Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၈၁) ဦး တွေ့ရှိ

(၃၁-၁၀-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၉,၇၅၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၈၁) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၈၃) ရာခိုင်နှုန်း ရှိပါသည်။

Read more

ရုရှားက နျူလက်နက် သုံးလာပါက ပြင်းထန်သော နောက်ဆက်တွဲ ဆိုးကျိုးများနှင့် ရင်ဆိုင်ရမည်ဟု ဗြိတိန် သတိပေး

ဗြိတိန်က ရုရှားသမ္မတ ပူတင်အား မော်စကိုသည် ယူကရိန်း စစ်ပွဲအတွင်း နျူလက်နက်များ အသုံးပြုပါက ပြင်းထန်သော နောက်ဆက်တွဲ ဆိုးကျိုးများနှင့် ရင်ဆိုင်ရမည်ဟု အောက်တိုဘာလ ၃၁ ရက် တနင်္လာနေ့တွင် သတိပေးခဲ့သည်။ နိုင်ငံခြားရေး ဝန်ကြီး ဂျိမ်းစ်ကလဲဗာလီက ရုရှားအား စပါးတင်ပို့မှုများပေါ် ဟန့်တားခြင်း မပြုရန် တိုက်တွန်းခဲ့ပြီး ကရင်မလင် ၏ ပြင်းထန်သော ထုတ်ပြန်ချက်များသည် ၎င်း၏ ယိမ်းယိုင်လာသော စစ်ရေးအားထုတ်မှုများကို အာရုံမစိုက်မိအောင် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်သည်ဟုလည်း ပြောခဲ့သည်။

Read more

တရုတ်တွင် ကိုဗစ်လော့ဒေါင်းချခံထားရသော iPhone စက်ရုံက ဝန်ထမ်းများ အလုပ်ဆင်းရန် အပိုဆုကြေး လေးဆပေးမည်ဟု ကမ်းလှမ်း

တရုတ်နိုင်ငံအလယ်ပိုင်းရှိ ကမ္ဘာ့အကြီးဆုံး iPhone စက်ရုံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ရောဂါဖြစ်ပွားသဖြင့် အလုပ်သမားအများအပြား ထွက်ပြေးမှုဖြစ်ပွားခဲ့ပြီးနောက် စက်ရုံ၌ ဆက်လက်နေထိုင်မည့် အလုပ်သမားများကို အပိုဆုကြေးလေးဆပေးမည်ဟု နိုဝင်ဘာ ၁ ရက်တွင် ယင်းစက်ရုံက ထုတ်ပြန်ခဲ့သည်။

တရုတ်သည် ကိုဗစ်ကင်းစင်မူဝါဒကို စွဲစွဲမြဲမြဲကျင့်သုံးနေသည့် အင်အားကြီးနိုင်ငံဖြစ်ရာ ဖြစ်ပွားနေသော ကူးစက်ရောဂါကို ထိန်းချုပ်ရေးအတွက် လျှပ်တစ်ပြက်လော့ဒေါင်းများချခြင်း၊ လူအများအပြားဆေးစစ်ခြင်းနှင့် အချိန်ကြာကြာ ကွာရန်တင်းဝင်စေခြင်းတို့ကို တောက်လျှောက်လုပ်ဆောင်ခဲ့သည်။

Read more

အေစီမီလန် နည်းပြ ပီအိုလီ ၂၀၂၅ အထိသက်တမ်းတိုး

နည်းပြ စတီဖာနို ပီအိုလီ ကို ၂၀၂၅ အထိ စာချုပ်သက်တမ်းတိုးလိုက်ကြောင်း စီးရီးအေ ချန်ပီယံ အေစီမီလန် က ပြောကြားပါတယ်။

ပီအိုလီ ရဲ့ အရင်စာချုပ် က ဒီနှစ်ကုန်မှာ သက်တမ်းကုန်မှာ ဖြစ်လို့ သက်တမ်းတိုးလိုက်တာဖြစ်ပြီး သူက ၂၀၁၉ ခုနှစ်တုန်းက အေစီ ကို ရောက်လာခဲ့ကာ ၁၁ နှစ် အတွင်း စီးရီးအေ ချန်ပီယံ ပြန်ဖြစ်အောင် မနှစ်က စွမ်းဆောင်ပေးခဲ့ပါတယ်။

