Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၂၇၇) ဦး တွေ့ရှိ

(၁၈-၁၀-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၉-၁၀-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၃,၂၆၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၂၇၇) ဦး တွေ့ရှိရသဖြင့် ရောဂါပိုး တွေ့ရှိမှုရာခိုင်နှုန်းမှာ (၂.၀၉) ရာခိုင်နှုန်း ရှိပါသည်။

Read more

နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ဖောက်ဖျက်သည်ဟုဆိုကာ Thomas Money Changer အား လိုင်စင်ဖျက်သိမ်း

နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၂) အားဖောက် ဖျက်သည်ဟုဆိုကာ  Thomas Khanno Co., Ltd ၏ Money Changer လိုင်စင်အား ဗဟိုဘဏ်က ဖျက်သိမ်းခဲ့ ကြောင်း သိရသည်။

Read more

နေပြည်တော်တွင် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတင်ခဲ့ပြီး ပုလဲအတွဲပေါင်း ၄၀၀၊ ကျောက်မျက် အတွဲပေါင်း ၁၂၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည်

နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ အောက်တိုဘာ ၁၉ ရက်က ၂၀၂၂ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို စတင်ကျင်းပခဲ့ပြီး ယင်းပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တို့ကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

Read more

မြောက်ကိုရီးယားက အရှေ့နှင့်အနောက်ဘက်ကမ်းရိုးတန်းများကို အမြောက်များဖြင့်ပစ်ခတ်

မြောက်ကိုရီးယားသည် ၎င်း၏အရှေ့ဘက်နှင့်အနောက်ဘက်ကမ်းရိုးတန်းများကို အောက်တိုဘာ ၁၈ ရက် အင်္ဂါနေ့က အမြောက်များဖြင့်ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်ကပြောကြားခဲ့သည်။

မြောက်ကိုရီးယားက ဒေသစံတော်ချိန်ည ၁၀ နာရီဝန်းကျင်လောက်တွင် အနောက်ဘက်ကမ်းရိုးတန်းပင်လယ်ထဲသို့ ကျည် ၁၀၀ ခန့်ပစ်ခတ်ခဲ့ပြီး အရှေ့ဘက်ကမ်းရိုးတန်းတွင်မူ နောက်ထပ်ကျည် ၁၅၀ ကိုထပ်မံပစ်ခတ်ခဲ့သည်ဟု ပူးတွဲစစ်ဦးစီးချုပ်ရုံးက ဗုဒ္ဓဟူးနေ့တွင်ထုတ်ပြန်ခဲ့သည်။

“မြောက်ကိုရီးယားအနေနဲ့ သူ့ရဲ့လုပ်ရပ်တွေကို ချက်ချင်းရပ်ပေးဖို့ ကျွန်တော်တို့အလေးအနက်တိုက်တွန်းပါတယ်” ဟု JCS က Yonhap ၏ထုတ်ပြန်ချက်အားဖော်ပြထားသည်။

Read more

ယူကရိန်းထံက သိမ်းပိုက်ထားတဲ့ ဒေသ ၄ ခုမှာ ရုရှား စစ်အုပ်ချုပ်ရေးကြေညာ

ယူကရိန်း အရှေ့ပိုင်းမှာ သိမ်းပိုက်ခံ နေမြေတွေကို ယူကရိန်း တပ်ဖွဲ့တွေက ပြန်လည် သိမ်းယူလာနေတဲ့ အချိန်မှာဘဲ ယူကရိန်း နိုင်ငံတွင်း ရုရှားတပ်ဖွဲ့တွေ ထိန်းချုပ်ထားရာ ဒေသတွေထဲက ဒေသ ၄ ခုကို ရုရှားသမ္မတ Vladimir Putin က စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါတယ်။

Read more

အနည်းဆုံး ၁၃၁ ဦး သေဆုံးခဲ့သည့် Kanjuruhan ကွင်းကို ဖြိုချပြီး ပြန်တည်ဆောက်မည်ဟု အင်ဒိုနီးရှားသမ္မတ ကြေညာ

အောက်တိုဘာလ ၁ ရက်က ယှဉ်ပြိုင်ကစားသည့် အင်ဒိုနီးရှားဘောလုံးလိဂ်တွင်ပွဲအပြီး ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုကြောင့် လူပေါင်း အနည်းဆုံး ၁၃၁ ဦး သေဆုံးခဲ့ပြီး ရာနှင့်ချီဒဏ်ရာရရှိခဲ့သည့် Kanjuruhan ကွင်းကို ဖြိုချပြီး ပြန်လည်တည်ဆောက်သွားမည်ဟု အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အတည်ပြုကြေညာခဲ့သည်။

Read more

မုဒိမ်းမှုကျူးလွန်ရန် ကြံစည်အားထုတ်မှုဖြင့် အမှုရင်ဆိုင်နေရသည့် မန်ယူတိုက်စစ်မှူး ဂရင်းဝုဒ် အာမခံဖြင့် ပြန်လွှတ်လာ

မုဒိမ်းမှု ကျူးလွန်ရန် ကြံစည်အားထုတ်မှုဖြင့် အမှုရင်ဆိုင်နေရသည့် မန်ယူအသင်းမှ အင်္ဂလန်တိုက်စစ်မှူး ဂရင်းဝုဒ်သည် အာမခံဖြင့် ဖမ်းဆီးထိန်းသိမ်းခံရမှုမှ ပြန်လည်လွတ်မြောက်လာကြောင်း သိရှိရသည်။

