၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီးလ်သင်း ဗိုလ်စွဲမည်ဟု စူပါကွန်ပျူတာ ခန့်မှန်းထား

လာမည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီးလ်အသင်း ဗိုလ်စွဲမည်ဟု စူပါကွန်ပျူတာက ခန့်မှန်းထားကြောင်း Sky Sports က ဖော်ပြခဲ့သည်။ အဆိုပါ ကွန်ပျူတာက ပြိုင်ပွဲဝင်အသင်းများ၏ ကမ္ဘာ့အဆင့်၊ သမိုင်းအစဉ်အလာ၊ လတ်တလောစွမ်းဆောင်ရည်၊ ပြိုင်ဘက်အသင်းများ၏ အနေအထား၊ ဗိုလ်စွဲနိုင်ခြေ အလေးပေးမှု စသည့် အချက်အလက်များစွာအပေါ် အခြေခံကာ တွက်ချက်ခြင်းဖြစ်သည်။ ဗိုလ်လုပွဲတွင် ဘရာဇီးလ်က ပြင်သစ်ကို အနိုင်ယူကာ ဗိုလ်စွဲမည်ဟု ခန့်မှန်းထားခြင်းဖြစ်ကြောင်း သိရသည်။ ဘရာဇီးလ်နည်းပြ ထိထီသည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အပြီးသတ်ကစားသမား(၂၆) ဦးစာရင်းကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

Read more

လီဗာပူးလ်အသင်းကို ဝယ်ယူရန်စိတ်ဝင်စားကြောင်း နာမည်ကျော် MMA အားကစားသမား မက်ဂရီဂေါ် ဖွင့်ဟ

ပရီးမီးယားလိဂ်ထိပ်သီးကလပ် လီဗာပူးလ်အသင်းကို ဝယ်ယူရန် စိတ်ဝင်စားနေကြောင်း အိုင်ယာလန်နာမည်ကြီး MMA အားကစားသမား ကော်နာမက်ဂရီဂေါ်က အတည်ပြုပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းပိုင်ရှင် Fenway Sports Group သည် ကလပ်အသင်းကို ရောင်းချတော့မည်ဟု နိုဝင်ဘာလ ၇ ရက်က သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် လာခဲ့သည်။

Read more

ကာတာကို ကမ္ဘာ့ဖလားကျင်းပခွင့်ပေးမှု မှားယွင်းဟု ဘလတ္တာဝန်ခံ

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ်  ကာတာနိုင်ငံကို ကျင်းပခွင့်ပေးခြင်းသည် မှားယွင်းမှုတစ်ခုဟု ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌဟောင်း ဆပ်ဘလတ္တာက ဝန်ခံခဲ့သည်။

အသက် ၈၆ နှစ်အရွယ်ရှိပြီဖြစ်သူ ဆပ်ဘလတ္တာသည် ကာတာနိုင်ငံကို ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ရွေးချယ်ခဲ့သည့် ၂၀၁၀ ပြည့်နှစ်တွင် FIFA ဥက္ကဋ္ဌရာထူးကို ရယူထားသူ ဖြစ်သည်။

Read more

ဒူဘိုင်းက လပုံသဏ္ဍာန် Mega-Resort ကို ဒေါ်လာ ၅ ဘီလီယမ်နဲ့ တည်ဆောက်နေ

ဒူဘိုင်းဟာ ငွေကြေး ချမ်းသာသလို ထူးခြားဆန်းပြားတဲ့ အရာတွေကို ပိုင်ဆိုင်ထားပါတယ်။ အခုလည်း ဒူဘိုင်းက လပုံသဏ္ဍာန် Mega-Resort ကို ဒေါ်လာ ၅ ဘီလီယမ်နဲ့ တည်ဆောက်နေပါတယ်။ ကနေဒါ ဗိသုကာ ကုမ္ပဏီ Moon World Resorts က တာဝန်ယူတည်ဆောက်မှာ ဖြစ်ပြီး တကယ့် လနဲ့ တူအောင် ဖန်တီးမှာပါ။

Read more

အီလွန်မာ့စ် က တက်စလာ ရှယ်ယာ အမေရိကန်ဒေါ်လာ ၄ ဘီလီယံ နီးပါးကို ရောင်းချ

လျှပ်စစ်ကားကုမ္ပဏီ Tesla ရဲ့ သူဌေး အီလွန်မာ့စ် က အမေရိကန်ဒေါ်လာ ၃ ဒသမ ၉၅ ဘီလီယံ တန်ဖိုးရှိ ရှယ်ယာ ၁၉ ဒသမ ၅ သန်းကို ရောင်းချလိုက်ကြောင်းကို အမေရိကန် ဘဏ္ဍာရေး လုပ်ငန်းကြီးကြပ်အဖွဲ့ရဲ့ စာရင်းတွေ အရ သိရပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်က တွစ်တာ ကို အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံ နဲ့ ဝယ်ယူလိုက်ပြီး သီတင်း နှစ်ပတ် မပြည့်သေးခင်မှာ ခုလို ရောင်းချမှု ဖြစ်ပေါ်လာတာပါ။