Read more

အင်္ဂလန်အသင်းအတွက် ပဏာမ ၅၅ ဦးစာရင်းတွင် တိုက်စစ်မှူးဝဲလ်ဘက်ခ်လည်း ပါဝင်

ကမ္ဘာ့ဖလားယှဉ်ပြိုင်ရမယ့် အင်္ဂလန်အသင်းအတွက်  ပဏာမ ကစားသမား ၅၅ ယောက်စာရင်းမှာ ဘရိုက်တန် တိုက်စစ်မှူး ဒမ်နီဝဲလ်ဘက်ခ်လည်း ပါဝင်လာပါတယ်။ နည်းပြ ဆောက်ဂိတ်ဟာ ၂၀၁၈ နောက်ပိုင်း ရွေးချယ်ခြင်းမခံရတော့တဲ့ တိုက်စစ်မှူးဝဲလ်ဘက်ခ်ကို ပဏာမ ၅၅ ဦး လူစာရင်းမှာ ထည့်သွင်းခဲ့တာပါ။ ဝဲလ်ဘက်နဲ့အတူ ဘရိုက်တန်ခံစစ်မှူး လူးဝစ်ဒမ့်၊ လက်စတာ ကမက်ဒီဆန်၊ ခရစ္စတယ်ပဲလေ့က အီဇီ၊ နယူးကာဆယ်တိုက်စစ်မှူး ဝီလ်ဆင် တို့လည်းပါဝင်တယ်လို့ သိရပါတယ်။

Read more

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲက နောက်ဆုံးဟု ဒီဘရိုင်းဆို

၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့ရဲ့နောက်ဆုံးပြိုင်ပွဲဖြစ်တယ်လို့ မန်စီးတီးနဲ့ ဘယ်ဂျီယံကွင်း လယ်လူ ဒီဘရိုင်းက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီဘရိုင်းဟာ ဘယ်ဂျီယံအသင်းကို ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်၊ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယနေရာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး အခု ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ သူ့ရဲ့ တတိယအကြိမ်မြောက် ကမ္ဘာ့ဖလား ပြိုင်ပွဲဖြစ်ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို မိသားစုက အုပ်စု အဆင့်ကတည်းက လိုက်ပါအားပေးမှာဖြစ်လို့ သူ့အတွက် အမှတ်တရအရှိဆုံးပြိုင်ပွဲဖြစ်လာမှာလို့လည်း ဆိုပါတယ်။ ဒီဘရိုင်းက သူ့အနေနဲ့ တတိယအကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် စိတ်လှုပ်ရှားမိ ကြောင်းနဲ့ နောက် ၄ နှစ်မှာ ဘာဆက်ဖြစ်မယ်ဆိုတာကို ဘယ်သူမှ အတိအကျမပြောနိုင်လို့ သူ့အတွက်လည်း မသေချာဘူးလို့ ထုတ်ဖော်ပြောသွားခဲ့တာဖြစ်ပါတယ်။

Read more

စွမ်းဆောင်ရည်မြင့် 200MP ကင်မရာနဲ့ပွဲထွက်လာမယ့် GalaxyS23 Ultra

ဆမ်ဆောင်းကနေ နောက်ထွက်လာမယ့် GalaxyS23 Ultra မှာ တစ်မူထူးခြားတဲ့ စွမ်းဆောင်ရည်မြင့် 200MP နဲ့ အထိုင်ချပွဲထွက်လာမယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

သူ့ထက်ဈေးသက်သာတဲ့ Xiaomi 12T Pro လို စမတ်ဖုန်းမျိုးမှာတော့ 200MP ကင်မရာတွေ သုံးလာနေတာကြောင့် ဆမ်ဆောင်းရဲ့ GalaxyS23 Ultra မှာပါဝင်လာမယ့် ကင်မရာက ဘာထူးခြားမလဲ မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။

