ဗြိတိန်ဝန်ကြီးချုပ်အဖြစ်မှ လစ်ထရက်စ် နုတ်ထွက်သွားသဖြင့် တစ်ပတ်အတွင်း ခေါင်းဆောင်သစ်ရွေးချယ်မည်

ဗြိတိန်ဝန်ကြီးချုပ်အဖြစ်မှ လစ်ထရက်စ် နုတ်ထွက်သွားသဖြင့် တစ်ပတ်အတွင်း ခေါင်းဆောင်သစ် ရွေးချယ်မည်ဖြစ်သည်။ အာဏာရလာခဲ့ပြီးနောက် ပြဿနာများပြည့်နှက်နေသော သီတင်းပတ်ခြောက်ပတ်လောက် အကြာ အောက်တိုဘာ ၂၀ ရက်တွင် ဝန်ကြီးချုပ်လစ်ထရက်စ်က နုတ်ထွက်ကြောင်းကြေညာခဲ့ရာ ၎င်းသည် ဗြိတိန်သမိုင်းတွင် သက်တမ်းအတိုဆုံးဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။

မိမိ ရွေးကောက်ခံရသည့် ကတိကဝတ်ကို အကောင်အထည်ဖော်နိုင်ခြင်းမရှိဟု ထရက်စ်က ဝန်ခံခဲ့ပြီး မိမိ၏ အခွန်လျှော့ချရေးဆိုသည့် လက်ယာစွန်း ရွေးကောက်ပွဲလမ်းစဉ် တစ်စစီဖြစ်ခဲ့ကာ ကွန်ဆာဗေးတစ်လွှတ်တော် အမတ်အများအပြားက ဖီဆန်ခဲ့ပြီးနောက် မလွှဲမရှောင်သာ နုတ်ထွက်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

Read more

မလေးရှားအထွေထွေရွေးကောက်ပွဲ နိုဝင်ဘာ ၁၉ ရက်နေ့ ကျင်းပမည်

မဲပေးခွင့်အရည်အချင်းပြည့်မီတဲ့ မလေးရှားနိုင်ငံသား ၂၁ သန်းလောက်ဟာ နိုင်ငံရဲ့ လာမယ့် အထွေထွေရွေးကောက်ပွဲအတွက် နိုဝင်ဘာ ၁၉ ရက်မှာ မဲရုံတွေဆီ မဲသွားပေးရတော့မှာဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၀ ရက်နေ့မှာ ပြောကြားပါတယ်။

ဒီရွေးကောက်ပွဲမှာ အကျင့်ပျက်ခြစားမှုနဲ့ နာမည်ဆိုးထွက်နေတဲ့ အာဏာရပါတီကလည်း သူတို့ အာဏာကို ဆက်ကိုင်စွဲထားနိုင်မယ်လို့ ယုံကြည်ထားပါတယ်။

Read more

ဘင်ဇီမာက ပြင်သစ်ရဲ့အကြီးကျယ်ဆုံးဘောလုံးသမားဖြစ်ကြောင်း ဇီဒန်း ချီးကျူး

ပြီးခဲ့တဲ့ရက်ပိုင်းက ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ဘလွန်းဒီအော် (Ballon d’Or) ကို ဆွတ်ခူးခဲ့တဲ့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဘင်ဇီမာဟာ ပြင်သစ်နိုင်ငံရဲ့ထာဝရအကြီးကျယ်ဆုံးကစားသမားဖြစ်ကြောင်း ဂန္ထဝင်ဇီဒန်းက ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။

ဘင်ဇီမာဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲစုံ ၄၄ ဂိုးသွင်းယူပြီးခြေစွမ်းပြခဲ့တာကြောင့် ဘလွန်းဒီအော်ဆုကို ပထမဆုံးအကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင်ဟောင်းဖြစ်သလို ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းလည်းဖြစ်တဲ့ ဇီဒန်းက “ပြင်သစ်ဘောလုံး သမိုင်းတလျောက် အကောင်းဆုံးကစားသမားကိုပြပါဆိုရင် တစ်ဦးနဲ့တစ်ဦးအမြင်ချင်းမတူနိုင်ပါဘူး။ ကျွန်တော့် အမြင်ကတော့ ဘင်ဇီမာက အကောင်းဆုံးပါပဲ”လို့ ပြေကြားခဲ့ပါတယ်။

