အိန္ဒိယတွင် ကြိုးတံတားပြိုကျမှု လူ(၇၈)ဦးသေဆုံး

အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်မှာ လူကူးကြိုးတံတား ပြိုကျခဲ့တာကြောင့် အနည်းဆုံး လူ ၇၈ ယောက် သေဆုံးခဲ့ပါတယ်။ တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ည ၆ နာရီ မိနစ် ၄၀ လောက်မှာ တံတားပြိုကျမှု ဖြစ်ခဲ့တာပါ။ မတော်တဆမှု ဖြစ်တဲ့အချိန် တံတားပေါ်မှာ သွားလာနေသူ အယောက် ၄၀၀ လောက်ရှိတယ်လို့ သတင်းတွေမှာ ခန့်မှန်းဖော်ပြထားပါတယ်။

Read more

အမေရိကနှင့်တောင်ကိုရီးယားတို့ အကြီး မားဆုံးလေကြောင်းစစ်ရေးလေ့ကျင့်မှုစတင်

အမေရိကနှင့်တောင်ကိုရီးယားတို့သည် ၎င်းတို့၏ အကြီးမားဆုံးလေကြောင်းစစ်ရေးလေ့ကျင့်မှုတစ်ခုအား အောက်တိုဘာ ၃၁ ရက်ကစတင်ခဲ့ပြီး နှစ်ဘက်စလုံးမှရာနှင့်ချီသော စစ်လေယာဉ်များပါဝင်ခဲ့သည်။

Vigilant Storm ဟုအမည်ပေးထားသော အဆိုပါစစ်ဆင်ရေးကို သောကြာနေ့အထိလုပ်ဆောင်မည်ဖြစ်ပြီး စစ်လေယာဉ် အစင်းပေါင်း၂၄၀ ခန့်ပါဝင်မည်ဖြစ်ကြောင်း အမေရိကန်လေတပ်က ပြီးခဲ့သည့်သီတင်းပတ်က ထုတ်ပြန်ကြေငြာခဲ့သည်။

ပြုံယမ်းကမူ ယင်းသို့ပြုမူခြင်းသည် ဝါရှင်တန်နှင့်ဆိုးလ်တို့၏ ရန်လိုသောမူဝါဒများနှင့် ကျူးကျော်ရန်စလိုသော လုပ်ရပ်အဖြစ်ရှုံ့ချခဲ့သည်။

Read more

ဘရာဇီးတကျော့ပြန် သမ္မတရွေးကောက်ပွဲ သမ္မတဟောင်း Lula de Silva အနိုင်ရ

TOPSHOT – Brazilian former President (2003-2010) and candidate for the leftist Workers Party (PT) Luiz Inacio Lula da Silva holds a Brazilian flag while leaving a polling station during the presidential run-off election, in Sao Paulo, Brazil, on October 30, 2022. – After a bitterly divisive campaign and inconclusive first-round vote, Brazil elects its next president in a cliffhanger runoff between far-right incumbent Jair Bolsonaro and veteran leftist Luiz Inacio Lula da Silva. (Photo by CARL DE SOUZA / AFP

တနင်္ဂနွေနေ့ကကျင်းပခဲ့တဲ့ ဘရားဇီးနိုင်ငံရဲ့ တကျော့ပြန်သမ္မတရှေးကောက်ပွဲမှာ သမ္မတဟောင်း Luiz Inacio Lula de Silva က လက်ရှိသမ္မတ Jair Bolsonaro ကို အနိုင်ရရှိသွားပါတယ်။

Read more

ဒီဂီယာ မန်ယူမှာ ဆက်နေမယ်လို့ တန်ဟက် မျှော်လင့်

ဝက်ဟမ်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ ဂိုးသမား ဒီဂီယာက အသင်းအတွက် လက်စွမ်းပြ ကာကွယ်ခဲ့တာတွေကို မြင်တွေ့ခဲ့ပြီးနောက်မှာ ကြီးကျယ်တဲ့ စပိန်ဂိုးသမား မန်ယူအသင်းမှာ ဒီရာသီအလွန်အထိ ဆက်ရှိနေမယ်လို့ မျှော်လင့်ကြောင်း နည်းပြ အဲရစ်တန်ဟက် က ပြောပါတယ်။

ဒီဂီယာ လက်စွမ်းပြမှုနဲ့အတူ မန်ယူက ပြိုင်ပွဲစုံ ရှစ်ပွဲအထိ ဆက်တိုက် အနိုင်ရရှိထားကာ ပရီးမီးယားလိဂ်မှာလည်း နံပါတ် ၅ နေရာကို ရယူထားပါတယ်။

