တတိယအကြိမ်ပါတီညီလာခံအတွေ့အကြုံရှင်းလင်းပွဲနှင့် ရှေ့လုပ်ငန်းစဉ်များဆွေးနွေး

ဆီဆိုင် အောက်တိုဘာ ၂၄

ဆီဆိုင်မြို့နယ်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ရေးပါတီရုံး၌ တတိယအကြိမ် ပါတီညီလာခံ အတွေ့အကြုံ ရှင်းလင်းခြင်းနှင့် ပါတီရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့ပါသည်။ ထိုရှင်းလင်းဆွေးနွေးပွဲသို့ မြို့ပါတီဥက္ကဋ္ဌ၊ မြို့နယ်ကော်မတီများ၊ အရံကော်မတီ အဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရပါသည်။


Read more

နယ်မြေကွင်းဆင်း၍စည်းရုံးရေးကိစ္စများဆွေးနွေး

တပ်ကုန်း အောက်တိုဘာ ၂၄

တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တွင်းနီကျေးရွာအုပ်စု  သို့.နယ်မြေ ကွင်းဆင်းပြီး တွင်းနီကျေးရွာအုပ်စု ရပ်ကျေးပါတီကော်မတီများ၊ သံပုရာကုန်းကျေးရွာ အုပ်စုပါတီကော်မတီများ၊ သဖန်းချောင်း ကျေးရွာအုပ်စု ပါတီကော်မတီများနှင့် စုပေါင်းတွေ့ဆုံပြီး ပါတီစည်းရုံးရေးဆိုင်ရာကိစ္စရပ်များ၊ နယ်မြေလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ဆွေနွေးညှိနှိုင်းခဲ့ပါသည်။


Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မန္တလေးတိုင်းဒေသကြီးအခြေစိုက် စစ်မှုထမ်းဟောင်းများ၊ နိုင်ငံချစ်သော ပရဟိတအသင်းအဖွဲ့များနှင့်တွေ့ဆုံ

မန္တလေး၊ အောက်တိုဘာ ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ သည် ပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်၊ ဦးဝင်းမောင်၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့နှင့်အတူ မန္တလေးတိုင်းဒေသကြီးအခြေစိုက် စစ်မှုထမ်းဟောင်း အဖွဲ့မှ ပုဂ္ဂိုလ်အချို့၊ နိုင်ငံချစ်သော ပရဟိတအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်အချို့တို့နှင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ ညနေ ၁၆၃၀ အချိန်မှ ညနေ ၁၇၃၀ အချိန်ထိ  မန္တလေးတိုင်းဒေသကြီး ပါတီရုံး ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် မန္တလေးတိုင်းဒေသကြီး တိုင်း/ ခရိုင်/ မြို့နယ် ပါတီတာဝန်ရှိသူများ၊ လူငယ်၊ အမျိုးသမီးတာဝန်ခံများ၊ ရပ်/ကျေးစည်းရုံးရေးမှူးများနှင့် တွေ့ဆုံ

အောက်တိုဘာ ၂၃၊ မန္တလေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ နေ့လည် ၁၃:၀၀ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီး တိုင်း၊ ခရိုင်၊ မြို့နယ် ပါတီတာဝန်ရှိသူများ၊ လူငယ်/အမျိုးသမီး တာဝန်ခံများ၊ ရပ်ကွက်/ကျေးရွာအုပ်စုမှ ပါတီစည်းရုံးရေးမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနား ပြုလုပ်ခဲ့ပါသည်။

Read more

အမြတ်ကျပ်သိန်း ၁၀၀ မကျော်လျှင် ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြု

တရားဝင်မှတ်ပုံတင်ထားတဲ့ အသေးစား စက်မှုလက်မှု လုပ်ငန်းတွေအနေနဲ့ ၃ နှစ်ပြည့်တဲ့အထိ လုပ်ငန်းရဲ့ အမြတ်ငွေ ကျပ်သိန်း ၁၀၀ မကျော်ပါက ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုတယ်လို့ အသေးစားစက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနက သိရပါတယ်။ အသေးစား စက်မှုလက်မှု လုပ်ငန်းတွေအနေနဲ့ သက်ဆိုင်ရာဌာနမှာ မှတ်ပုံတင်ပြီး လုပ်ငန်းစတင် လုပ်ကိုင်တဲ့နှစ် ကနေ သုံးနှစ်အတွင်း အမြတ်ငွေ ကျပ်သိန်း ၁၀၀ ထက် မကျော်ပါက ဝင်ငွေခွန် ကင်းလွတ်ခွင့် ပြုနိုင်တာဖြစ်တယ် လို့ဆိုပါတယ်။ မှတ်ပုံတင်ထားတဲ့ လုပ်ငန်းတွေကို နည်းပညာတွေ ကူညီပေးတာရှိသလို၊ ကုန်စည်ပြပွဲ ပြိုင်ပွဲတွေမှာလည်း ပါဝင်ဆောင်ရွက်ခွင့်ရှိတယ်လို့ အသေးစားစက်မှုလက်မှု လုပ်ငန်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ရီရီလှိုင်က ပြောပါတယ်။

Read more

၂၀၂၂ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ၏ ပထမနှစ်(ပထမနှစ်ဝက်)နေ့သင်တန်းများအား နိုဝင်ဘာ ၂၁ ရက်၌စတင်ဖွင့်လှစ်မည်

