တက္ကသိုလ် နေ့သင်တန်းများ အားလုံးဖွင့်လှစ်မည်

တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်တွေမှာ နေ့သင်တန်းအားလုံးကို ဖွင့်လှစ်သွားမယ်လို့ ပညာရေး ဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာနက အောက်တိုဘာ ၁၃ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဖွင့်လှစ်သွားမယ့် သင်တန်းတွေကတော့ ပထမနှစ် (ဒုတိယနှစ်ဝက်) နဲ့ ဒုတိယနှစ်ကနေ မဟာဘွဲ့ သင်တန်း တွေအထိ နေ့သင်တန်း အားလုံးကို လာမယ့် နိုဝင်ဘာ ၁၀ ရက်မှာ ဖွင့်လှစ်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Read more

မြောက်ကိုရီးယားက နျူကလီးယားပစ်လွှတ်နိုင်သော ခရုဇ်ဒုံးကျည်နှစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့

မြောက်ကိုရီးယားသည် တာဝေးပစ် မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်နှစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ခေါင်းဆောင် ကင်မ်ဂျုံအန်က ထိုပစ်လွှတ်မှုမှာ တိုင်းပြည်၏ နည်းဗျူဟာမြောက် နျူကလီးယား ပစ်ခတ်နိုင်စွမ်းကို အောင်မြင်စွာ ပြသနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ချီးကျူး ဂုဏ်ပြုခဲ့သည်။

Read more

ထိုင်းတွင် မူးယစ်ဆေးစစ်ဆင်ရေးနှင့် လက်နက်ထိန်းချုပ်ရေး ဥပဒေအချို့ ပြင်ဆင်

ထိုင်းနိုင်ငံမှာ မူကြိုကျောင်းပစ်ခတ်မှုပြဿနာ ဖြစ်ပွားပြီးနောက် မူးယစ်ဆေးဝါး နှိမ်နင်းရေးနဲ့ လက်နက်ထိန်းချုပ်ရေးကို အမျိုးသားရေးတာဝန်တရပ်အနေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။

Read more

ယူကရိန်းကို ဒုံးကျည်ကာကွယ်ရေးစနစ်များ ထောက်ပံ့မယ်လို့ နေတိုးအဖွဲ့ဝင်နိုင်ငံများ ကြေညာ

ယူကရိန်းနိုင်ငံကို အဆင့်မြင့်ဒုံးကျည်ကာကွယ်ရေးစနစ်တွေ ထောက်ပံ့ပေးပို့သွားမှာဖြစ်ကြောင်း နေတိုးအဖွဲ့ဝင် မဟာမိတ်နိုင်ငံတွေက ယမန်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ရုရှားတပ်တွေဟာ လွန်ခဲ့တဲ့ရက်ပိုင်းက ယူကရိန်းမြို့တွေကို ဒုံးကျည်အစင်းပေါင်းရာနဲ့ချီပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ သလို ဒရုန်းလေယာဉ်တွေနဲ့လည်း တိုက်ခိုက်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ယူကရိန်းဘက်က လူ ၁၉ ဦးသေဆုံးပြီး ဓာတ်အားပေးစက်ရုံတွေ၊ ပြည်သူပိုင် အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။

Read more

နွေရာသီမှသာထွက်ခွာဖို့ PSG တိုက်စစ်မှူး ဘက်ပီ ပြင်ဆင်ထား

ပြင်သစ်ကလပ် PSG ရဲ့ တိုက်စစ်မှူး ကီလီယန်ဘက်ပီဟာ လက်ရှိအသင်းမှာ မပျော်မရွှင်ဖြစ်နေပေမယ့် လာမယ့်နှစ် နွေရာသီမှသာ အသင်းက ထွက်ခွာဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ဘက်ပီဟာ ယခုနှစ်အစောပိုင်းက PSG နဲ့ စာချုပ်သက်တမ်းတိုးခဲ့ပေမယ့် အသင်းတာဝန်ရှိသူတွေနဲ့ သဘောထားချင်း မတိုက်ဆိုင်တာကြောင့် ထွက်ခွာတော့မယ်လို့ သတင်းထွက်နေပါတယ်။