Read more

တွစ်တာဘုတ်အဖွဲ့ကို ဖျက်သိမ်းလိုက်တဲ့ အီလွန်မက်စ်

တွစ်တာကုမ္ပဏီကို ဝယ်ယူခဲ့ပြီးနောက်မှာတော့ အီလွန်မက်စ်က တွစ်တာဘုတ်အဖွဲ့က ဖျက်သိမ်းလိုက်ပါပြီ။ အမှုဆောင်ချုပ်သစ် ဖြစ်လာမယ့် အီလွန်မက်စ်က တွစ်တာရဲ့ အကောင့်စစ်ဆေးမှု နည်းလမ်းတွေကို ပြောင်းလဲဖို့ ရှိနေပြီး ဝန်ထမ်းအရေအတွက်ကိုလည်း လျှော့ချသွားမှာပါ။ ပထမအဆင့်အနေနဲ့ ဝန်ထမ်း ၂၅ ရာခိုင်နှုန်းအထိ လျှော့ချဖွယ်ရှိတယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာက ဖော်ပြပါတယ်။

Read more

သင်္ဘောရွက်ဖျော်ရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

အပူပိုင်းဒေသမှာ ပေါက်တဲ့ သင်္ဘောသီးကလည်း လူကြိုက်များတဲ့အသီးတွေထဲက တစ်ခုပါပဲ။ အာဟာရဓာတ်တွေ ပြည့်ဝတာကြောင့် ကျန်းမာရေးအတွက် ကောင်းပါတယ်။ သင်္ဘောပင်က အသီးရော၊ အရွက်ရောကပါ ကျန်းမာရေးအကျိုးကျေးဇူးတွေရှိတာပါ။

သင်္ဘောသီးအပြင် သင်္ဘောရွက်ကိုလည်း အများဆုံးစားဖြစ်ကြပါတယ်။ သင်္ဘောရွက်ကို ဖျော်ရည်အနေနဲ့ လုပ်သောက်မယ်ဆိုရင်လည်း ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိနိုင်ပါတယ်။ သင်္ဘောရွက်မှာပါဝင်တဲ့ အင်ဇိုင်းဓာတ်တွေက အစာခြေပြဿနာတွေ မဖြစ်ဖို့အတွက် အစာခြေစနစ်အားကောင်းအောင် ထောက်ပံ့ ပေးနိုင်ပါတယ်။ သင်္ဘောရွက်နဲ့ပြုလုပ်ထားတဲ့လက်ဖက်ရည်၊ ဖျော်ရည်၊ ဆေးတွေကလည်း ဖျားနာခြင်းကို ကုသဖို့အတွက်၊ ကျန်းမာရေးအားကောင်းဖို့အတွက် မကြာခဏအသုံးပြုလေ့ရှိကြပါတယ်။ သင်္ဘောရွက်ကို ဖျော်ရည်လုပ်သောက်မယ်ဆိုရင် ရရှိလာမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ သင်္ဘောရွက်ဖျော်ရည်လုပ်နည်းကို မျှဝေပေးလိုက်ရပါတယ်။

Read more

ဗိုလ်တထောင် ခရိုင် ပြည်ခိုင်ဖြိုးပါတီ ရှေ့လုပ်ငန်းစဉ်များညှိနှိုင်းအစည်းအဝေးပြုလုပ်

တောင်ညွန့်။ ။အောက်တိုဘာ ၃၁

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့(၃၁.၁၀.၂၀၂၂) နေ့လည် (၁၁:၃၀)က မင်္ဂလာတောင်ညွန့်မြို့နယ် ပါတီရုံးခန်းမတွင် ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ အရန်ဗဟိုကော်မတီဝင် ဗိုလ်တထောင်ခရိုင် ပါတီဥက္ကဋ္ဌ ဦးညဏ်ဝင်းထိုက်၊ အတွင်းရေးမှုး ဒေါ်လဲ့လဲ့အေး၊ ခရိုင်ကော်မတီဝင်များ၊ ဗိုလ်တထောင်ခရိုင်အတွင်းရှိ (၅)မြို့နယ်မှ ပါတီဥက္ကဋ္ဌ ၊အတွင်းရေးမှုး၊ ဘဏ္ဍာရေးမှုးများ တက်ရောက်ခဲ့ကြပါသည်။

Read more