အသက် (၂၁) နှစ်အရွယ်ရှိ ဂရင်းဝုဒ်သည် ၂၀၂၁ အောက်တိုဘာလအတွင်းက ဆယ်ကျော်သက် အမျိုးသမီးတစ်ဦးကို မုဒိမ်းမှုကျူးလွန်ရန် ကြံစည်အားထုတ်မှုကြောင့် ဖမ်းဆီးခံခဲ့သည့်အပြင် ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ အတင်းအကျပ်စေခိုင်းမှု စသည့်စွဲချက်များနှင့်ပါ အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။

Read more

AI စက်ရုပ်အသစ်က လူသား စစ်တုရင်ဆရာများကို အနိုင်ယူ

SenseRobot ဟု အမည်ပေးထားသည့် AI စက်ရုပ်အသစ်တစ်ခုနှင့် လူသားစစ်တုရင်ဆရာများ ပထမဆုံး ယှဉ်ပြိုင်ပွဲကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ရှန်ဟိုင်းတွင် ကျင်းပခဲ့ရာ စက်ရုပ်က လူသား စစ်တုရင်ဆရာ အတော်များများကို အနိုင်ယူသွားခဲ့သည်။

ယင်းစက်ရုပ်အသစ်သည် ယခင်က နာမည်ကျော်ခဲ့သော AlaphGo နှင့်မတူပဲ၊ ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားသည့်အပြင် စက်ရုပ်၏ ရွှေ့ကွက်များကိုလည်း လူသားမှတစ်ဆင့် ရွှေ့ပေးစရာမလိုပဲ သူကိုယ်တိုင်ပင် ရွှေ့ကာ ယှဉ်ပြိုင်နိုင်သော စက်ရုပ်ဖြစ်သည်။

Read more

ထမင်းစားပြီးရင် ဗိုက်အောင့်သလို ခံစားရတာ ဘာကြောင့်လဲ

ဗိုက်ဆာလွန်းရင် ဗိုက်အောင့်သလို၊ အစာအိမ်နာသလို ခံစားဖူးကြတယ်မလား။ အဲဒီလိုနာကျင်မှုက ပုံမှန်ဖြစ်ပြီး တစ်ခုခုစားလိုက်ရင် ပျောက်သွားပါတယ်။ ဒါပေမဲ့ တချို့လူတွေကတော့ ဆန့်ကျင်ဘက်ပါပဲ။ သူတို့ရဲ့ဗိုက်က ထမင်းစားပြီးရင် နာလာတတ်ကြပါတယ်။ ထမင်းစားပြီးတဲ့နောက် ဗိုက်အောင့်တာက တစ်ခါတလေဆိုရင်တော့ ပုံမှန်ပါပဲ။ နေ့တိုင်းဖြစ်နေမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ လိုလာပါပြီ။ မကြာခဏဗိုက်အောင့်တာ၊ အစာအိမ်နာတာက ကျန်းမာရေးအခြေအနေရှိနေတယ်ဆိုတာ ညွှန်ပြနေပြီး ချက်ခြင်း ဆေးကုသမှုခံယူဖို့ လိုပါတယ်။ ထမင်းစားပြီးနောက် ဗိုက်အောင့်တာ၊ အစာအိမ်နာတာဖြစ်ရခြင်းအကြောင်းအရင်းတွေကတော့

Read more

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ မြို့နယ်နှင့်ရပ်ကွက်ကော်မတီဝင်များအား ပါတီညီလာခံ အတွေ့အကြုံရှင်းလင်းခြင်းနှင့် ပါတီ၏ သန္နိဌာန်ရွတ်ဆိုပြုခြင်းအခမ်းအနားဆောင်ရွက်ခြင်း

ဒဂုံမြို့သစ်(မြောက်ပိုင်း) အောက်တိုဘာ ၁၈

ဒဂုံမြို့သစ်မြောက်ပိုင်းမြိုနယ် ပြည်ခိုင်ဖြိုးပါတီ၏ မြို့နယ်နှင့်ရပ်ကွက်ပါတီကော်မတီဝင်များအား ပါတီညီလာခံ အတွေ့အကြုံရှင်းလင်းခြင်းနှင့်ပါတီ၏ သန္နိဌာန်ရွတ်ဆိုပြုခြင်းအခမ်းအနားအား ၁၈.၁၀.၂၂ရက်နေ့ နံနက်၁၀:၃၀ နာရီက မြို့နယ်ပါတီရုံးခန်မတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားကို မြို့နယ်ပါတီဥက္ကဌဦးသန်းစိုး၊ အတွင်းရေးမှူးဦးကျော်ထင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက် ပါတီဥက္ကဌနှင့်ကော်မတီဝင်များ တတ်ရောက်ခဲ့ကြပြီး ရှေးဦးစွာ ပါတီညီလာခံအတွေ့အကြုံနှင့်ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းခြင်း၊ ပါတီဗဟိုဥက္ကဌဦးခင်ရီ၏ လုပ်ငန်းလမ်းညွှန်ချက်များအား ရှင်းလင်း ဆွေးနွေခဲ့ကြပြီး ပါတီ၏သန္နိဌာန်အား ရွတ်ဆိုပြုခါအခမ်းအနားကို နေ့လည်(၁၂း၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

Read more