Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၁၆၀) ဦး တွေ့ရှိ

(၂၄-၁၀-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၅-၁၀-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၀,၁၇၁) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၆၀) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁.၅၇) ရာခိုင်နှုန်း ရှိပါသည်။

Read more

စီးပွားရေးပြဿနာတ ွေဖြေရှင်းဖို့ ဗြိတိန်ဝန်ကြီးချုပ်သစ် ကတိပြု

ဗြိတိန်ဘုရင်ချားလ်စ်က အစိုးရဖွဲ့ခိုင်းပြီးတဲ့အခါမှာ Rishi Sunak ဟာ ဗြိတိန်နိုင်ငံရဲ့ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ ဆူးနက်က ဘုရင်ချားလ်စ်ကို Buckingham နန်းတော်မှာ ဒီနေ့ အင်္ဂါနေ့မှာပဲ သွားရောက်တွေ့ဆုံခဲ့တာပါ။ ဝန်ကြီးချုပ်တာဝန်ကို လက်ခံပြီးတဲ့နောက် လက်ရှိရင်ဆိုင်နေရတဲ့ စီးပွားရေး အကျပ်အတည်းတွေကို ချက်ချင်း ကိုင်တွယ်ဖြေရှင်းသွားမယ့်အကြောင်းနဲ့ တာဝန်သိမှု တာဝန်ခံမှုရှိတဲ့ ဂုဏ်သိက္ခာရှိတဲ့ အစိုးရတရပ်ကို ဦးဆောင်သွားပါမယ်လို့ ဝန်ကြီးချုပ်သစ် ဆူးနက်က ပြောပါတယ်။

Read more

တရုတ် ယွမ်ငွေတန်ဖိုး ၁၅ နှစ်အတွင်း အနိမ့်ဆုံးကျဆင်း

ပြီးခဲ့သည့်သီတင်းပတ်က ကျင်းပခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ ညီလာခံ၌  သမ္မတ ရှီကျင်းပင်က ၎င်း၏ သြဇာအာဏာကို ဆက်လက်ချုပ်ကိုင်ခဲ့ပြီးနောက် ရင်းနှီးမြှုပ်နှံ သူများအကြား စိုးရိမ်မှုများ ဖြစ်ပေါ်နေခြင်း ကြောင့် တရုတ်ယွမ်ငွေတန်ဖိုးသည် ၁၅ နှစ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့သည်။

Read more

မစ်ဒယ်ဘရော့နည်းပြရာထူးသည် မိမိအတွက် အထူးအခွင့်အရေးတစ်ရပ်ဟု မိုက်ကယ်ကာရစ် မှတ်ချတ်ပြု

 

 

အောက်တိုဘာလ ၂၄ ရက်က လိဂ်ချန် ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အသင်း၏ နည်းပြသစ်အဖြစ် ခန့်အပ်ခံရသည့် မိုက်ကယ်ကာရစ်က ယခုရာထူးသည် မိမိအတွက် အထူးအခွင့်အရေးတစ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ရုန်းကန်နေရသည့် မစ်ဒယ်ဘရော့အသင်းသည် မန်ယူ နှင့် အင်္ဂလန်ကစားသမားဟောင်း ကာရစ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့သော်လည်း စာချုပ်သက်တမ်းကာလကို တရားဝင်ထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။

Read more

One 163 ပြိုင်ပွဲတွင် တွဲဆိုင်းငါးပွဲ ပါဝင်မည်ဖြစ်ပြီး အောင်လအန်ဆန်ပွဲကို Co Main Event အဖြစ် ကျင်းပမည်

One Championship အဖွဲ့အစည်းက နိုဝင်ဘာ ၁၉ ရက်က စင်ကာပူနိုင်ငံ၌ကျင်းပမည့် One 163 အမည်ရပြိုင်ပွဲတွင် တွဲဆိုင်း ငါးပွဲ ထည့်သွင်းကျင်းပမည်ဖြစ်ပြီး အောင်လအန်ဆန်နှင့် အိုကာမီတို့၏တွဲဆိုင်းကို Co Main Event  အဖြစ် ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

Read more

တိုယိုတာသည် တရုတ် BYD ဘက္ထရီများဖြင့် လျှပ်စစ်ကားများကို ထုတ်လုပ်မည်

တိုယိုတာသည် BYD Co ဘက္ထရီများဖြင့် မောင်းနှင်မည့် လျှပ်စစ်ကားအသေးစားကို တရုတ်နိုင်ငံတွင် ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း တနင်္လာနေ့က ကြေငြာခဲ့သည်။

