ဆေးတက္ကသိုလ်တက်ခွင့်ရသူများ အချိန်မီကျောင်းအပ်ရန်ကြေညာ

 (၂၀၂၂)ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်တွေနဲ့ ဆေးပညာနှီးနွှယ်တက္ကသိုလ်တွေကို တက်ရောက် ခွင့်ရရှိသူတွေအနေနဲ့ အချိန်မီ ကျောင်းအပ်နှံဖို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးကြေညာချက် ထုတ်ပြန်ပါတယ်။ အဲဒီသင်တန်းတွေကို နိုဝင်ဘာ(၂၁)ရက်နေ့မှာ စတင်ဖွင့်လှစ်တော့မှာဖြစ်တာကြောင့် သက်ဆိုင်ရာတက္ကသိုလ် အသီးသီးမှာ နိုဝင် ဘာ(၈)ရက်နေ့ကစပြီး ကျောင်းအပ်နှံနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၄၄) ဦး တွေ့ရှိ

COVID-19 ဓာတ်ခွဲနမူနာ ၆၉၅၁  ခုအားစစ်ဆေးရာ အတည်ပြုလူနာသစ် ၄၄ ဦး တွေ့ရှိ ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ နိုဝင်ဘာ ၇ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဓာတ်ခွဲစစ်ဆေးမှုများမှာ နိုဝင်ဘာ ၆ ရက်  ည ၈ ညနာရီမှ နိုဝင်ဘာ ၇ ရက် ည ၈ နာရီအထိ စစ်ဆေးခဲ့သည့် စစ်ဆေးမှုများဖြစ်ကြောင်း သိရသည်။

Read more

အမေရိကန်ရဲ့နျူကလီးယားလက်နက် အများဆုံးသိမ်းဆည်းရာစခန်းမှာ လင်းပိုင်တွေက လုံခြုံရေးယူထား

ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက် အများဆုံး သိမ်းဆည်းထားရာနေရာတစ်ခုဖြစ်တဲ့ ကစ်ဆက်ရေတပ် အခြေစိုက်စခန်းကို လင်းပိုင်တွေက လုံခြုံရေးတာဝန်ယူပေးထားတာပါ။ ဆီယက်တယ်မြို့ကနေ မိုင် ၂၀ အကွာမှာရှိတဲ့ ကစ်ဆက်ရေတပ်အခြေစိုက်စခန်းမှာ အမေရိကန်စစ်တပ်ရဲ့ နျူကလီးယားလက်နက် ၄ ပုံ၊ ၁ ပုံနီးပါး သိမ်းဆည်းထားပါတယ်။

Read more

တစ်ရက်တည်း သစ်ပင် ၂၃၀၀၀ ကျော် စိုက်ပြီး ဂင်းနက်စ်စံချိန်တင်

၂၃ နှစ်အရွယ် ကနေဒါနိုင်ငံသား အန်တိုနီမော့ဆက်ဟာ ၂၄ နာရီအတွင်း သစ်ပင် ၂၃၀၆၀ စိုက်ပျိုးပြီး ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့ပါတယ်။ ကူဘတ်ပြည်နယ်သား မော့ဆက်ဟာ ၃.၅ စက္ကန့်မှာ သစ်ပင်တစ်ပင်နှုန်း၊ တစ်မိနစ်ကို သစ်ပင် ၁၆ ပင်နှုန်း စိုက်ပျိုးခဲ့တာပါ။ မာရသွန်ပြိုင်ပွဲ အများအပြား ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အပျော်တမ်း အပြေးသမား မော့ဆက်က သစ်ပင်စိုက်တာကို အားကစားနည်းတစ်ရပ်လို သဘောထားတယ်လို့ ဆိုပါတယ်။

Read more

ချန်ပီယံလိဂ်ရှုံးထွက်တွင် ရီးရဲလ်နှင့် လီဗာပူး၊ ယူရိုပါလိဂ် ပလေးအော့ဖ်တွင် ဘာစီလိုနာနှင့် မန်ယူ ထိပ်တိုက်တွေ့

ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်တွေအတွက် ဆွစ်ဇာလန်နိုင်ငံမှာ မနေ့က မဲခွဲရာ လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်က လီဗာပူးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ဒီနှစ်သင်းဟာ မနှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဆုံတွေ့ထာပြီး ရီးရဲလ်မက်ဒရစ်က ၁ ဂိုး ဂိုးမရှိနဲ့ လီဗာပူးကို အနိုင်ယူထားပါတယ်။

ရီးရဲလ်နဲ့ လီဗာပူးတို့ဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ၆ ရာသီအတွင်း ၄ ကြိမ်ဆုံခဲ့ပြီး ဗိုလ်လုပွဲက ၂ ကြိမ် ပါဝင်ပါတယ်။ အဲဒီဗိုလ်လုပွဲ ၂ ပွဲစလုံးမှာ ရီးရဲလ်က အနိုင်ယူထားပါတယ်။

Read more

လူ့အခွင့်အရေး က တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်ကြောင်း ဥရောပ ဘောလုံးအဖွဲ့ချုပ်တွေက ဖီဖာကို တုန့်ပြန်

