ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပုသိမ်စက်မှုမြို့တော်ဆိပ် ကမ်းမှ ဆန်တန်ချိန် ၁ သိန်းအထိတင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံမှထွက်ရှိသည့်ဆန်များအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ဆန်တန်ချိန် ၂ သိန်း တင်ပို့ရေး ဆန်ရောင်းဝယ်မှုဆိုင် ရာ G2G စာချုပ်အရ ပုသိမ်စက်မှုမြို့တော်ဆိပ် ကမ်းမှ ဆန်တန်ချိန် ၁ သိန်း တင်ပို့ရန်ဆောင်ရွက်ရှိကြောင်း သိရသည်။ ဆန်တန်ချိန် ၂ သိန်းအနက် တစ်ချို့တစ်ဝက်အား ရန်ကုန်ဆိပ်ကမ်းမှ လည်း တင်ပို့လျက်ရှိပြီး ပုသိမ်စက်မှု မြို့တော်ဆိပ်ကမ်းမှလည်း ဆန်တန်ချိန် ၃ သောင်းမှ ၁ သိန်း အထိ ဒေသတွင်းရှိ စပါးနှင့်ဆန်ပိုလျှံမှုပေါ် မူတည်၍ တင်ပို့ရန် ဆောင်ရွက်လျက်ရှိခြင်းဖြစ်သည်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၄၄) ဦး တွေ့ရှိ

(၁၂-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၃-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၈,၀၉၇) ခုအား စစ်ဆေး ပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၄၄) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၅၄) ရာခိုင်နှုန်း ရှိပါသည်။

Read more

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို အင်ဒိုနီးရှားထံ ကမ္ဘောဒီယား လွှဲပြောင်း

အကြိမ် ၄၀ နှင့် ၄၁ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့ ဥက္ကဋ္ဌ တာဝန်ကို ကမ္ဘောဒီးယားနိုင်ငံက အင်ဒိုနီးရှားနိုင်ငံဆီ လွှဲပြောင်းပေးခဲ့ပြီး ထိပ်သီးအစည်းအဝေး ဟာ နိုဝင်ဘာ ၁၃ ရက်မှာ ပြီးဆုံးခဲ့ပါတယ်။

Read more

အီရန်တွင်ဖြစ်ပွားသည့် ဆန္ဒပြမှုများတွင် လုံခြုံရေးတပ်ဖွဲ့များ၏ ဖြိုခွင်းမှုကြောင့် လူပေါင်း ၃၂၆ ဦးထက်မနည်း သေဆုံးခဲ့

အီရန်တွင် မာဆာ အမ်မီနီအမည်ရှိ လူငယ်အမျိုးသမီးတစ်ဦး ဖမ်းဆီးခံထားရချိန်တွင် သေဆုံးခဲ့မှုနှင့်ပတ်သက်ပြီး နိုင်ငံတစ်ဝန်းတွင်ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများကို လုံခြုံရေးတပ်ဖွဲ့များက ဖြိုခွင်းခဲ့ရာတွင် သေဆုံးသူ ၃၂၆ ဦး ထက်မနည်းရှိခဲ့သည်ဟု အီရန် လူ့အခွင့်အရေးအဖွဲ့က နိုဝင်ဘာ ၁၂ ရက် တွင် အသက်ထုတ်ပြန်ခဲ့သည့် သေဆုံးသူ စာရင်းတွင် ပြောကြားခဲ့သည်။

Read more

ကာတာ ကမ္ဘာ့ဖလား က သူ့အတွက် နောက်ဆုံးဖြစ်နိုင်ကြောင်း နေမာ ပြော

ဒီနှစ် ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲပြီးလို့ နောက်လာမယ့် ကမ္ဘာ့ဖလားမှာ သူ့အနေနဲ့ ဘရာဇီးကို ကိုယ်စားပြုခွင့်ရမလားဆိုတာကို နေမာ က မသေမချာ ဖြစ်နေပါတယ်။

ပီအက်စ်ဂျီ တိုက်စစ်မှူး က ကာတာမှာ သူ့ရဲ့ သုံးကြိမ်မြောက် ကမ္ဘာ့ဖလားမှာ ပါဝင်ကစားမှာဖြစ်ကာ ဘရာဇီး ကို နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ပြန်ပြီး ကမ္ဘာ့ချန်ပီယံဖြစ်အောင် ကူညီဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။

