စက်ရုပ်တစ်ရုပ်က လူသားတွေကို ပြုံးပြပြီး ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ကာ အပြန်အလှန်စကားပြော

ကမ္ဘာ့ဈေးအကြီးဆုံးစက်ရုပ်တစ်ရုပ်လည်းဖြစ်တဲ့၊ အသက်အရှိဆုံးစက်ရုပ်တွေထဲက တစ်ခုလည်းဖြစ်တဲ့ စက်ရုပ်တစ်ရုပ်က လူသားတွေကို ပြုံးပြပြီး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ခဲ့တာက ကြက်သီးထစရာ အခိုက်အတန့်ပါပဲ။ အဲဒီစက်ရုပ်က အေမီကာ အမည်ရပြီး ဒူဘိုင်းမြို့က Museum of the Future ပြတိုက်မှာ လူသားတွေနဲ့အပြန်အလှန်ပြောဆိုဆက်ဆံခဲ့တာပါ။

Read more

ဂျပန်ကုမ္ပဏီက အလိုအလျောက်ရေချိုးပေးမယ့် ရေချိုးစက် တီထွင်နေ

ရေချိုးခန်းနဲ့ မီးဖိုချောင်ဆိုင်ရာ တီထွင်ဖန်တီးမှုတွေ လုပ်ခဲ့တဲ့ ဂျပန်နည်းပညာကုမ္ပဏီ Science Co. Ltd က လူသားတွေကို အလိုအလျောက် ရေချိုးပေးမယ့် ရေချိုးစက် တီထွင်နေပါတယ်။ Project Usoyaro လို့ အမည်ပေးထားတဲ့ စီမံကိန်းအရ ၂၀၂၄ ခုနှစ်မှာ လက်တွေ့အသုံးပြုနိုင်တဲ့ ရေချိုးစက် ဖန်တီးပြီး ၂၀၂၅ ခုနှစ် အိုဆာကာကုန်စည်ပြပွဲမှာ ခင်းကျင်းပြသသွားဖို့ မျှော်မှန်းထားပါတယ်။

Read more

မျက်ခွံအကြောလိုက်တာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်း

သတိမထားမိလိုက်တဲ့အချိန်အတွင်းလေးမှာပဲ မျက်ခွံလှုပ်တာကို ကြုံဖူးကြတယ်မလား။ တချို့ဆိုရင် ဆက်ခနဲ မျက်ခွံလှုပ်သွားရင် ဘယ်ဖက်မျက်ခွံအပေါ်လှုပ်ရင် ဘာဖြစ်တယ်၊ ညာဖက်မျက်ခွံအောက်လှုပ်ရင် ဘာဖြစ်တယ်ဆိုပြီး အတိတ်နိမတ်တွေကောက်တတ်ကြပါသေးတယ်။ မျက်ခွံလှုပ်ရင် ကောင်းတာက ဘယ်ပေါ်ညာအောက်ဆိုပြီးတောင် မှတ်ထားကြပါတယ်။ တကယ်တော့ သင့်မျက်ခွံတွေ ထိန်းချုပ်မရဘဲ ရုတ်တရက်အလိုက်အလျောက်လှုပ်နေတာကို မျက်ခွံအကြောလိုက်တယ် (Eye Twitching) လို့ ခေါ်တာပါ။ ဒီလိုဖြစ်တာကို လူတိုင်းကြုံတွေ့ကြရဖူးပါတယ်။

Read more

ပြည်ခိုင်ဖြိုးပါတီ မဂ်လာဒုံခရိုင် ခရိုင်တာဝန်ပေးအပ်ခြင်းနှင့် ပါတီ ၏ ရှေးလုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေး

ရန်ကုန်၊အောက်တိုဘာ (၂၅)

ရန်ကုန်တိုင်းဒေသကြီး မဂ်လာဒုံခရိုင်၊  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်တာဝန်ပေးအပ်ခြင်းနှင့် ပါတီ၏ ရှေးလုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးတွင် တိုင်းပါတီကော်မတီဝင်၊ ခရိုင်နယ်​မြေတာဝန်ခံ ဦးတင်မောင်ဝင်းမှ ခရိုင်ပါတီဥက္ကဌ ဦးမျိုးမင်းနိုင်၊ ခရိုင်ပါတီအတွင်းရေးမှုး ဒေါ်ချမ်းမြအေး၊ ခရိုင် ပါတီကော်မတီဝင်များနှင့် မဂ်လာဒုံခရိုင်တွင် ပါဝင်သော ရွှေပြည်သာမြို့နယ် ယာယီပါတီဥက္ကဌ  ဒေါ်မာမာမင်းနှင့် တွေ့ဆုံ၍အစည်းအဝေးကို ယနေ့ နေ့လည် (၁၄:၀၀ )အချိန်မှစတင်ကာ ခရိုင် ပါတီ ရုံးခန်းမတွင် ကျင်းပခဲ့ပါသည်။

Read more

လှည်းကူးခရိုင်ပြည်ခိုင်ဖြိုးပါတီမှ ၂၀၂၃ပါတီအောင်နိုင်ရေးအတွက် ရပ်ကျေးပါတီဥက္ကဌများ.နှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခြင်း