ကာတာ ကမ္ဘာ့ဖလားမှာ ယှဉ်ပြိုင်မယ့် နိုင်ငံတွေအနေနဲ့ အခုအချိန်မှာ ဘောလုံးကိုပဲ အာရုံစိုက်သင့်တယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာ က ပြောကြားခဲ့ပြီးနောက်မှာ လူ့အခွင့်အရေး က တစ်ကမ္ဘာလုံးနဲ့သက်ဆိုင်ပြီး နေရာတိုင်းမှာ အကျုံးဝင်တယ်လို့ ဥရောပဘောလုံး အဖွဲ့ချုပ် ဆယ်ခု က တုန့်ပြန်ခဲ့ပါတယ်။

ကမ္ဘာ့ဖလား အိမ်ရှင် ကာတာရဲ့ ရွှေ့ပြောင်းအလုပ်သမားများအပေါ်ဆက်ဆံပုံ၊ လူ့အခွင့်အရေးမှတ်တမ်းနဲ့ လိင်တူစုံမက်သူများအပေါ်ရပ်တည်မှုနဲ့ပတ်သက်လို့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

Read more

အောင်သူ၊ မောင်မောင်လွင် အပါအဝင် ထိုင်းလိဂ်များတွင် ကစားနေသည့် ကစားသမားများကို ခေါ်ယူသွားမည်ဟု မြန်မာအသင်းနည်းပြချုပ် ဆို

၂၀၂၂ AFF Cup ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်ဖြစ်သူ ဂျာမနီနိုင်ငံသား အန်တွမ်နီဟေးက အောင်သူ၊ မောင်မောင်လွင် အပါအဝင် ထိုင်းလိဂ်များတွင် သွားရောက်ကစားနေသည့် မြန်မာကစားသမားများကို ပြန်လည်ခေါ်ယူသွားမည်ဟု ထုတ်ဖော်ပြောကြားခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။ ယခုနှစ်ရာသီတွင် ထိုင်လိဂ်များတွင် သွားရောက်ကစားနေသည့် မြန်မာကစားသမား(၁၅) ဦး အထိရှိနေပြီး ထိုင်းလိဂ်-၁ ပြိုင်ပွဲတွင် (၅) ဦး၊ ထိုင်းလိဂ်-၂ ပြိုင်ပွဲတွင်(၇) ဦး၊ ထိုင်းလိဂ်-၃ ပြိုင်ပွဲတွင် (၃) ဦး ရှိနေကြောင်း သိရသည်။

Read more

Xiaomi ရဲ့ 210W Fast Charging က ၈ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်

Xiaomi Fans တွေအတွက် သတင်းကောင်း ၁ ခု တက်လာပါတယ်။ အဲဒါကတော့ Xiaomi ဟာ ဖုန်း အားသွင်း အမြန်ဆုံး နည်းပညာကို ဖန်တီးလိုက်နိုင်တာပါ။ ကမ္ဘာမှာ အမြန်ဆုံး ဖုန်း အားသွင်းနှုန်း ဖြစ်လာပါတယ်။ အရင်က အမြန်ဆုံး အားသွင်းနှုန်းကို ဖန်တီးထားတာက iQOO ဖြစ်ပြီး 200W Fast Charging ဖြစ်ပါတယ်။ အခုတော့ Xiaomi က 210W Fast Charging ကို  ဖန်တီးလိုက်နိုင်ပါတယ်။

Read more

လျှပ်စစ်ကားတွေကို ရွေ့လျား အားသွင်းပေးနိုင်တဲ့ စက်ရုပ်

လျှပ်စစ်ကား အားသွင်းစက်တွေဟာ နေရာအနှံ့ မရှိသေးတာက လျှပ်စစ်ကား စီးသူတွေအတွက် စိတ်ပျက်စရာ ဖြစ်ပါတယ်။ အဲဒီ ပြဿနာကို ဖြေရှင်းဖို့အတွက် လော့စ်အင်ဂျလိစ် အခြေစိုက် EV Safe Charge က လျှပ်စစ်ကားတွေ ရှိတဲ့ နေရာကို သွားပြီး အားသွင်းပေးနိုင်တဲ့ Ziggy အမည်ရ အားသွင်း စက်ရုပ်ကို ဖန်တီးလိုက်ပါတယ်။

Read more

ဖေ့စ်ဘွတ် ကုမ္ပဏီ ၀န်ထမ်းတွေ လျှော့ချဖို့ပြင်

Facebook လူမှုကွန်ရက် ရဲ့ မီခင် ကုမ္ပဏီ Meta ဟာ ဒီသီတင်းပတ်ထဲမှာပဲ ဝန်ထမ်းအမြောက်အများကို အလုပ်ကနေ စတင်ပြီး ရပ်စဲဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန် သတင်းမီဒီယာတွေမှာ ဖော်ပြနေပါတယ်။

The Wall Street Journal ကနေ ပထမဦးဆုံး ဖော်ပြခဲ့တဲ့ အဲဒီအကြောင်း သတင်းထဲမှာ ထောင်နဲ့ချီရှိကြတဲ့ ဝန်ထမ်းတွေကို အလုပ်ရပ်စဲတော့မယ်လို့ ယူဆရပြီး ဒါဟာဆိုရင် ကုမ္ပဏီရဲ့ သက်တမ်း ၁၈ နှစ်အတွင်း ပထမဦးဆုံး အများဆုံး အလုပ်ရပ်စဲတာဖြစ်ပါတယ်။

Read more