကွန် ရက်တွင် ၎င်းတို့၏ ထင်မြင် ယူဆချက်များကို ရေးသားနေကြသည်။

Read more

အသံထက် သုံးဆမြန်သည့်လေယာဉ် Airbus ကုမ္ပဏီ ဖန်တီးနေ

Airbus ကုမ္ပဏီဟာ အသံထက်သုံးဆမြန်တဲ့ Darko လို့အမည်ပေးထားတဲ့ နည်းပညာမြင့် လေယာဉ်ကို ဖန်တီးနေတာနဲ့ပတ်သက်ပြီး ထုတ်ဖော်ကြေညာလိုက်ပါပြီ။ ဒါဟာအနာဂတ်လေကြောင်းပို့ဆောင်ရေးအတွက် အရေးပါတဲ့ ခြေလှမ်းသစ်ဖြစ်ပါတယ်။

အသံထက် သုံးဆမြန်ဆန်စွာ ပျံသန်းနိုင်တဲ့ အဲဒီလေယာဉ်ဟာ မြောက်အမေရိကနဲ့ ဥရောပအကြားကို နှစ်နာရီအတွင်းနဲ့ မြောက်ဝင်ရိုးစွန်းကနေ အာရှဘက်ကိုလည်း ဒီထက်မြန်မြန်ရောက်ရှိအောင် ပျံသန်းနိုင်တယ်လို့ Airbus ကဆိုပါတယ်။ လေယာဉ်ဟာ ပုံမှန်အတိုင်းပျံသန်းနေချိန်မှာ Turbofan အင်ဂျင်ကိုအသုံးပြုမှာဖြစ်ပြီး ပင်လယ်သမုဒ္ဒရာတွေအပေါ်ရောက်ရင်တော့ အမြင့်ပေ ၉၅၀၀၀ ကနေ အသံထက်သုံးဆမြန်တဲ့နှုန်းနဲ့ ပျံသန်းနိုင်မှာဖြစ်ပါတယ်။

Read more