Read more

ပွဲမပြီးခင် ကွင်းထဲမှ ထွက်ခဲ့သည့် ရော်နယ်ဒို ချဲလ်ဆီးနှင့် ကစားမည့်ပွဲ လူစာရင်း၌ ချန်ထားခံရ

မန်ယူအသင်း၏နည်းပြ တန်ဟက်ဂ်သည် စပါးအသင်းကို  အနိုင်ရခဲ့သည့်ပွဲတွင် လူစားဝင်ကစားရန် ငြင်းဆန်ခဲ့ပြီး ပွဲမပြီးဆုံးမီ အရန်ခုံတန်းမှ ထွက်ခွာသွားခဲ့သည့် ၀ါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုကို ချယ်လ်ဆီးနှင့်ပွဲ လူစာရင်းမှ ချန်လှပ်လိုက်ကြောင်း သိရသည်။

စီရော်နယ်လ်ဒို၏ လုပ်ရပ်နှင့်ပတ်သက်ပြီး မီဒီယာများ၏ ပွဲအပြီး မေးမြန်းမှုများအပေါ်  အဲရစ်တန်ဟက်ဂ်က ယခုအချိန်တွင် စပါးအသင်းကို အနိုင်ရရှိခဲ့ခြင်းနှင့် ယင်းပွဲတွင်ပြသခဲ့သည့် စွမ်းဆောင်ရည်အတွက် ကျေနပ် ပျော်ရွှင်နေကြောင်း၊ စီရော်နယ်လ်ဒို၏ လုပ်ရပ်အတွက် နောက်နေ့မှ ဆွေးနွေးအဖြေရှာသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ကြာသပတေးနေ့တွင် ၎င်း၏ ဆုံးဖြတ်ချက်အား မန်ယူအသင်းက အတည်ပြု ကြေညာခဲ့ခြင်းဖြစ်သည်။

Read more

NASA ရဲ့ အနာဂတ် အာကာသယာဉ်ဟာ ၁ နာရီ မိုင် ၁ သန်း အမြန်နှုန်းနဲ့ ခရီးသွားနိုင်မည်

NASA Institute for Advanced Concepts (NIAC) က အာကာသယာဉ် နည်းပညာ အသစ် ၂ ခုကို ဖန်တီးနေပါတယ်။ Ion Drives အသစ်ဟာ စွမ်းဆောင်ရည် အပိုင်းမှာ ၁၀ ဆ ပိုကောင်းပြီး စွမ်းအင်ဟာ အဆ ၁ ထောင် ပိုမြင့်မားပါတယ်။ အဲဒီအတွက် NASA ရဲ့ အနာဂတ် အာကာသယာဉ်ဟာ ၁ နာရီ မိုင်  ၁ သန်း အမြန်နှုန်းနဲ့ အာကာသမှာ ခရီးသွားနိုင်မှာပါ။

Read more

ဂျာမနီနိုင်ငံအတွင်း Oppo နဲ့ OnePlus တို့ရဲ့ 4G ၊ 5G စမတ်ဖုန်းတွေကို ရောင်းချခွင့် ပိတ်ပင်

4G ၊ 5G နည်းပညာဆိုင်ရာ တီထွင်မှုမူပိုင်ခွင့်တွေ ချိုးဖောက်မှုနဲ့ပတ်သက်ပြီး ဂျာမနီဒေသဆိုင်ရာ တရားရုံးမှာ အနိုင်ရခဲ့ပြီးနောက် ဖင်လန်နည်းပညာကုမ္ပဏီ Nokia က တရုတ်စီးပွားရေးလုပ်ငန်းစု BBK electronics နဲ့ လက်အောက်ခံ စမတ်ဖုန်းထုတ်လုပ်ရေးကုမ္ပဏီတွေဖြစ်တဲ့  Oppo ၊ OnePlus တို့ကို တခြားဈေးကွက်တွေမှာပါ တရားစွဲဆိုဖို့ ပြင်ဆင်နေပါပြီ။