Read more

လာပေါ်တီနှင့် ရိုဒရီ တို့ စပိန်အသင်းတွင်ပါဝင်

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် စပိန်အသင်းရဲ့ အပြီးသတ်လူစာရင်းကို ထုတ်ပြန်ခဲ့ရာမှာ မန်စီးတီးအသင်းက လာပေါ်တီ နဲ့ ရိုဒရီ တို့ ပါဝင်ခဲ့ပါတယ်။ နောက်ခံလူ လာပေါ်တီဟာ စပိန်အသင်းအတွက် ၁၅ ပွဲ ကစားပေးထားသူ ဖြစ်သလို ကွင်းလယ်လူ ရိုဒရီကလည်း ၃၄ ပွဲထိ ပါဝင်ကစားထားတာပါ။ သောကြာနေ့က ထုတ်ပြန်တဲ့ စပိန် အသင်း ရဲ့ ၂၆ ဦးစာရင်းမှာ ဝါရင့်ကစားသမားတွေဖြစ်တဲ့ ဂိုးသမား ဒီဂီယာ၊ နောက်ခံလူ ရာမို့စ် နဲ့ ကွင်းလယ်လူ သီယာဂို တို့ကတော့ ချန်လှပ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Read more

အောင်လအန်ဆန်ပွဲစဉ်ပါဝင်သည့် ONE 163 ပြိုင်ပွဲနှင့် ထီရယ်လ်ထန်ပွဲစဉ်ပါဝင်သည့် ONE 164 ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် တွဲဆိုင်းများကို ONE Championship အတည်ပြုထုတ်ပြန်

ONE Championship အဖွဲ့ အစည်းသည် မြန်မာ MMA ဖိုက်တာများဖြစ်သည့် အောင်လအန်ဆန်ပွဲစဉ်ပါဝင်သည့် ONE 163 ပြိုင်ပွဲနှင့် ထီရယ်လ်ထန်ပွဲစဉ်ပါဝင်သည့် ONE 164 ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် တွဲဆိုင်းများကို အတည်ပြုထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရသည်။

Read more

တရုတ် သိပ္ပံပညာရှင်တွေက လက်ရှိ စူပါ ကွန်ပြူတာတွေထက် အဆ ၆၀,၀၀၀ ပိုမြန်တဲ့ Quantum Processor ကို ဖန်တီး

သမားရိုးကျ စူပါ ကွန်ပြူတာတွေထက် စွမ်းရည် ပိုကောင်းတဲ့ Quantum ကွန်ပြူတာတွေကို ကမ္ဘာအဝန်းက သိပ္ပံပညာရှင်တွေက အပြိုင်အဆိုင် ဖန်တီးနေကြပါတယ်။ Quantum ကွန်ပြူတာတွေဟာ စူပါ ကွန်ပြူတာတွေထက် စွမ်းရည် ပိုမြင့်မားသလို ဖန်တီးရတာ စိန်ခေါ်မှုများစွာ ရှိနေပါတယ်။

Read more

ပန်းသီးအများကြီးစားလွန်းခြင်းရဲ့ဖြစ်နိုင်ချေများတဲ့ဘေးထွက်ဆိုးကျိုးများ

သစ်သီးတွေထဲမှာ ပန်းသီးကလည်း ဗီတာမင်စီ၊ အမျှင်ဓာတ်နဲ့ ပိုတတ်စီယမ်ဓာတ်အပါအဝင် အာဟာရဓာတ်တွေ ကြွယ်ဝတဲ့အတွက် ကျန်းမာရေးနဲ့ညီညွှတ်ပါတယ်။ ကျွန်တော်တို့ရဲ့ကျန်းမာရေးကို အထောက်အကူပြုနေပေမဲ့ ပန်းသီးအစားများရရင်တော့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်ပါတယ်။ ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ချေရှိလဲဆိုတာ သိရဖို့အတွက် ဖော်ပြပေးလိုက်ရပါတယ်။

အစာခြေပြဿနာ

Read more

ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ပါတီအားဝန်းရံသူများ တွေ့ဆုံ

ပဲခူး

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ ပါတီအားဝန်းရံထောက်ခံအားပေးသူ ပါတီအကြီးအကဲများနှင့်တွေ့ဆုံဆွေးနွေးပွဲအား နိုဝင်ဘာလ ၁၀ ရက်နေ့ မွန်းလွှဲပိုင်းက မြို့နယ်ပါတီရုံးအစည်းအဝေးခမ်းမတွင် တွေ့ဆုံခဲ့သည်။

Read more