Read more

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (၂၇) ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပပြုလုပ်

ရန်ကုန် နိုဝင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကနှစ်စဉ်ကျင်းပမြဲဖြစ်သော (၂၇)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နိုဝင်ဘာ(၆)ရက်နံနက်(၉)နာရီခွဲက မြို့နယ်ပါတီရုံးခမ်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ရှေးဦးစွာကြွရောက်တော်မူလာကြသော ပင့်သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ကြပြီး အနန္တ ဂုဏ်ရည်ကျောင်းတိုက်တိုက်အုပ်ဆရာတော် ဘဒ္ဒန္တနန္ဒာသီရိထံမှ ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ခဲ့ ကြကာ ဆရာတော်သံဃာတော်အရှင်သူမြတ်တို့က ပရိတ်တရားတော်မျာရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်ခဲ့ကြသည်။

Read more

ပါတီဝင်သစ်(၄၆၀)ဦးအတွက် အဆိုပြုလွှာနှင့်ပါတီဝင်ကြေးစုပေါင်းပေးအပ်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌတက်ရောက်

နိုဝင်ဘာ ၇၊ ကန်ကြီးထောင့်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ရှိ ပါတီရုံးခန်းမတွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၀၉:၃၀ အချိန်မှ နေ့လည် ၁၁:၄၅ အချိန်ထိ ကျင်းပပြုလုပ်သော ပါတီဝင်သစ် (၄၆၀)ဦးအတွက် အဆိုပြုလွှာနှင့် ပါတီဝင်ကြေးစုပေါင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

Read more

မြန်မာနိုင်ငံသား၏ ကယ်တင်မှုကြောင့် ထိုင်းအမျိုးသမီးကြီးတစ်ဦး မီးလောင်ခံရမည့်ဘေးမှ လွတ်မြောက်ခဲ့

ထိုင်းနိုင်ငံ၊အန်ထောင်းခရိုင်၊ အန်ထောင်းမြို့နယ်၊ ထာ့အင်ကျေးရွာရှိ နေအိမ်တစ်လုံးတွင် အသက် (၇၇)နှစ်အရွယ် ခန့်ရှိ ထိုင်းလူမျိုး အမျိုးသမီးကြီးတစ်ဦးသည် နိုဝင်ဘာ ၇ ရက်နေ့လည်ပိုင်းက ၎င်းပိုင်နေအိမ်ခြံဝင်းအတွင်း၌ မြက်ခြောက်များအား မီးရှို့ခဲ့သည်။

ယင်းနေ့နေ့လည် ၃ နာရီကျော်ခန့်က မြက်ခြောက်များအား မီးရှို့နေစဉ် ယင်း အသက်(၇၇)နှစ်အ ရွယ်ခန့်ရှိ ထိုင်းလူမျိုး အမျိုးသမီးကြီးမှာ ချော်လဲသွားခဲ့ပြီး ပြန်မထနိုင်ဖြစ်နေစဉ် ၎င်း၏ခန္ဓာကိုယ်အား မီးစွဲလောင်ခဲ့သည်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၇၃) ဦး တွေ့ရှိ

နိုဝင်ဘာ ၇ ရက် ည ၈ နာရီမှ ၈ ရက် ည ၈ နာရီအထိ COVID-19 ဓာတ်ခွဲနမူနာ ၁၀၀၄၈ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၇၃ ဦး‌ တွေ့ရှိပြီး တစ်ဦးထပ်မံသေဆုံးကြောင်း နိုဝင်ဘာ ၈ ရက် ညပိုင်း ကျန်းမာရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Read more

ရုရှားနိုင်ငံ၊ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံ ငွေအဖွဲ့နှင့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုပူးပေါင်း ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုး

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် သည် ရုရှားနိုင်ငံ၊ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ် နှံမှုရန်ပုံငွေအဖွဲ့၏ ညွှန်ကြားရေးမှူး မစ္စတာ အ လက်ဇန်းဒါး ဆာဂီးအဲဗစ်ရှ် ရှာတီရော့ဗ်အား နိုဝင်ဘာ ၈ ရက်(ယနေ့)နံနက် ၈ နာရီက နေပြည်တော် ၌ လက်ခံတွေ့ဆုံခဲ့သည်။

Read more