ယခုထုတ်လုပ်မည့်ယာဉ်အား တိုယိုတာ bZ3 ဟုခေါ်မည်ဖြစ်ကြောင်း ဂျပန်ကားထုတ်လုပ်ရေးကပြောကြားခဲ့ပြီး အရောင်းပြခန်းများ၌ မည်သည့်အချိန်တွင် ရောင်းချမည်ကို ပြောကြားခြင်းမရှိခဲ့ပေ။

ယခုထုတ်လုပ်မှုကို တိုယိုတာက ပြုလုပ်ပြီး ဘက္ထရီလျှပ်စစ်ကားများဖြစ်သည့် Beyond Zero (bZ) စီးရီးသစ်မှ ဒုတိယမော်ဒယ်အမျိုးအစား‌ဖြစ်ကြောင်းသိရှိရသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း လွှတ်တော် ကိုယ်စားလှယ်ဟောင်းများ၊ ဝါရင့်ပါတီဝင်များ၊ ပါတီဝန်းရံသူများ၊ အသင်းကာလ တာဝန်ထမ်းဆောင်ခဲ့ကြသော အသင်းဝင်များတွေ့ဆုံ

 

မန္တလေး၊ အောက်တိုဘာ ၂၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ သည် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ လွှတ်တော် ကိုယ်စားလှယ်ဟောင်းများ၊ ဝါရင့်ပါတီဝင်များ၊ ပါတီဝန်းရံသူများ၊ အသင်းကာလတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အသင်းဝင်များနှင့် တွေ့ဆုံပွဲကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၀၉:၃၀ အချိန်မှ နေ့လည် ၁၂:၀၀ အချိန်ထိတိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

Read more

တတိယအကြိမ် ပါတီညီလာခံ (၂၀၂၂ ) အတွေ့အကြုံရှင်းလင်းပွဲအား မှော်ဘီခရိုင် တွင် ကျင်းပ

အောက်တိုဘာ ၂၄၊ ရန်ကုန်

 တတိယအကြိမ် ပါတီညီလာခံ အတွေ့အကြုံ ရှင်းလင်းပွဲအား ယနေ့နံနက် (၉)နာရီတွင် ကျင်းပရာ ဗဟိုအရန် ကော်မတီဝင် ဦးမင်းသူထွန်း၊ လှည်းကူးခရိုင်ဥက္ကဌ ဦးအောင်မျိုးနိုင်၊ မှော်ဘီခရိုင်ဥက္ကဌ ဦးအေးလွင်၊ အင်းစိန်မြို့နယ် ဥက္ကဌ ဦးသူရိန်လင်းတို့ တက်ရောက်ကြပါသည်။

Read more

အောင်လံခရိုင် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်ဆိုင်းဘုတ်တင်ပွဲနှင့် တတိယအကြိမ်ပါတီညီလာခံ အတွေ့အကြုံ ရှင်းလင်းပွဲ ပြုလုပ်

မန္တလေး၊ အောက်တိုဘာ ၂၄

မကွေးတိုင်းဒေသကြီး အောင်လံခရိုင် အောင်လံမြို့နယ်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင် ဆိုင်းဘုတ်တင်ပွဲနှင့် တတိယအကြိမ်ပါတီညီလာခံ အတွေ့အကြုံ ရှင်းလင်းပွဲ အခမ်းအနားကို (22.10.2022)နေ့ (မနက်၁၀:၀၀)နာရီ အချိန်က အောင်လံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ရုံးအတွင်း ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ခရိုင်အဆင့် မြို့နယ်အဆင့် မြို့နယ်ပါတီကော်မတီဝင်များ မြို့ပေါ်ရပ်ကွက်နှင့် အချို့သောကျေးရွာများမှ ပါတီကော်မတီနှင့် ပါတီဝင်များ တက်ရောက်ခဲ့ပါသည်။

Read more

ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲကျင်းပပြုလုပ်

တပ်ကုန်း အောက်တိုဘာ ၂၄

တပ်ကုန်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ  အေးချမ်းသာစံပြကျေးရွာ အုပ်စု အေးချမ်းသာစံပြကျေးရွာ တွင် ပါတီဝင် အဆိုပြုလွှာပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ဗဟိုပါတီ ကော်မတီဝင် ဦးကျော်ကျော်လတ်၊ မြို့နယ်ပါတီနာယကကြီး ဦးစန်းလွင်၊ ခရိုင်ပါတီ ကော်မတီဝင် ဦးဝင်းဘို၊ မြိုနယ်ပါတီဥက္ကဌ ဦးဇော်မျိုးသိန်းနှင့် မြို့နယ်ပါတီ ကော်မတီ ဝင်များ၊ရပ်ကျေးပါတီ​​ကော်မတီနှင့် ပါတီဝင်များ ပါတီ သို့ အသစ်ဝင်ရောက်မည့် ရပ်ရွာနေပြည်သူများစုစု ပေါင်း(၆၅)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

Read more