လှည်းကူးခရိုင်၊ အောက်တိုဘာ၂၅

ဗဟိုပါတီဥက္ကဌ ဦးခင်ရီနှင့် ရန်ကုန်တိုင်း ပါတီဥက္ကဌ ဉီးခင်မောင်စိုး၏ လမ်းညွှန်ချက်ဖြင့် ခရိုင်ပါတီဥက္ကဌ ဉီးအောင်မျိုးနိုင်မှ ဦးဆောင်ကာ နံနက်၁၀.၀၀နာရီအချိန်တွင် နိုင်ငံတော်အလံအလေးပြုခြင်း.နိုင်ငံတော်သီချင်း သံပြိုင်သီဆိုခြင်းများဖြင့် အခမ်းအနားအား စတင်ဖွင့်လှစ်ကျင်းပခဲ့ပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မှ မန္တလေးတိုင်းဒေသကြီးအတွင်း အကူအညီ လိုအပ်နေသော ပါတီဝင် မိသားစုများအား တွေ့ဆုံ

မန္တ​လေး အောက်တိုဘာ ၂၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် မန္တလေးတိုင်းဒေသကြီးအတွင်း အကူအညီလိုအပ်နေသော ပါတီဝင်မိသားစု အိမ်ထောင်စု (၂၀)စုအား ၂၄-၁၀-၂၀၂၂ ရက်နေ့ နေ့လည် ၁၃:၀၀ အချိန်မှ ၁၄:၃၀ အချိန်ထိ တိုင်းဒေသကြီးပါတီရုံးရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် မန္တလေးအခြေစိုက် နိုင်ငံရေးပါတီ၊ တိုင်းရင်းသား ပါတီအချို့ တွေ့ဆုံ

မန္တလေး၊ အောက်တိုဘာ ၂၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ပါတီဗဟိုအတိုင်ပင်ခံ ဦးဝင်းမောင်၊ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့သည် မန္တလေးတိုင်းအခြေစိုက် နိုင်ငံရေးပါတီ၊ တိုင်းရင်းသားပါတီအချို့နှင့် တွေ့ဆုံပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၁၆:၀၀ နာရီအချိန်တွင် တိုင်းဒေသကြီးပါတီရုံး ဧည့်ခန်းမတွင် တွေ့ဆုံခဲ့ပါသည်။

Read more

တောင်ကိုရီးယားသို့ မြန်မာလုပ်သား ၁၄၈ ဦး ထပ်မံရောက်ရှိ

တောင်ကိုရီးယားနိုင်ငံတွင် ကုန်ထုတ်လုပ်သား၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်မည့် မြန်မာလုပ်သား ၁၄၈ ဦးသည် အောက်တိုဘာ ၂၅ ရက်က တောင်ကိုရီးယားနိုင်ငံသို့ ထပ်မံရောက်ရှိခဲ့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားသည်။

ကုန်ထုတ်လုပ်သား ၁၂၉ ဦး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား ၁၉ ဦး၊ စုစုပေါင်း ၁၄၈ ဦးသည် ရန်ကုန်မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကိုမှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

Read more

မြန်မာ့ကျောက်မျက်ရတနာပြပွဲ နောက်ဆုံးနေ့တွင် ကျောက်စိမ်းအတွဲ ၅၁၉ တွဲရောင်းချခဲ့ရ

နေပြည်တော်၌ ကျင်းပလျက်ရှိသည့် ၂၀၂၂ ခုနှစ်၊နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ နောက်ဆုံးနေ့တွင် ကျောက်စိမ်းအတွဲ ၅၁၉ တွဲရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများနှင့်ခန်းမအပြင်ဘက် သတ်မှတ်နေရာများ အလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအရိုင်းတွဲများကို ပြည်တွင်း၊ပြည်ပရတနာကုန်သည်များက လေ့လာကြည့်ရှုကြသည်။

ထို့ပြင် ရောင်းချမည့် ကျောက်စိမ်းအတွဲအမှတ် ၁၅၀၁ မှအတွဲအမှတ် ၂၁၅၀ အထိ ကျောက်မျက်အတွဲများကို ပြည်တွင်း၊ပြည်ပရတနာကုန်သည်များက ဈေးနှုန်းတင်သွင်းလွှာများအား တင်ဒါပုံးများအတွင်းထည့်သွင်းပြီး တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ကျောက်စိမ်းအတွဲ ၅၁၉ တွဲအား ရောင်းချပေးခဲ့ကြသည်။

Read more

အွန်လိုင်းမှအခွန်ဆောင်နိုင်ရန် အခွန်ရုံး ၇၅ ရုံး တိုးချဲ့

တစ်ယောက်ချင်း ပုဂ္ဂိုလ်အခွန်ထမ်းတွေအနေနဲ့ မိုဘိုင်းငွေပေးချေမှုနည်းလမ်းကို အသုံးပြုပြီး အွန်လိုင်းကနေ အခွန်ပေးဆောင်နိုင်ဖို့ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ၇၅ ရုံးကို ထပ်မံတိုးချဲ့ထားတယ်လို့ ပြည်တွင်း အခွန်များ ဦးစီးဌာနက အသိပေးကြေညာပါတယ်။

Read more