ပညာရေးဝန်ကြီးဌာန၊အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ဒီဂရီကောလိပ်နှင့်ကောလိပ်များတွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ်(ပထမနှစ်ဝက်)နေ့သင် တန်းများအား နိုဝင်ဘာ ၂၁ ရက် ၌ စတင်ဖွင့်လှစ်သွားမည်ဟု အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ပထမနှစ်(ဒုတိယနှစ်ဝက်)နှင့်ဒုတိယနှစ်မှ မဟာဘွဲ့သင်တန်းများအထိ နေ့သင်တန်းများအားလုံးကိုလည်း နိုဝင်ဘာ ၁၀ ရက်တွင် ဖွင့်လှစ်သင် ကြားပေးသွားမည်ဟု အဆင့်မြင့်ပညာဦးစီးဌာနက အသိပေးခဲ့သည်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၁၃၉) ဦး တွေ့ရှိ

(၂၃-၁၀-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၄-၁၀-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၈,၉၂၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၃၉) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁.၅၆) ရာခိုင်နှုန်း ရှိပါသည်။

Read more

သမ္မတရှီကျင့်ဖျင်ပြန်လည်အရွေးခံရမှုအား မြောက်ကိုရီးယားခေါင်းဆောင်ဂုဏ်ပြု

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းသည် တရုတ်နိုင်ငံ၏ခေါင်းဆောင်အဖြစ် သမ္မတရှီကျင့်ဖျင် ပြန်လည်အရွေးခံရသည့်အပေါ် ဂုဏ်ပြုစာတစ်စောင်ပေးပို့ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန် လာစေရန် မျှော်လင့်သည်ဟုပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန KCNA က အောက်တိုဘာ ၂၃ ရက်နေ့တွင် ဖော်ပြခဲ့သည်။

“CPC ၏ အကြိမ် ၂၀ မြောက်ညီလာခံသည် တရုတ်ပါတီနှင့်ပြည်သူများအတွက် အရေးပါသောမှတ်တိုင်တစ်ခုအဖြစ် ခေတ်သစ်၌ တရုတ်လူမျိုးများ၏ ထူးခြားသောလက္ခဏာများနှင့်အတူ  ဆိုရှယ်လစ်အဖွဲ့အစည်းအောက်ရှိ တရုတ်လူမျိုးကြီးပွားတိုးတက်ရေး၏ သမိုင်းဝင်လုပ်ငန်းစဉ်ကို တွန်းအားပေးခဲ့သည်” ဟု ကင်မ်က ၎င်း၏စာတွင် ထည့်သွင်းပြောကြားခဲ့သည်။

Read more

ဂြိုဟ်တု ၃၆ လုံး အိန္ဒိယ အောင်မြင်စွာလွှတ်တင်

အိန္ဒိယနိုင်ငံသည် ဂြိုဟ်တု ၃၆ လုံးကို LVM3 ဒုံးပျံကြီးဖြင့် သယ်ဆောင်ကာ ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာလွှတ်တင်လိုက်ပြီဖြစ်ကြောင်း အိန္ဒိယ အာကာသ သုတေသနအဖွဲ့ကြီးက သတင်းထုတ်ပြန်သည်။

LVM3 ဒုံးပျံကြီးသည် အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံးနှင့် အင်အားအကောင်းဆုံး ဝန်တင်ဒုံးပျံကြီးဖြစ်ပြီး ယင်းကို အိန္ဒိယနိုင်ငံတာင်ပိုင်း အန်ဒရာပရာဒက်ရှ်ပြည်နယ်ရှိ Satish Dhawan အာကာသဗဟိုဌာနမှ တနင်္ဂနွေနေ့ ဒေသစံတော်ချိန် နံနက် ၁၂ နာရီ ၇ မိနစ်က ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။

Read more

ရီရှီဆူးနက်ခ် ဗြိတိန်ဝန်ကြီးချုပ် ဖြစ်လာမည်

ဘောရစ်ဂျွန်ဆင်က ဝန်ကြီးချုပ်အဖြစ် ပြန်လည်အရွေးခံမည့်ကိစ္စကို စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်ပြီးနောက် ဗြိတိန်ကွန်ဆာဗေးတစ်ပါတီဝင်ရီရှီဆူနက်သည် အောက်တိုဘာ ၂၄ ရက်တွင် ဝန်ကြီးချုပ်ဖြစ်လာရန်ရှိနေပြီး ဗြိတိန်၏လူဖြူမဟုတ်သော ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာမည်ဖြစ်သည်။

အောက်တိုဘာ ၂၃ ရက်နှောင်းပိုင်းတွင် ဝန်ကြီးချုပ်ဟောင်းဂျွန်ဆင်၏ မျှော်လင့်မထားသော လုပ်ဆောင်ချက်အပြီး အစောဆုံးအနေဖြင့် အောက်တိုဘာ ၂၄ ရက် နေ့ခင်းပိုင်းလောက်တွင် ဆူနက်သည် ဝန်ကြီးချုပ်အသစ် ဖြစ်လာမည်ဖြစ်သည်။ ဆူနက်သည် အာဏာရကွန်ဆာဗေးတစ်ပါတီကို ဦးဆောင်ရန် ပထမဆုံးကြိုးပမ်းမှု အောင်မြင်မှုမရဖြစ်ခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အတွင်းတွင် ၎င်းင်းအတွက်ကံကြမ္မာအပြောင်းအလဲ ဖြစ်လာခြင်းဖြစ်သည်။

Read more