ဂွါဒါလာဂျာရာအိုးပင်းချန်ပီယံဆုကို ပီဂူလာရရှိ

အမေရိကန်တင်းနစ်မယ် ဂျက်ဆီကာပီဂူလာဟာ သူမရဲ့ ကစားသမားဘဝ ပထမဆုံး WTA 1000 ပြိုင်ပွဲ ချန်ပီယံဆုအဖြစ် ဂွါဒါလာဂျာရာအိုးပင်းဆုကိုရယူခဲ့ပါတယ်။ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ဗိုလ်လုပွဲမှာ ပီဂူလာနဲ့ ဂရိတင်းနစ်မယ် ဆက်ကာရီတို့ ရင်ဆိုင်ခဲ့ကြတာဖြစ်ပြီး ပီဂူလာက အကောင်းဆုံးလက်စွမ်းနဲ့ ပြိုင်ဘက်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ပွဲကစားချိန် ၁ နာရီနဲ့ ၁၀ မိနစ်သာကြာမြင့်ခဲ့ပြီး နောက် ပီဂူလာက (၆း၂၊၆း၃)ဆိုတဲ့ရလဒ်နဲ့ ဆက်ကာရီကိုအနိုင်ယူပြီး ချန်ပီယံဆုကိုရရှိသွားခဲ့တာ ဖြစ်ပါတယ်။

Read more

မှတ်တမ်းသစ်ရေးနိုင်သူ ဗာဒီကို နည်းပြရော်ဂျာ ချီးကျူး

လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာက ပရီးမီးယားလိဂ်ရဲ့မှတ်တမ်းသစ်တစ်ခုကို ရေးထိုးနိုင်ခဲ့တဲ့ တိုက်စစ်မှူးဗာဒီကို ချီးကျူးစကားဆိုခဲ့ပါတယ်။ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ဗာဒီဟာ တနင်္ဂနွေနေ့က ဝူလ်ဗာဟမ်တန်အသင်းကို ၄ ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာ လူစားဝင်လာပြီး အဆုံးသတ်အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့တာပါ။

Read more

4K 120Hz မျက်နှာပြင် ပါတဲ့ Redmi Gaming TV X Pro ကို ကြေညာ

ဂိမ်း ကစားလို့ကောင်းအောင်  ဖန်တီးထားတဲ့ Gaming စမတ်ဖုန်းတွေအပြင် အခုဆိုရင် Gaming TV တွေပါ ထွက်ပေါ်လာပါပြီ။ Xiaomi က Redmi Gaming TV X Pro ကို ကြေညာလိုက်ပြီး ၆၅ လက်မနဲ့ ၇၅ လက်မ ၂ မျိုး ထုတ်လုပ်ထားပါတယ်။ ဈေးနှုန်းက ၄၁၄ ဒေါ်လာနဲ့ ၅၉၅ ဒေါ်လာ အသီးသီး ရှိပါတယ်။

Read more

အူလမ်းကြောင်းတွင်းရှိ ဘက်တီးရီးယားက ဆေးလိပ်ကြောင့်ဖြစ်သော နီကိုတင်းကို ချေဖျက်ကျဆင်းစေကြောင်း လေ့လာတွေ့ရှိ

တရုတ်သိပ္ပံပညာရှင်များနှင့် ၎င်းတို့၏အမေရိကန်လုပ်ဖော်ကိုင်ဖက်များ၏ လေ့လာမှုတစ်ခုအရ အူလမ်းကြောင်း တွင်းရှိ ဘက်တီးရီးယားတစ်မျိုးသည် ဆေးလိပ်ကြောင့်ကပ်ငြိလာသော နီကိုတင်းဓာတ်ကို ထိရောက်စွာ ချေဖျက်ပေးနိုင်သည့် ဓာတ်ပစ္စည်းတစ်မျိုးကို ထုတ်လုပ်ပေးနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ကြသည်။

အဆိုပါအူလမ်းကြောင်းဘက်တီးရီးယားများဖြင့် နီကိုတင်းဓာတ်ထည်သွင်းပေးထားသည့် ကြွက်များတွင်စမ်းသပ်ရာ အူလမ်းကြောင်းဆိုင်ရာ နီကိုတင်းပါဝင်မှုကို လျှော့ချနိုင်ခဲ့ကြောင်း Nature ဂျာနယ်တွင် ဖော်ပြထားသော နောက်ဆုံးလေ့လာမှုတစ်ခုအရ သိရသည်။