Read more

ထာဝရအကောင်းဆုံးဘောလုံးသမားအဖြစ် မာရာဒိုနာ၊ စီရော်နယ်လ်ဒိုနှင့် ဇီဒန်း၊ ပရီးမီးယားလိဂ်အတွက် စီရော်နယ်လ်ဒို၊ ရွန်နီနှင့် အွန်နရီတို့ကို ရွိုင်ကင်း ရွေးချယ်

မန်ချက်စတာယူနိုက်တက်အသင်း၏ ဂန္ထဝင်ကစားသမားနှင့် အသင်းခေါင်းဆောင်ဟောင်း  ရွိုင်ကင်းက သူ၏ စိတ်ကြိုက် ထာဝရအကောင်းဆုံးဘောလုံးသမား (၃)ဦးအဖြစ် မာရာဒိုုနာ၊ စီရော်နယ်လ်ဒိုနှင့် ဇီဒန်းတို့ကို ရွေးချယ်ခဲ့သည်။

Read more

တရုတ်ရဲ့ ကားပျံကို ဒူဘိုင်းမှာ ပထမဆုံး အကြိမ် ပျံသန်း

တရုတ် လျှစ်စစ်ကား ကုမ္ပဏီ Xpeng က တည်ဆောက်ထားတဲ့ ကားပျံကို ဒူဘိုင်းမှာ ပထမဆုံး အကြိမ် စမ်းသပ် ပျံသန်းခဲ့ပါတယ်။ ကုမ္ပဏီဟာ နိုင်ငံတကာ ဈေးကွက်မှာ အဲဒီ လျှပ်စစ်ကားပျံကို ရောင်းချဖို့ ကြိုးစားနေပါတယ်။

Read more

လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

လားရှိုး အောက်တိုဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ လားရှိုးအခြေပြု ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကော်မတီအဖွဲ့များ တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကိုပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ ဗဟိုအလုပ်မှုဆောင်ဦးအောင်သူ၊ ပြည်နယ်ဥက္ကဋ္ဌဒေါက်တာမျိုးထွန်း၊ ပြည်နယ် အတွင်းရေးမှူး ဒေါက်တာလဆိုင်း၊ ပြည်နယ် ဘဏ္ဍာရေးမှူး ဦးစိုင်းခမ်းကော်နှင့်ပြည်နယ်၊ ခရိုင် မြို့နယ် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

Read more

ပါတီညီလာခံ အောင်မြင်စွာပြီးမြောက်ခြင်းအတွက် ပါတီရုံးဝင်းသန့်ရှင်းရေး စစ်တွေ ပြည်ခိုင်ဖြိုးပြုလုပ်

စစ်တွေ၊ အောက်တိုဘာ ၁၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ်ပါတီညီလာခံအောင်မြင်စွာ ပြီးမြောက်ခြင်းကို ဂုဏ်ပြုသောအားဖြင့် စစ်တွေ မြို့နယ်ပါတီရုံး ပရဝုဏ် သန့်ရှင်းရေး လှုပ်ရှားမှု ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ရှားမှုကို ယနေ့ အောက်တိုဘာ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီက စစ်တွေ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်စိန်နှင့် ကော်မတီဝင်များ၊ ပါတီလူငယ်နှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ ဆောင်ရွက်ခဲ့ကြသည်။

Read more

ပန်းတောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်အစည်းအဝေးပြုလုပ်

အောက်တိုဘာ ၁၂၊ ပန်းတောင်း

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြည်ထောင်စုကြ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လပတ်ပုံမှန်အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့တွင် မြို့နယ်ပါတီရုံးရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် တတိယအကြိမ်ပါတီညီလာခံအတွေ့အကြုံများ၊ လမ်းညွှန်မှာကြားချက်များနှင့် ​ရှေ့ဆက်ဆောင်ရွက်ရမည့် ပါတီလုပ်ငန်းစဥ်များအား ရှင်းလင်းဆွေးနွေးကြပါသည်။

Read more