Read more

အသံအကျယ်ဆုံးအားပေးသည့် ပရိသတ်များစာရင်းတွင် ပရီးမီးယားလိဂ်မှ လိဒ်စ်နှင့် နယူးကာဆယ်တို့သာပါဝင်ပြီး ဒေါ့မွန်ပရိသတ်များဦးဆောင်

ဘောလုံးကွင်းများအတွင်း အားပေးသံ အဆူညံဆုံးအသင်း ၁၀ သင်း စာရင်းတွင် ပရီးမီးယားလိဂ်မှ လိဒ်စ်ယူနိုက်တက်နှင့် နယူးကာဆယ်တို့ နှစ်သင်းသာ ပါဝင်ခဲ့ပြီး ဘွန်ဒစ်လီဂါကလပ် ဒေ့ါမွန်အသင်းက ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့ကြောင်း စစ်တမ်း တစ်ခုအရ သိရသည်။

Read more

TikTok မှာ ပို့စ် ၁ ခု တင်ရင် သိန်း ၁ သောင်းခွဲလောက် ရနေတဲ့ လူငယ်

Khabane Khaby Lame ဟာ ကမ္ဘာမှာ TikTok Follower အများဆုံး ရထားသူ ဖြစ်ပြီး TikTok Follower ၁၄၉.၅ သန်း ရှိပါတယ်။ အသက် ၂၂ နှစ်အရွယ်ပဲ ရှိသေးပေမယ့် TikTok မှာ သူ့ရဲ့ အောင်မြင်မှုက အံ့မခန်း ဖြစ်ပါတယ်။

Read more

နှုတ်ခမ်းနှင့် အာခေါင်ကွဲလူနာများအား အခမဲ့ခွဲစိတ်ကုသပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိ မြို့နယ်၊ သွားနှင့် ခံတွင်းရောဂါအထူးကုဆေးရုံ၊ ခွဲစိတ်ကုသဆောင် မှာအောက်တိုဘာ ၂၆ ရက်ကနေ ၂၇ ရက်အထိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ ၄ ယောက်ကို ပထမဆုံးအကြိမ် အဖြစ် အောင်မြင်စွာအခမဲ့ခွဲစိတ်ကုသပေးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနကသိရပါတယ်။

Read more

တွံ့တေး ခရိုင်ပါတီရုံးဖွင့်လှစ်ခြင်းနှင့် ပါတီဆိုင်းဘုတ်တင် အခမ်းအနားပြုလုပ်

တွံ့တေး အောက်တိုဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တေးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးဖွင့်လှစ်ခြင်းနှင့် ပါတီဆိုင်းဘုတ် တင်ခြင်း အခမ်းအနားအား ၃၀.၁၀.၂၀၂၂ရက် နံနက် ၉း၄၅ အချိန်တွင် ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားအား တွံတေး ခရိုင်ဥက္ကဌ ဦးကျော်ဇင်ဟိန်း၊ တွံ့တေးခရိုင် အတွင်းရေးမှူး ဦးတင့်လင်း၊ ခရိုင်ဘဏ္ဌရေးမှူး ဦးတင်ဝင်းထွန်း၊ ခရိုင်ပါတီကော်မတီဝင်များနှင့် မြို့နယ်ပါတီကော်မတီဝင်များ စုစုပေါင်း တက်ရောက်လာသူ (၃၀) ဦး တို့ဖြင့် ဖွင့်ပွဲအခမ်းအနားအား ဆောင်ရွက်ခဲ့ပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှော်ဘီခရိုင် ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနား ကျင်းပ

အောက်တိုဘာ  ၃၀၊ ရန်ကုန်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မှော်ဘီခရိုင် ဆိုင်းဘုတ်စိုက်ထူပွဲအခမ်းအနားအား ယနေ့နံနက် ကျင်းပရာ ဗဟိုကော်မတီဝင်/မှော်ဘီခရိုင်နယ်မြေတာဝန်ခံ ဒေါက်တာနေလင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခရိုင်ဥက္ကဌ ဦးအေးလွင်၊ အတွင်းရေးမှူးဦးသန်းလွင်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဝင်များ၊  ဖိတ်ကြားထားသော ဧည့်သည်များ တက်​ရောက်ကြပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်ဆိုင်းဘုတ်အား မင်္ဂလာအချိန်ဖြစ်သည့် နံနက် ၉နာရီတိတိတွင် အမွှေးနံ့သာများပက်ဖြန်းကာ စိုက်ထူခဲ့ကြပါသည်။

Read more