Read more

လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါတီညီလာခံအတွေ့အကြုံရှင်းလင်းပွဲပြုလုပ်

လှည်းကူး အောက်တိုဘာ ၂၀

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ် ပါတီညီလာခံ အတွေ့အကြုံရှင်းလင်းပွဲကို လှည်းကူးခရိုင် ပါတီရုံးအစည်းအဝေးခန်းမတွင် (20-10-2022) ရက်နေ့ နံနက်(9:30)နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ပါတီဗဟိုအရံကော်မတီဝင်ဦးမင်းသူထွန်း၊  ခရိုင်ပါတီဥက္ကဌ ဦးအောင်မျိုးနိုင်၊ ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဌများ စုစုပေါင်း ၇၅ ဦး တက်ရောက်ကြပါသည်။

Read more

မင်္ဂလာတောင်ညွန့် မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အရှေခြမ်း ရပ်ကွက်များနှင့် တွေ့ဆုံ၍ အစည်းအဝေးပြုလုပ်

ရန်ကုန်။ ။အောက်တိုဘာ (၂၀)

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီနှင့် အရှေ့ခြမ်းရှိရပ်ကွက် ပါတီကော်မတီဝင်များ တွေ့ဆုံ၍ အစည်းအဝေးကို ယနေ့ (၂၀.၀.၂၀၂၂) နေ့လည် (၂:၃၀) က မြို့နယ် ပါတီ ရုံးခန်းမတွင် ကျင်းပခဲ့ပါသည်။

Read more

ရန်ကုန်မြို့၏ ပထမဆုံး ရေပေါ်ညဈေးကို ဗိုလ်တထောင်ကမ်းနားတွင် ပြုလုပ်မည်

ရန်ကုန်မြို့၏ ထမဆုံး ရေပေါ်ညဈေးကို ဗိုလ်တထောင်ဘုရားကမ်းနားရှိ ဆိပ်ခံတံတားအမှတ် (၅) The Love Boat Bridge တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ ရန်ကုန်မြို့မှာ ရေပေါ်ဈေးမရှိဘူး အိမ်နီးခြင်းနိုင်ငံတွေမှာကျတော့ ရေပေါ်ဈေးတွေ လုပ်ပြီး ရောင်းချနေတာ ရှိတယ်။ ဒါ့ကြောင့် ရန်ကုန်မြစ်အလှရယ်၊ ရိုးရာအစားအစာတွေကို နိုင်ငံတကာကို ချပြချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပတာ ဖြစ်ပါတယ်” ဟု တော်ဝင်ချမ်းသာ ကုမ္ပဏီမှ  တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Read more

၂ နှစ်ကြာရပ်နားခဲ့သည့် ပြင်ဦးလွင်တန်ဆောင် တိုင်မီးပုံးပျံပွဲတော်အား နိုဝင်ဘာ ၄ ရက်မှစတင် ၍ ပြန်လည် ကျင်းပမည်

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့နယ်တွင် နှစ်စဥ်ကျင်းပမြဲဖြစ်သည့် ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော်အား ၂၀၂၀ ပြည့်နှင့်နှင့် ၂၀၂၁ ခုနှစ်တို့တွင် ကိုဗစ်(၁၉)ရောဂါဖြစ်ပွားမှုကြောင့် ၂ နှစ်ကြာရပ်နားထားခဲ့သည်။

ထိုသို့ ရပ်နားခဲ့ရာမှ ယခုနှစ်တွင် ၁၆ ကြိမ်မြောက်အဖြစ် နိုဝင်ဘာ ၄ ရက်မှစတင်၍ ၈ ရက်အထိ ပြင်ဦးလွင်မြို့၊မဟာအံ့ထူးကံသာ ဆုတောင်း ပြည့်ဘုရားကြီးအနီးရှိ မီးပုံးပျံကွင်း၌ ၅ ရက်ကြာပြန်လည် ကျင်းပသွားရန်စီစဥ်လျက်ရှိကြောင်း ပွဲတော်ကျင်းပရေးကော်မတီမှ ထုတ်ပြန်ကြေညာခဲ့သည်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၂၇၃) ဦး တွေ့ရှိ

(၁၉-၁၀-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၀-၁၀-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၂,၄၆၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၂၇၃) ဦး တွေ့ရှိရသဖြင့် ရောဂါပိုး တွေ့ရှိမှုရာခိုင်နှုန်းမှာ (၂.၁၉) ရာ ခိုင်နှုန်း ရှိပါသည်။

Read more