Read more

ကလေးငယ် ၉၉ ဦး သေဆုံးခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံမှာ ချောင်းဆိုးပျောက်ဆေးအားလုံးနဲ့ ဆေးရည်ရောင်းချမှု ဆိုင်းငံ့

ယခုနှစ်တွင် ကလေး ၉၉ ဦးသေဆုံးမှုနှင့် ပြင်းထန်ကျောက်ကပ်ရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းတို့ကို စုံစမ်းစစ်ဆေးနေချိန် အင်ဒိုနီးရှားနိုင်ငံတွင် ရောင်းချနေသော ဆေးရည်အချို့တွင် ကလေးများ၌ သေစေနိုင်သော ပြင်းထန်ကျောက်ကပ်နာ (AKI) နှင့် ဆက်စပ်နေသည့် ဓာတ်ပစ္စည်းများပါဝင်နေသည်ဟု အောက်တိုဘာ ၂၀ ရက်တွင် အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

Read more

ဝိုင်းမော်ပြည်ခိုင်ဖြိုးတတိယအကြိမ်ပါတီညီလာခံ(၂၀၂၂)အတွေ့အကြုံရှင်းလင်းဆွေးနွေး

ဝိုင်းမော် အောက်တိုဘာ ၁၉

ဝိုင်းမော်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ တတိယအကြိမ်ပြည်ခိုင်ဖြိုး ပါတီညီလာခံ( ၂၀၂၂) အတွေ့အကြုံရှင်းလင်းပွဲ နှင့် ရှေ့လုပ်ငန်းစဉ်များညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ခဲ့ပါသည်။

 


Read more

မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အလယ်ခြမ်း ရပ်ကွက်များ နှင့် တွေ့ဆုံ၍ အစည်းအဝေးပြုလုပ်

ရန်ကုန်။ ။အောက်တိုဘာ (၁၉)

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပါတီရုံး ခန်းမတွင် မြို့နယ်ပါတီကော်မတီနှင့် အလယ်ခြမ်းရှိ ရပ်ကွက်ပါတီကော်မတီဝင်များ တွေ့ဆုံ၍ အစည်းအဝေးကို၂၀၂၂ ခုနှစ်၊  အောက်တိုဘာလ (၁၉) ရက်နေ့လည်(၂:၃၀) က ကျင်းပပြုလုပ်ခဲ့ပါသည်။

Read more

လေးမျက်နှာမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါတီညီလာခံအတွေ့အကြုံရှင်းလင်းပွဲပြုလုပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ်ပါတီညီလာခံ အတွေ့အကြုံရှင်းလင်းပွဲကို လေးမျက်နှာ မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမတွင် (18-10-2022) ရက်နေ့ နံနက်(9:30)နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ပါတီဗဟိုကော်မတီဝင် တိုင်းပါတီဘဏ္ဍာရေးမှူး ဦးလှခိုင်၊ ပါတီဗဟိုကော်မတီဝင် ဦးကျော်ဝင်းနိုင်၊ ပါတီဗဟိုကော်မတီဝင် ဟင်္သာတခရိုင်ပါတီဥက္ကဌ ဒေါက်တာဌေးဝင်း၊  ခရိုင်ပါတီအတွင်းရေးမှူးဦးမျိုးသန့်နှင့် ခရိုင်ကော်မတီဝင် မြို့နယ်ပါတီဥက္ကဌနှင့် ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဌများ စုစုပေါင်း ၇၅ ဦး တက်ရောက်ကြပါသည်။

Read more